Wednesday, April 10, 2013

ဦးကျော်သူ၏မြေ ငပလီတွင် အသိမ်းခံထားရမှု အခြားမြေရှင်များနှင့် ပူးတွဲအရေးဆိုမည်

Posted by drmyochit Wednesday, April 10, 2013, under | No comments

ရန်ကုန်၊ ဧပြီ ၉

နာရေး ကူညီမှု အသင်း ဥက္ကဋ္ဌ  ဦးကျော် သူက ငပလီ ကမ်းခြေမှ ၄င်း ပိုင်မြေ များအား တပ်မြေ အဖြစ် သိမ်း ခဲ့သော်လည်း ဟိုတယ် များအတွက် ငှား ရမ်းထား၍ ပြန်လည် ရရှိရန် တင်ပြသွား မည်ဟု ပြောဆို လိုက် သည်။

သံတွဲမြို့နယ်၊ ငပလီကမ်းခြေ (ဇီးဖြူ ကုန်းကျေးရွာ)မှ ဦးကျော်သူပိုင်မြေအပါအ ဝင် ဒေသခံများ၏ မြေ ၃၅ ဒသမ ၅၃ ဧက ကို အမှတ်(၅၅) ခြေလျင် တပ်ရင်းမှ တပ်မြေ တိုးချဲ့ရန် ၂ဝဝဝ ပြည့်နှစ်က သိမ်း ဆည်းခဲ့ ကြောင်း၊ သို့သော် အဆိုပါမြေများတွင် တပ်မြေအဖြစ် တိုးချဲ့မှုမပြုဘဲ ဟိုတယ်များ သို့ ငှား ထားသောကြောင့် ပြန်လည်ရရှိရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တင်ပြသွား မည်ဖြစ်ကြောင်း ဦးကျော် သူက ပြောသည်။

အဆိုပါကျေးရွာတွင် အုန်းခြံလုပ်ငန်း၊ ဘန်ဂလိုအငှားလုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး ၂ဝဝဝ ပြည့် နှစ်ဇူလိုင် ၂၅ ရက်တွင် သိမ်း ဆည်းကြောင်းထုတ်ြ ပန်ခဲ့ကာ ဇူလိုင် ၃၁ ရက်တွင် ဖယ်ပေးခဲ့ရကြောင်း၊ အစားထိုးမြေ အဖြစ် ဇီးဖြူကုန်းရွာအနောက်ဘက် လယ်ကွင်းများတွင် ပေ ၄ဝ x ၆ဝ ကွက်ပြန်ေ ပး သော်လည်း မယူ ခဲ့ကြောင်း မြေ ၆ ဧကသိမ်း ဆည်းခံရသူတစ်ဦးဖြစ်သည့် ဒေါ်လှလှမြင့်က ပြောသည်။

လက်ရှိတွင် အဆိုပါမြေများ၌ ဟိုတယ် များဆောက်လုပ်ထားပြီး အချို့ ဟိုတယ်စီမံ ကိန်းများလည်း စတင်နေပြီဖြစ်ကြောင်း ဒေ သခံတစ်ဦးဖြစ် သည့် ဒေါ်ခင်ခင်ဆုကလည်း ပြောသည်။ ”ကျွန်တော် တို့က အောင်ချမ်း သာဘန်ဂ လိုဆိုပြီးလုပ်ထားတာ။ အဲဒီနေရာမှာ ခုတော့ Amazing Hotel
ဆိုပြီး လုပ်တယ်။ အရင် တုန်းကတော့ ပြောခွင့်မသာလို့ မပြောခဲ့ကြ ဘူး။ အခုတော့စုံစမ်းရေးကော်မရှင်ကို တင် ပြီးဆက် လုပ်သွားမယ်” ဟု

ဦးကျော် သူက ပြောသည်။သိမ်းဆည်းခဲ့သည့် နှစ်မှစ၍ ကမ်းခြေမှ သဲများ ကျောက်များကို အာဏာပိုင် များက ထုတ်ယူရောင်းစားခဲ့သောကြောင့် အဆိုပါနေ ရာတစ်ဝိုက်တွင် ရေတိုက်စားမှုကြောင့် အုန်း ပင်များ လဲ ကာ ကမ်းခြေပျက်စီးနေပြီဟု ဒေသ ခံတစ်ဦးဖြစ်သည့် ဦးဝင်းလွင်က ပြော သည်။”မိရိုးဖလာ အစဉ် အဆက် လုပ်ကိုင်ခဲ့တဲ့ ဘန်ဂလိုလုပ်ငန်း အုန်းခြံလုပ်ငန်းတွေကဖယ် ပေးခဲ့ရတော့ မိသားစုတွေ အားလုံး ဒုက္ခရောက် ခဲ့ကြ တယ်။ စုံစမ်းစစ်ဆေး ရေးကော်မရှင်က အမြန်ဆုံးစစ်ဆေး ဆောင်ရွက်ပေးစေချင်ပါ တယ်”ဟု ဒေါ်လှလှမြင့်က ပြောသည်။

အဆိုပါမြေများတွင် လက်ရှိ ဟိုတယ် လုပ်ငန်းလုပ်ဆောင်ရန် စီစဉ်နေသည့် Max ကုမ္ပဏီများအုပ်စုသို့ ဆက် သွယ်မေးမြန်း ရာ ၄င်းတို့သို့ တပ် မတော်က အငှားချထားခြင်း ဖြစ်ကြောင်း၊ လွန်ခဲ့သည့်ငါး နှစ်ခန့်မှစ၍အ ငှားချ ထားခြင်းဖြစ်ပြီး  နှစ်စဉ်ငှားရမ်းခပေးသွင်းရကြောင်း တာဝန်ရှိသူ တစ်ဦးက ဖြေ ကြားသည်။အဆိုပါ ၃၅ ဒသမ ၅၃ ဧကတွင် အိမ် ထောင်စု ၅၇ စုရှိပြီး အိမ်ခြေ၊ ဘန်ဂလို အပါအဝင် ၁ဝဝ ကျော် ဖျက်ပေး ခဲ့ရကြောင်း၊ လူဦးရေ ၂ဝဝ ကျော်နေထိုင်ခဲ့ကြောင်း ဒေ သခံများထံမှ သိရသည်။

မေဇင်ဝင်း၊ မင်းသုအောင်
From: Popular Myanmar News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်