Wednesday, April 10, 2013

ချင်းမိုင် သင်္ကြန်ပျော်မယ့် ရွှေမြန်မာများ သတိပြု

Posted by drmyochit Wednesday, April 10, 2013, under | No comments


ကျုံးထောင့်က သတိပေးစာ (စာလုံးပေါင်းတော့ နည်းနည်း မှားမယ်) (ဓာတ်ပုံ - ငြိမ်းဇော် / ဧရာဝတီ)

ကျုံးထောင့်က သတိပေးစာ (စာလုံးပေါင်းတော့ နည်းနည်း မှားမယ်) - (ဓာတ်ပုံ - ငြိမ်းဇော် / ဧရာဝတီ)

ကျုံးထောင့်က ထိုင်း / မြန်မာ သတိပေးစာ (ဓာတ်ပုံ - ငြိမ်းဇော် / ဧရာဝတီ)
 ဝပ်ဆိုင်းမွန်း မြန်မာ ဘုန်ကြီးကျောင်းမှာ သင်္ကြန်အတွက် ပြင်ဆင်နေမှု (ဓာတ်ပုံ - ငြိမ်းဇော် / ဧရာဝတီ

ချင်းမိုင် မြို့တော်ဝန် ဖိတ်ထားလို့ မြန်မာ မိန်းမပျိုလေးတွေ သင်္ကြန်အက တိုက်နေပြီ (ဓာတ်ပုံ - ငြိမ်းဇော် / ဓာတ်ပုံ)

ချင်းမိုင်းမှာ မြန်မာ သင်္ကြန်သီချင်းသံတွေ ကြားရမယ် (ဓာတ်ပုံ - ငြိမ်းဇော် / ဧရာဝတီ)

သင်္ကြန်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အပြတ်နွှဲမယ်လို့ အားခဲထားတဲ့ မြန်မာပြည်သားတွေအတွက် မြို့တွင်း ပတ်လည် ကျူံးထောင့်တွေမှာ မြန်မာဘာသာနဲ့ ဒီလို ကြေညာချက် ရေးထားတယ်နော်။ အရင်နှစ်တွေက ထိုင်း လိုပဲ ရေးထားတော့ ကိုယ့်နဲ့ မဆိုင်သလိုလိုပဲ ... ဖတ်မှ မဖတ်တတ်တာ ... မဟုတ်ဘူးလား။ ဒီနှစ်တော့ ထိုင်း၊ အင်္ဂလိပ်၊ မြန်မာ၊ တရုတ် လေးဘာသာနဲ့ ရေးထားတယ်။

မြန်မာစာရေးဖို့ကို သက်ဆိုင်ရာ တာဝန်ရှိ သူတွေက ချင်းမိုင်ရှိ ဝပ်ဆိုင်းမွန်း မြန်မာ ဘုန်းကြီးကျောင်းကို အကူ အညီ တောင်းလာတယ်။ မြန်မာနိုင်ငံသား အများစုကတော့ မိခင်မြန်မာစာကို မြင်ရ၊ ဖတ်ခွင့်ရ တဲ့အပေါ် ဂုဏ်ယူနေကြ သလို တချို့ကတော့ မြန်မာနိုင်ငံသားတွေ အပျော်လွန်ပြီး ပြဿနာ မတက်ဖို့ကို သတိပေး တာ အချင်းချင်း လက်တို့ကြပါတယ်။

ဒါပေမယ့် သတိပေး ပိုစတာတွေကို သေချာဖတ်ကြည့်လိုက်တော့ စာလုံးပေါင်းက မှား၊ အကျ အပေါက် ကလည်း ရှိနေတာ တွေ့ရတာမို့ စစ်စစ်ပေါက်ပေါက် ကြည့်သူတွေကတော့ ဝေဖန်ကြမှာ အသေအချာပါပဲ။

“ဘာကြောင့် မြန်မာလိုရေးလဲ” ဆိုတော့ နှစ်စဉ်နှစ်တိုင်း သင်္ကြန်ပွဲတော်ကို ဆင်နွှဲတဲ့ သူတွေထဲမှာ မြန်မာနိုင် ငံသားတွေ များသည်ထက် များလာတယ်လို့ ဆိုတယ်။

လက်ရှိ ချင်းမိုင်မြို့တော်ဝန် တက်လာပြီးကတည်းက သင်္ကြန်ရောက်လာရင် မြန်မာ့ယဉ်ကျေးမှု သင်္ကြန် အက ကိုပါ ထည့်သွင်းခဲ့တာ ဒီနှစ်ပါဆိုရင် ၃ နှစ်ဆက်တိုက် ရှိသွားပြီ။ ဒီနှစ်အတွက်လည်း ဖိတ်ကြား ခံရတော့ ချင်းမိုင်ရောက် မြန်မာသင်္ကြန်မယ်တွေ အလုပ်သိမ်းတာနဲ့ ဝပ်ဆိုင်းဘုန်းကြီးကျောင်းမှာ သင်္ကြန် အက တိုက်နေကြပြီ ဖြစ်ပါကြောင်း။

ငြိမ်းဇော်
From: Irrawaddy

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်