Wednesday, April 10, 2013

စစ်တွေ ဆန္ဒပြပွဲကို ဦးဆောင်သူ ၂ ဦး ကို ရုံးတင် တရားစွဲပြီ

Posted by drmyochit Wednesday, April 10, 2013, under | No comments


 မောင်အေး

စစ်တွေမြို့တွင် ခွင့်ပြုချက်မရဘဲ မတ်လ ၇ ရက်နေ့က စီတန်းလှည့်လည် ဆန္ဒပြသူများ အထဲမှ ဦးဆောင်သူ (၂) ဦးကို ယမန်နေ့က ရုံးတင် တရားစွဲဆိုလိုက်ပြီဟု သိရသည်။

Sittwe-protestတရားစွဲခံရသူ နှစ်ဦးမှာ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်မညိုအေးနှင့် ရခိုင်လူ မှု ကွန်ယက်မှ ဦး ကျော်ဇောဦးတို့ ဖြစ်ကြသည်။

သူတို့ နှစ်ဦးကို စီတန်း လှည့်လည်မှု ဆိုင်ရာ ပုဒ်မ ၁၈ နှင့် အမှတ် ၁ ရဲစခန်းမှူး မိုးကျော် မှ တရားလို လုပ်ပြီး စစ်တွေ မြို့နယ်တရားရုံးတွင် ယမန် နေ့ နေ့လည်ပိုင်းက ရုံးတင် တရားစွဲဆိုခဲ့သည် ဟု ဒေါ်မညိုအေးက ပြောသည်။

“ကျမတို့က စီတန်းလှည့်လည်မှုဆိုင်ရာ ဥပဒေကို ဖောက်ဖျက်တာမရှိဘူး။ နိုင်ငံတော်က ချမှတ်ထားတဲ့ ဒို့ တာဝန် အရေးသုံးပါးကိုလည်း ထိခိုက်ခဲ့တာမရှိ။ ကျမတို့ လျှောက်လွှာကို မြို့နယ်သာမက ပြည်နယ် အဆင့် ကိုလည်း တင်ခဲ့ပါတယ်။ ခွင့်ပြုချက်မပေးတာ ကျမတို့ အပြစ်လား၊ သူတို့အပြစ်လားဆိုတာ အားလုံး သိကြ မှာပါ။ ကျမတို့က ပြည်သူလူထု အားလုံးသဘောတူ ဆုံးဖြတ်ချက်နဲ့ ကျမတို့ ဦးစီး ဦးဆောင် လုပ်တာ သာ ဖြစ်တယ်။ ဒါကြောင့် ကျမတို့ လျှောက်လဲချက်တင်ဖို့ အစီအစဉ်လုပ်နေပါတယ်” ဟု ဆို သည်။

ဆန္ဒပြခွင့်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မြို့နယ်အဆင့်တွင် တင်ပြခဲ့သော်လည်း ပါယ်ချ လိုက်သည့် အ တွက်မတ်လ ၁ ရက်နေ့တွင် ပြည်နယ်အဆင့်သို့ ခွင့်ပြုမိန့်တင်ခဲ့သည်။

ပြည်နယ်အဆင့်သို့ ခွင့်ပြုမိန့်တင်ပြီးနောက် ပြည်နယ်အဆင့် အာဏာပိုင်က မြို့မိမြို့ဘများ၊ နိုင်ငံရေး ပါတီများ မှ ခေါင်းဆောင်တချို့အပါအ၀င် ခွင့်ပြုမိန့်တင်သူ ဒေါ်ညိုအေးတို့ကို ခေါ်ယူ တွေ့ဆုံခဲ့သည်။

social-activists-Daw-Ma-Nyo-Ayeခွင့်ပြုမပြုကို ပြည်နယ် ၀န်ကြီးချုပ်ဆုံးချက်အပေါ် မူတည်ကြောင်း ပြောကြား ခဲ့ပြီး တစ်စုံတစ်ရာ အကြောင်း  မပြန်သဖြင့် ခွင့်ပြုချက်မရှိဘဲ မတ်လ ၇ ရက်နေ့က စစ်တွေမြို့လမ်းမများပေါ် တွင် မြို့သူမြို့သားများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒဖေါ်ထုတ်ပွဲတွင်  ရဟန်းတော်များ အပါအ၀င် ထောင်နှင့်ချီသည့် မြို့လူက ဘင်္ဂလီဒုက္ခသည်များ အတွက် တူကရကီအစိုးရ အကူအညီဖြင့် နေအိမ် ၅၀၀၀ နီး ပါး ဆောက်ပေးမည့် အစီအစဉ်ကို နိုင်ငံသား ဟုတ် မ ဟုတ် စိစစ်ပြီးမှ နေရာ ချပေးရန် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

၎င်းပြင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ရန် တောင်းဆိုခဲ့ကြသည်။
ဒေသခံ တိုင်း ရင်းသားများ ဆန္ဒကိုလေးစားပါ၊ ဒေသခံများ ဆန္ဒမပါဘဲ ဒေသအရေးမဆုံးဖြတ်ပါနှင့် စသည့် အချက် များကို တောင်းဆိုခဲ့ကြသည်။

ဒေါ်မညိုအေးနှင့် ဦးကျော်ဇောဦးတို့ နှစ်ဦးကို လာမည့် ဧပြီလ ၂၃ ရက်နေ့တွင် နောက်ထပ် ရုံးချိန်းပေး ထား ကြောင်း သိရသည်။

“မနေ့က ကျမတို့ အာမခံငွေတော့ မပေးခဲ့ရဘူး။ အာမခံအတွက် လူ ၃ ဦး လိုပါတယ်။ အနည်းဆုံး တစ်ဦးမှာ သူတို့ ပိုင်ဆိုင်မှု ကျပ် ၅ သိန်းတန်ဖိုးရှိရမယ်။ ပြီးတော့ သူတို့က ကျမတို့ကို အမြဲတမ်းအာမ ခံထား ရမယ် ဆိုဒါတွေကို ပြောလိုက်ပါတယ်”  ဟု ဒေါ်မညိုအေးက ဆက်ပြောသည်။

အလားတူ မတ်လ ၁၀ ရက်နေ့က ရသေ့တောင်မြို့ပြပွဲတွင် ဦးဆောင်ခဲ့သူ ကိုတိုးတိုး၊ဦးသန်းဌေးနှင့် မတ်လ ၂၃ ရက်နေ့က ဘင်္ဂလီဒုက္ခသည်များအား အိမ်ဆောက်ပေးမည့်ကိစ္စကို ကန့်ကွက်သည့် တောင် ကုတ် ဆန္ဒပြပွဲ ဦးဆောင်သူ စိုးဝင်း အပါအ၀င် ၃ ဦးကိုလည်း အာဏာပိုင်များ မှ တရားစွဲဆိုထားကြောင်း သိရ သည်။


နိရဉ္စရာသတင်းဌာန 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်