Wednesday, April 10, 2013

နိုင်ငံသား မစိစစ်ဘဲ ဘင်္ဂလီများပြန်လည်နေရာချထားခြင်းကို ကန့်ကွက်ဆန္ဒပြသူများအား ရုံးတင်စစ်ဆေးလျက်ရှိ

Posted by drmyochit Wednesday, April 10, 2013, under | No comments

လွန်ခဲ့သည့် မတ်လမှစ၍ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားမစီစစ်ဘဲ ဘင်္ဂလီများပြန် လည်နေရာ ချထားခြင်း ကို ကန့်ကွက် ဆန္ဒပြသူ ခေါင်းဆောင်(၁၁)ဦးအား ရုံးတင်စစ်ဆေးလျက်ရှိကြောင်း ရခိုင်လူမှုကွန်ယက် တာဝန် ရှိသူ များက ဆိုသည်။

၎င်းတို့အနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် အဆင့်ဆင့်သော အာဏာပိုင်များသို့ ခွင့်ပြုချက် တင် ခဲ့သော် လည်း ပယ်ချခံခဲ့ရ၍ နောက်ဆုံးတွင်ခွင့်ပြုချက်မဲ့ဆန္ဒပြရာမှ ယခုကဲ့သို့ အရေးယူ ခံနေ ရခြင်း ဖြစ် သည်။

နိုင်ငံသား မစိစစ်ဘဲ ဘင်္ဂလီများပြန်လည်နေရာချထားခြင်းကို စစ်တွေမြို့သူမြို့သားများ ကန့်ကွက် ဆန္ဒပြနေကြ စဉ်


တောင်ကုတ်မှ ဦးမင်းထွန်း၊ ဦးစိုးဝင်း၊ ဦးသန်းလွင်စိုး၊ ရသေ့တောင်မှ ဦးတိုးတိုး၊ ဦးသန်းဌေး၊ စစ်တွေမှ ဦးကျော်ဇောဦး၊ ဒေါ်ညိုအေးနှင့် ကျောက်တော်မှ ဦးမောင်သိန်းလှိုင်၊ ဦးမောင်ဝင်း၊ ဒေါ်လှမေ၊ ဒေါ်တင် တင်အေး တို့မှာ သက်ဆိုင်ရာ တရားရုံးများ၌ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၈)ဖြင့် ရုံး တင်စစ်ဆေးခံနေရကြောင်း သိရသည်။
 
တောင်ကုတ်မှ တရားစွဲခံထားရသူများကို ဧပြီလ ၉ ရက်နေ့မှ မြို့နယ်တရားရုံးတွင် ရုံးတင် စစ်ဆေး ခဲ့ကြောင်း တရား စွဲခံ ထားရသူ ဦးစိုးဝင်းက အာရ်ကန်တိုင်းမ်စ် ကိုပြောသည်။
 
" ကျနော်တို့ ၃ ယောက်ကို ဒီနေ့ တရားရုံးကခေါ်တယ်။ တရားလိုက ရဲမြို့နယ်မှူးဖြစ်တယ်။ သူ့ကိုပဲ အဓိ ကမေး တယ်။ ကျနော်တို့ကိုတော့ ထူးထူးခြားခြား မစစ်သေးဘူး။ သက်သေတွေလည်း မစစ်သေးဘူး။ လာ မယ့် ဧပြီ ၂၅ ရက်မှာ ရုံးချိန်း ရှိတယ်။ " ဟု ဆိုသည်။
 
ထို့အတူ ရသေ့တောင်မြို့နယ်မှ ဦးတိုးတိုးနှင့် ဦးသန်းဌေးတို့အား ဧပြီ ၈ ရက်နေ့တွင် ရုံးတင် စစ်ဆေး ခဲ့ကြောင်း ရသေ့တောင် လူမှုကွန်ယက်က ဆိုသည်။
 
စစ်တွေမှ ဦးကျော်ဇောဦးနှင့် ဒေါ်ညိုအေးတို့နှစ်ဦးအား ဧပြီ ၉ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ စွဲချက်တင် ခဲ့ကြောင်း တရားစွဲခံနေရသူ စစ်တွေလူမှုကွန်ယက်ခေါင်းဆောင် ဒေါ်ညိုအေးက ပြောသည်။
 
" ဒီနေ့ ကျမနဲ့ ဦးကျော်ဇောဦးကို ရုံးတင်တရားစွဲဆိုတယ်။ တရားလိုကတော့ စစ်တွေပြို့အမှတ်(၁)ရဲစခန်းက စခန်းမှူး ဦးမိုးကျော်ဖြစ်တယ်။ လိုပြသက်သေ ရဲတပ်ဖွဲ့ဝင် နှစ်ဦးလည်းပါတယ်။ ကျမတို့ကို တရား စွဲနိုင်ဖို့ သက်သေ အထောက် အထားတွေပြ တယ်။ ကျမတို့ တယောက်စီအတွက် ၅ သိန်းတန်ခံဝန်နဲ့ လူသုံးယောက် က အာမခံပေးရတယ်။ ဧပြီ ၂၃ မှာ ထပ်ပြီးတော့ ရုံးချိန်းထားတယ်။ " ဟု ဆိုသည်။
 
၎င်းတို့မှာ နိုင်ငံသားစီစစ်မှုမရှိဘဲ ဒုက္ခသည်များပြန်လည်နေရာချထားခြင်းအား ကန့်ကွက်သည့် ဆန္ဒပြ မှုများ ကို ဦးဆောင်ကာ မတ်လ အတွင်း၌ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ တောင် ကုတ်၊သံတွဲ မြို့နယ်များတွင် ပြုလုပ် ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

From:    Arakan Times

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်