Wednesday, April 10, 2013

ပုန်းထွန်ချောင်းမှာ အရက်မူးပြီး ဒိုင်ဗင်ထိုးချမှုကြောင့် နဖူးကွဲကာ လူတစ်ဦး ရေနစ်သေဆုံး

Posted by drmyochit Wednesday, April 10, 2013, under | No comments

ဧပြီလ(၈)ရက်နေ့ နေ့လည်(၁)နာရီခန့်က တာချီလိတ်မြို့မှာ သင်္ကြန် ကာလ အတွင်း ရေက စားနေကြ နေ ရာဖြစ်တဲ့ ပုန်းထွန်ချောင်းမှာ လူတစ်ဦး ရေနစ်သေဆုံးကြောင်း သိရပါတယ်။

သေဆုံးသူသည် အသက်(၂၈)နှစ်အရွယ် မျိုးကျော်သူ(ခ)ရာဇာ ဖြစ်ကြောင်း သိရပြီး ၎င်းအနေဖြင့် အရက် မူးကာ ကျောက်ဆောင်ပေါ်မှ ရေထဲသို့ ဒိုင်ဗင်ထိုးအချ ရေထဲမှ ကျောက်တုံးနှင့် နဖူးသွားရိုက်မိပြီး နဖူးကွဲ သွားကာ ရေထဲမှာပဲ သတိ လစ်ပြီး ရေစီးကြောင်း အတိုင်း မျှောပါရင်း ရေမွမ်းသေ ဆုံးသွား ဟန် ရှိကြောင်း ချောင်း အတွင်းရေထဲမှာ နဖူးကွဲသွားပြီး သတိလစ်သွားကာ ရေစီးကြောင်းအတိုင်း ပါသွား ခဲ့တာကြောင့် ဖြစ်ဖြစ်ချင်းမှာ ချောင်းအတွင်းရှိလုံခြုံရေး တာဝန်ရှိသူများက ရေထဲသို့ ဆင်း၍ ရှာဖွေသော် ည်း တော်တော်နှင့် မတွေ့ရပဲ (၂၄) နာရီခန့်ကြာပြီးနောက် ယနေ့ နေ့လည်(၁) နာရီဝန်း ကျင်မှာ သေဆုံး သူရဲ့ အလောင်းကို အဆိုပါချောင်းအတွင်းမှ ပြန်လည် ရှာဖွေတွေ့ရှိကာ ဆယ် ယူနိုင် ခဲ့ကြ တာဖြစ်ကြောင်း သိရပါတယ်။

ယခု သေဆုံး သွားတဲ့နေ ရာဟာ ပြီးခဲ့သော ၂၀၁၂ခုနှစ် ဧပြီ (၁၃)ရက်နေ့က ကလေးလေး တစ်ယောက် ရေ နစ်မျှော ပါသေ ဆုံး သွားတဲ့ နေရာရဲ့ အနီးအနားမှာဖြစ်ကြောင်း သိရပါ တယ်။ ရေနစ်သေဆုံးသူကို ရှာဖွေတွေ့ရှိပြီးနောက် ဆေးရုံသို့ သယ်ယူသွားကာ ရင်ခွဲ စစ်ဆေးခြင်း များပြု လုပ်ပြီး သေဆုံးသူရဲ့ နာရေးကိစ္စကို တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ကူညီဆောင် ရွက်ပေး မှာဖြစ်ပြီး နက်ဖြန်မှာ သင်္ဂြိုဟ်မှာ ဖြစ်ကြောင်းသိရပါတယ်။

Tachileik Online News




0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်