ရန်ကုန် ဖေဖော်ဝါရီ ၂၇
ရန်ကုန် အရှေ့ပိုင်း ခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ရဲစခန်းမှ ဒုတိယ ရဲအုပ် မင်းမင်းစိုး၊ ဒုတိယ ရဲအုပ် လှနိုင်ကိုနှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၂၅ ရက်ည ၉ နာရီခွဲက အမှတ်(၄၇) ရပ်ကွက် ဗန္ဓုလ လမ်းဘေး၌ ဆင်ဆာမဲ့ ခွေများကို ရောင်းချ နေကြောင်း သတင်းအရ ရှာဖွေ စစ်ဆေးခဲ့ရာ ဗဟန်းမြို့နယ် ဆရာစံ ရပ်ကွက်တွင် နေသူ ဝေမင်းသူ ၂၆ နှစ်(ဘ) ဦးလှဝင်းအား ဖမ်းဆီး အရေး ယူခဲ့သည်။
အဆိုပါ တရားမဝင် ဆင်ဆာမဲ့ အခွေများမှာ နိုင်ငံခြား ဆင်ဆာမဲ့ သီချင်းခွေများ၊ ကိုရီးယား ဇာတ်လမ်းတွ DVD များ၊ နိုင်ငံခြား ဇာတ်လမ်း ခွေများနှင့် ဆင်ဆာမဲ့ အခွေများ ထုတ်လုပ်ရာတွင် အသုံးပြုသော ပစ္စည်းများကိုသိမ်းဆည်း ရမိခဲ့သည်။
ယင်းနောက် တရားမဝင် ခွေများ ဖြန့်ချိ ကူးယူ ရောင်းချနေသူ ဝေမင်းသူအား ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ရဲစခန်းမှ (ပ)-၁၄၂/၁၃ ဗီဒီယို အက်ဥပဒေပုဒ်မ (၃၂)က(၃၂)ခ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ
Time in Rangoon


0 comments:
Post a Comment