Sunday, March 03, 2013

ငါးဖမ်းစက်လှေတွင်ရောင်းစားခံထားရသူအချို့အား ပူးပေါင်းအဖွဲ့ကကယ်ထုတ်

Posted by drmyochit Sunday, March 03, 2013, under | No comments

ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၂၃ခန့် အကွာတွင် ရှိသော ပင်လယ်အပန်းဖြေ ချအမ်မြို့ရှိချိုစလီနာဝါ (3175 01141) ၂စီတွဲ ငါးဖမ်းလှေ တွင် ရောင်းစားခံထားရ သည့် မြန်မာ အလုပ်သမား အချို့တို့ကို ပူးပေါင်း အဖွဲ့တို့က ကယ် ထုတ်နိုင်ခဲ့သည်။ 

အလုပ်သမား ၁၄ ဦးအနက် ၅ဦးမှာ မိမိသဘောဖြင့် အလုပ် လုပ်နေကြသူများဖြစ်ပြီး ကျန်၉ဦးတို့မှာ ရောင်းစား ခံထားရသူများဖြစ်ကြသည်။ ၎င်းတို့သည် ငါးဖမ်းလှေပေါ်တွင် အနည်း ဆုံး လေးလမှ ၉လ အတွင်း အလုပ်လုပ်နေကြရသည့် အလုပ်သမားများဖြစ်ကြသည်။

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ချင်းငုတ်အုပ်စု ရေဖြူကျေးရွာမှ အသက် ၃၅ နှစ် 
အရွယ် ကိုမင်းမင်း ဆိုသူသည် ရန်ကုန်မြို့တွင် နိုင်ငံကူးလက်မှတ်လုပ်ထားပြီးမှ ပြည်ပကိုအလုပ်လုပ် 
ရန် အတွက် ထွက်ခွာရန် စောင့်နေစဉ် မိမိတို့ရွာတွင် အိမ်ထောင်ကျနေသည့် မွန်ပြည်နယ်၊ရေးမြို့နယ်၊ နင်းစုံကျေး ရွာမှ မနောင်ရိုး ဖြင့် အဆက်အသွယ်ပြုခဲ့သည်။ တရွာတည်းသားများဖြစ်ကြသော ကိုမင်းမင်း၊ 
ရန်ပိုင်နှင့် စိုးခိုင်တို့ အား မနောင်ရိုး ၏ မိခင် ဒေါ်သန်းဝေ မှတစ်ဆင့် ဘုရားသုံးဆူမြို့ကြံတောရပ်ကွက်မှ 
မ၀င်းဆိုသည့် ပွဲစားအမျိုးသမီး ထံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ကိုမင်းမင်း ကပြောသည်။

ကိုမင်းမင်း က“ ကျနော် နိုင်ငံခြားသွားဖို့ ပတ်စပို့ လုပ်လိုက် တာ အကြွေး တင်သွားတယ်။ မိဘတွေ စကားနား မထောင် ခဲ့ဘူး။ စိတ်စောပြီးတော့ ပွဲစား နဲ့ ဆက်သွယ် လိုက်တာ။ ပွဲစားပြောတာကိုယုံပြီး လိုက် လာလိုက်တာ လှေပေါ်ရောက်မှ ရောင်း စားခံရ မှန်းသိတော့ တယ်။ ကျနော် ထွက်ပြေး မယ်လုပ်လို့ ကျနော့်ကို ပိုက် ဆရာက ခြေထောက် ကို သံကြိုးနဲ့ တစ်ခါ သော့ခပ် ထားခဲ့တယ်။ အခြားလူတွေက အရက် သောက် လိုက် 
စိတ်ကြွဆေး ရှုလိုက်နဲ့ ပျော်နေကြပေမယ့် ကျနော်က အရက်လည်းမသောက် သူတို့လိုလည်း မလုပ်တော့ 
ကျနော့်ကို အမြဲ စောင့်ကြည့်နေကြတယ်” ဟုပြောသည်။ 

ယခု အလုပ် သမားများ အား သွားရောက် ကယ်ထုတ် ခဲ့သည့် ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ ကျနော့်ကို ကိုမင်းမင်း ကအယင် လ 
ကတည်းက ဆက်သွယ် အကူ ညီတောင်းခံ ထားပါတယ်။ ရရှိတဲ့ သတင်း အချက် အလက်တွေကို ကျနော် တို့ ပူးပေါင်းဆောင် ရွက်ကြတဲ့ အဖွဲ့တွေဖြစ်တဲ့ UNIAP,DSIပညာရေး ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED နဲ့ ဘန်ကောက် မြန်မာသံရုံးက အလုပ်သမားညွှန်ကြားရေးမှူး ဦးနိုင်ထွန်း တို့ကို တင်ပြတယ်။ အကူညီ 
တောင်းခံခဲ့တယ်။ အယင် လှေဝင်လာတဲ့အပတ်မှာ ထိုင်းဘက် အခြမ်းက အဆင်သင့်မဖြစ်သေး တာကြောင့် ကျနော်တို့ မကယ်တင်နိုင်ခဲ့ဘူး။ မနေ့က မနက် ၉နာရီလောက်မှာ ကိုမင်းမင်းက သူတို့ သတ်မှတ်ရက်ထက် ကြိုဝင်လာတယ်လို့ လှမ်းပြောတော့ ကျနော်တို့ DSI နဲ့ ဦးနိုင်ထွန်း တို့ ကူညီပံ့ပိုး မှုနဲ့  အချိန်မီ သွားရောက် ကယ်တင်နိုင် ခဲ့ပါ တယ်” ဟုပြောသည်။

ပတ်စပို့နှင့် နေထိုင်အလုပ်လုပ်ကိုင်ခွင့် ဘတ်ရှိသည့် အလုပ်သမား ၅ဦး တို့မှာ ၎င်းလှေတွင် ဆက် 
လက်အလုပ်နေကြဦးမည်သည်။ ကျန်အလုပ်သမားများမှာ လူကုန်ကူးခံရသူများကို စောင့်ရှောက်ထားသည့် 
ပထုန်ဌာနီ ကယ်ဆယ်ရေးစခန်းသို့ ပို့ဆောင်မည်ဖြစ်ပြီး မွန်အမျိုးသားပဲနင်းနှင့်ပိုက်ဆရာတို့ကို မူ လူကုန်ကူးမှုတိုက်ဖျက်ရေး ဌာနသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ချအမ် ရဲစခန်းရဲအရာရှိကြီးက ပြောသည်။ 

ယခု ကယ်တင်မှုမှာ MAT အဖွဲ့၏ ၂၀၁၃ နှစ်အတွက် ဒုတိယမြောက် လူကုန်ကူးမှုဖြစ်ကြောင်းသိရှိရသည်။

Myanmar Daily News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်