Wednesday, April 10, 2013

တစ်ထောင့်ငါးရာတန်ဖုန်း သုံးခွင့်ရသည့်နေရာတိုင်း လက်ဟောင်း CDMA 800 လိုင်းမိမည်မဟုတ်

Posted by drmyochit Wednesday, April 10, 2013, under | 1 comment


လက်ရှိ အသုံးပြုနေ သည့် CDMA 800 MHz ဖုန်း များ ထပ်မံ ချထားပေးမည့် တစ်ထောင့်ငါရာ CDMA 800 MHz ဖုန်းကွန်ရက်မျာအတွင်း Roaming သုံးစွဲခွင့် ရရှိမည်မဟုတ်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ “အခုလုပ် ထားတဲ့ စနစ်နဲ့ အရင် လုပ်ထားတဲ့ CDMA 800MHz စနစ် မတူပါဘူး။ ဒါကြောင့် အရင် CDMA 800MHz ဖုန်းတွေ လက်ရှိ အသုံးပြုနိုင်တဲ့ နယ်မြေတွေ မှာပဲ အသုံးပြုနိုင်မှာပါ။ 

တစ်ထောင့်ငါးရာ CDMA 800MHz Roaming ထဲမှာ သွားသုံးလို့ မရပါဘူး” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ လက်ရှိတွင် နိုင်ငံတော် အစိုးရမှ ကျပ်တစ်ထောင့်ငါးရာ CDMA 800MHz ဖုန်းများကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့မှ လွဲ၍ ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယခုလ ၂၄ ရက်မှစ၍ ရောင်းချပေးမည်ဟု သတင်း ထုတ်ပြန် ထားသည်။ ယင်းကြောင့် ကျပ်တစ်ထောင့် ငါးရာ CDMA 800MHz ဖုန်း အသုံးပြုနိုင်မည့် ဧရိယာမှာ တစ်နိုင်ငံလုံး နီးပါး အသုံးပြုနိုင် မည်ဖြစ်သော်လည်း ယခင်ရောင်းချခဲ့သော ကျပ်ငါးသိန်း၊ ကျပ်နှစ်သိန်းခွဲ ဖုန်းများ မှာမူ အထက်ပါ တစ်ထောင် ငါးရာ ဖုန်းကဲ့သို့ အသုံးပြုခွင့် ရရှိမည်မဟုတ်ဟု သိရသည်။ “အခုရောင်း မယ့် ဖုန်းတွေက အရင် MEC က လုပ်နေတဲ့ ဖုန်းတွေပါ။ 

ဒါကို ဆက်သွယ်ရေးက တာဝန်ယူ ဆောင်ရွက်ပေးတာပါ။ ရောင်းတဲ့ အပိုင်းကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုး ရပဲ လုပ်မှာပါ။ အကူအညီတောင်းမှသာ ဆက်သွယ်ရေးက ရောင်းပေးမှာပါ” ဟု အထက်ပါ ပုဂ္ဂိုလ် က ဆက်လက် ပြောသည်။ ယင်းကြောင့် လက်ရှိ CDMA 800MHz ဖုန်း ကိုင်ဆောင်သူ အများစုမှာ ဈေးကြီးပေး ဝယ်ယူ ထားပြီး နယ်မြေ ကန့်သတ်ချက်ဖြင့် အသုံးပြုနေရသည့်အတွက် ကျေနပ်မှု မရှိကြပေ။ “အဓိပ္ပာယ် မရှိတာ၊ ငါးသိန်း တန်ဖုန်းက ထောင့်ငါးရာတန် ဖုန်းလောက် နယ်မြေသယ်ဆောင် အသုံးပြုခွင့် မရဘူး ဆိုတာ ဘယ်လို အစီအစဉ်နဲ့ လုပ်မှန်းမသိဘူး။ ဒီဖုန်းတွေ ထပ်မထုတ်တော့လို့ နယ်မြေတိုးချဲ့ သုံးစွဲခွင့် မရဘူးဆိုတာ လက်ခံနိုင်ပါသေးတယ်။ အခုတော့ နယ်မြေတိုးချဲ့ ထားတာ တစ်နိုင်ငံလုံးနီးပါး ဖြစ်နေ တာတောင် သုံးစွဲခွင့် မပေးတာကတော့ လုံးဝမတရားပါဘူး” ဟု ကျပ်ငါးသိန်း CDMA 800MHz ဖုန်းကိုင်ဆောင်သူ ပဲခူးမြို့မှ မဝင်းမော်က ပြောသည်။ 

လက်ရှိတွင် ရောင်းချထားသည့် CDMA 800MHz ဖုန်းများ သယ်ဆောင် အသုံးပြုနိုင်သည့် မြို့များမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာ၊ ပဲခူး၊ တောင်ငူ၊ ပုသိမ်၊ မော်လမြိုင်၊ ပြည် ၊ စစ်ကိုင်း စသည့် တိုင်းဒေ သကြီးနှင့် ပြည်နယ်များ၏ မြို့ကြီးများသာ အသုံးပြုနိုင်ပြီး မြို့ငယ်အချို့တွင် သုံးစွဲနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကျပ်ငါးသိန်းတန် CDMA 800MHz ဖုန်းများ ကို ၂၀၁၀ နှစ်ဆန်းပိုင်းတွင် လည်းကောင်း၊ ကျပ်နှစ်သိန်းခွဲ CDMA 800MHz ကို ၂၀၁၂ ခုနှစ် ဧပြီလတွင် လည်းကောင်း ရောင်းချပေးခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၁၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

From: ခေတ်လူငယ်

1 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်