Sunday, March 03, 2013

ဂျော်ဒန်ကဆန္ဒပြ မြန်မာအလုပ်သမားတွေ ထိုးကြိတ် ရိုက်နှက်ခံရ

Posted by drmyochit Sunday, March 03, 2013, under | No comments


ဂျော်ဒန်နိုင်ငံ၊ အာမန်မြို့တော်အနီး CMJ စက်ရုံက ဆန္ဒပြနေတဲ့ မြန်မာ အလုပ် သမားတွေကို အလုပ် သမား ကြီးကြပ်ရေး မှူးတွေနဲ့ ဂျော်ဒန် နိုင်ငံသား တချို့က ဒီနေ့ အကြမ်းဖက် တိုက်ခိုက်တဲ့ အတွက် မြန်မာ အမျိုး သမီး ၄ ဦး ဒဏ်ရာ ရသွား တယ်လို့  သတင်း ရရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဆန္ဒပြမြန်မာ အလုပ် သမား တဦးဖြစ်တဲ့ ကိုထွန်းထွန်းစိုးက RFA ကို အခုလိုပြော ပါတယ်။


“ဒီကနေ့ မနက်က တရုတ်တွေ supervisor တွေ အများကြီး လာပါတယ်၊ ဒီနိုင်ငံ သားတွေ လာပြီးတော့ မိန်းကလေးတွေ ကို ရိုက်ပါတယ်၊ အလုပ် မဆင်း တာကို ရိုက်ပါတယ်၊ လက်သီးတွေနဲ့ ထိုးပါတယ်၊ နှုတ်ခမ်းတွေ မျက်လုံး ထိခိုက်မှုတွေ ခြေထောက် နည်းနည်း နာသွားတာတွေရှိပါတယ်၊ မြန်မာ ၁ ထောင့် ၃ ရာကျော် ရဲစခန်းကို သွားတိုင်ပါတယ်၊ ရဲစခန်းကို သွားတိုင်ပြီး ပြန်လာတာပါ၊ ဆန္ဒကအခုပြတုန်းပါပဲ၊ တစ်ယောက်မှ အလုပ်မဆင်းပါဘူး၊ မနေ့က ကြေညာချက် သူတို့လိုက်ကတ်တာက အလုပ်ဆင်း ခိုင်းတာ ပါပဲ၊ ကျနော်တို့ကတော့ အလုပ်မဆင်းဘူး၊ အလုပ်အေဂျင်စီက နှစ်ယောက်ကတော့ လုံးဝပျောက်နေ ပါတယ်၊ လုံးဝရှာမတွေ့ပါဘူး၊ ကျနော်တို့က အလုပ်သမားရုံးတွေမှာ ငြိမ်သက်စွာ လမ်းလျှောက်ပြီးတော့ ဆန္ဒပြကြ ပါတယ်၊ ကျနော်တို့မြန်မာတွေ အကုန်လုံးပြန်ပို့ရင် ပြန်လာကြမှာပဲ”

အခုလိုအကြမ်းဖက် တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့  ရဲစခန်းမှာ သွားပြီးတိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဂျော်ဒန်နိုင်ငံ က CMJ စက်ရုံမှာ ဆန္ဒပြနေတဲ့ မြန်မာအလုပ်သမား ၁ ထောင့် ၃ ရာကျော် ရှိနေပြီး၊ သူတို့ အားလုံး အလုပ်မဆင်းပဲနေတာ ၂ ပတ်ကျော်နေပြီဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံက သတင်းမီဒီယာတချို့မှာ သူတို့ကိစ္စနဲ့ ပတ်သက်လို့ မှားယွင်းဖေါ်ပြနေတယ်လို့ အလုပ် သမားတဦးကပြောပါတယ်။

“မန္တလေး FM က အယောက် ၃၀ ကျော်ပဲ ဆန္ဒပြတယ်လို့ သူတို့ပြောတာပါ၊ တကယ်တော့ အယောက် ၃၀ ကျော် မဟုတ်ပါဘူး၊ အယောက် ၁၀၃၀ ကျော်ပါ၊ တော်တော်လေးဒုက္ခရောက်နေတာပါ၊ ပြီးတော့ ဌာနဆိုင် ရာအသီးသီးကို အကြောင်းကြားထားပါတယ်၊ အဲဒါဘယ်သူမှ ကူညီမယ့်သူလဲ မလာသေးပါဘူး၊ အိမ်ပြန်မယ် ဆိုတော့လဲ သူတို့ကဘာမှလုပ်ဆောင်မပေးပါဘူး”

ဆက်ပြီးမလုပ်လိုတော့တဲ့ အလုပ်သမားတွေ ပြန်မယ်ဆိုရင် စီစဉ်ပေးမယ်လို့ အလုပ်ရှင်ဘက်က ပြောတယ် ဆိုတဲ့ သတင်းကလဲ မှားယွင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

မနေ့ကတော့ စက်ရုံကနေ ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထဲမှာ အစားအသောက် ကောင်းကောင်း မွန်မွန် စီစဉ်ပေးမယ်ဆိုတာနဲ့  မြန်မာအလုပ်သမားတွေထဲက သင့်တော်တဲ့သူတွေကို အလုပ် သမားခေါင်းဆောင် ခန့်အပ်မယ်ဆိုတာပါဝင်ပြီး၊ လစာတိုးတောင်းထားတဲ့ကိစ္စနဲ့ ပတ်သက်လို့တော့ ဘာမှဖေါ်ပြ ထားတာမတွေ့ရပါဘူး။ ဒါကြောင့် မြန်မာအလုပ်သမားအားလုံး တညီတညွှတ်တည်း ဆက်လက်ဆန္ဒပြနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

RFA

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်