Sunday, March 03, 2013

ဆွမ်းကိစ္စ စကားများရာမှ ကျောင်းထိုင်ဆရာတော်ကို ပေါက်တူးဖြင့် ခုတ်သတ်

Posted by drmyochit Sunday, March 03, 2013, under | No comments

မိုးကောင်း ဖေဖေါ်ဝါရီ ၂ရ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ၊ကြာအင်းရွာ လေးကျွန်း ရန်အောင်ကျောင်းတွင် သီတင်းသုံးနေ သော ကြာအင်း ဆရာတော် ဦးပညာသာရ ကို အဆိုပါကျောင်း တွင် ကိုရင်ကြီး ဝတ်နေသူ ဦးသိန်း ထွန်းကဖေဖေါ် ဝါရီ ၂၆ ရက်နေ့ နံနက် ( ၄) နာရီ ခန့် တွင် အာရုံဆွမ်း ချက်သည့် ကိစ္စစကား များရာမှ ပေါက်တူးဖြင့် ခုတ်သတ်ခဲ့ကြောင်း မိုးကောင်း ရဲစခန်း ထံမှစုံစမ်းသိရှိရသည်။

သက်တော် (၆၃) နှစ်နှင့် ဝါတော် ( ၂၀ ) နှစ်ရှိ ဆရာတော် ဦးပညာသာရမှာ ဦးခေါင်းတွင် ၃ ချက်၊ မေးစေ့တွင် တစ်ချက် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ပြီး ဆေးရုံအရောက်နံနက်၆း နာရီ ၄၀ မိနစ်ီတွင် ပျံလွန်တော်မူခဲ့ကြောင်း၊ပေါက်တူးဖြင့်ခုတ်သူဦးသိန်းထွန်းမှာအဆိုပါ လေးကျွန်းရန်အောင် ကျောင်းတွင် ကိုရင်ကြီးဝတ်နေသည်မှာ ၄ ရက်ခန့်သာရှိသေးကြောင်း မိုးကောင်းမြို့နယ်ရဲစခန်းမှူး ကပြောကြားသည်။

thithtoolwinblog

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်