Sunday, March 03, 2013

အမွှာအစ်မကို သတ်ဖြတ်ခဲ့သူအားလက်ထပ်ခဲ့သူ

Posted by drmyochit Sunday, March 03, 2013, under | No comments


အာဂျင် တီးနားနိုင်ငံတောင်ပိုင်း ပီကိုထရန် ကာဒိုမြို့ တွင်နေ ထိုင်သည့် အသက် ၂၂ နှစ်အ ရွယ် ရှိ အီဒစ်ကာ ဆပ်စ်သည် သူမ၏ အမွှာအစ် မဖြစ်သူ အားသတ်ဖြတ်ခဲ့ သည့် ဗစ်တာစင်ဂို လာနီအား ချစ်သူ များနေ့တွင်လက် ထပ်ခဲ့သည်။

ထိုလက် ထပ်ပွဲသို့ အီဒစ်၏ မိသားစုဝင် မည်သူ တစ်ဦးတစ် ယောက်မျှ တက်ရောက်ခြင်း မရှိ ခဲ့ပေ။ လူ ၂၀ ခန့်ရှိ အုပ်စု တစ်စု ကမူ သတို့သားအား ကျောက်ခဲ များ၊ ကြက်ဥများဖြင့်ပစ်ပေါက် ခဲ့ကြသည်။ သတို့ သား ဗစ်တာ သည် သတို့သမီး အီဒစ်၏ အမွှာ အစ်မဖြစ်သူ ဖက်ရှင်မော်ဒယ် ဂျိုဟန်နာအား သတ်ဖြတ်ခဲ့ မှုဖြင့် ထောင်ဒဏ် ၁၃ နှစ်ကျ ခံနေရ သူဖြစ်သည်။ ဂျိုဟန်နာသည် ၂၀၁၀ ခုနှစ်၊ ဇူလိုင်လအတွင်း သူမ၏ အသက် ၂၀ ပြည့်မွေးနေ့ မတိုင်မီကလေးတွင် သတ်ဖြတ်ခံ ခဲ့ရခြင်းဖြစ်သည်။


ဗစ်တာသည် လက်ထပ်ပွဲ သို့ တစ်ရက်တာခွင့်ရက်ဖြင့် လာရောက်လက်ထပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းင်းအား အကျဉ်းထောင် အစောင့် များနှင့် အဓိကရုဏ်း ရဲများက အစောင့် အရှောက် အဖြစ်လိုက်ပါ စောင့်ကြပ်ပေး ခဲ့ကြသည်။

၎င်းင်းတို့၏လက်ထပ်ပွဲအား ယမန်နှစ်ဒီဇင်ဘာလကကျင်းပရန် အစီအစဉ်ရှိခဲ့သော်လည်းအီဒစ်၏ မိခင်ဖြစ် သူက အီဒစ်အား စိတ် ကျန်းမာရေးစစ်ဆေးပေးရန် တောင်းဆိုခဲ့သဖြင့် တရားသူ ကြီးတစ်ဦးက လက်ထပ် ပွဲအား ဆိုင်းငံ့ထားစေခဲ့ခြင်း ဖြစ်သည်။ သို့သော် အီဒစ်၌ စိတ်ကစဉ့် ကလျားဖြစ်မှုလက္ခဏာ မတွေ့ရှိ ရသဖြင့် တရားသူကြီး မာစီလီနာ အော်ရေလာနာ က လက်ထပ်ပွဲ အားခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အီဒစ်၏ဖခင်ဖြစ်သူကမူ စိတ်မသက်မသာဖြစ်နေပြီး ၎င်းအတွက် သမီးနှစ်ဦးလုံး သေဆုံး သွားပြီဖြစ်ကြောင်း၊ တစ်ဦးမှာ ဘုရားသခင်နှင့်အတူ ရှိနေပြီးနောက်တစ်ဦးမှာ မကောင်းဆိုးဝါးနှင့် အတူရှိနေ ကြောင်းပြောကြားလိုက်သည်။

အီဒစ်ကမူ ဂျိုဟန်နာအား ဗစ်တာသတ်ဖြတ်ခဲ့သည်ဟု မယုံကြည်ပေ။ ဂျိုဟန်နာသည် ဦးခေါင်းတွင် သေနတ်ဖြင့် ၂ ချက်ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး သူမ၏ရုပ်အလောင်းအား မြို့စွန် တွင်တွေ့ရှိရကာ တရားရုံး က သူမ၏ ချစ်သူဟောင်း ဗစ်တာ သည် သူမအား သတ်ဖြတ် ရာတွင် ပူးပေါင်းကြံ စည် သူ အဖြစ်တွေ့ရှိရ သဖြင့် ယမန်နှစ်က ပြစ်ဒဏ်ချ မှတ်ခဲ့ခြင်းဖြစ်သည်။ ဗစ်တာကမူ ၎င်းင်းတွင်အပြစ်မရှိကြောင်းလျှောက် လဲခဲ့ သည်။ ဂျိုဟန်နာသေဆုံး ချိန်တွင် သူမနှင့်တစ်အိမ်တည်း အတူနေထိုင်သူ မာကိုဒီယာ့ဇ်ကို လည်း လူသတ် မှုဖြင့်စွဲ ချက်တင် ထားပြီးအမှုအား မေလတွင်စစ် ဆေးမည်ဖြစ်သည်။

ဥက္ကာအာင်
Source: AFP
The Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်