Wednesday, April 10, 2013

ကိုရီးယားကျွန်းဆွယ် ပဋိပက္ခ တားဆီး မနိုင်ဖြစ်တော့မည်ဟု ကုလသတိပေး

Posted by drmyochit Wednesday, April 10, 2013, under | No comments


ကိုရီးယား ကျွန်း ဆွယ်က ပဋိပက္ခဟာ တားမနိုင်ဆီး မနိုင် ဖြစ်လာတော့မယ်လို့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းက သတိပေးပြောကြားလိုက်ပါတယ်။

မြောက် ကိုရီးယားအနေနဲ့ ရန်လိုတဲ့ အပြော အဆိုတွေကို လေသံလျှော့ ဖို့လည်း ထပ်မံ တိုက်တွန်း လိုက်ပါ တယ်။

(Photo_UN)

အတွက် မှားလို့ ဒါမှမဟုတ် ခန့်မှန်းချ က်လွဲတာကနေ သေးဖွဲတဲ့ ကိစ္စ ရပ်ဟာ ထိန်းမနိုင် သိမ်းမရ အခြေ အနေကို ဖန်တီး နိုင်တယ်လို့ မစ္စ တာ ဘန်ကီမွန်းက အီတလီ နိုင်ငံ ရောမမြို့မှာ သတင်းထောက်တွေကို ပြောသွား တာဖြစ်ပါတယ်။

ဒါ့အပြင် တောင်-မြောက် ကိုရီးယား ၂ နိုင်ငံကြားက အအောင်မြင်ဆုံး ပူးတွဲ စီမံကိန်း တခုဖြစ်တဲ့ ဂယ်ဆွန်း စက်မှု ဇုန်ကို ဆက်လက် ဖွင့်ထားဖို့လဲ ပြောဆို လိုက်ပါတယ်။

မြောက် ကိုရီးယားဟာ စစ်ဖြစ်တော့ မှာမို့လို့ တောင်ကိုရီးယား နိုင်ငံထဲက နိုင်ငံခြား အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေနဲ့ ကမ္ဘာ လှည့် ခရီး သည်တွေ အားလုံးကို ဘေးလွတ်ရာ ထွက်ခွာ သွားကြဖို့ မနေ့က သတိပေး ချက် ထုတ်ပြန် ခဲ့ပါတယ်။

ဂျပန် နိုင်ငံ ကတော့ တိုကျို မြို့ တော်က ပြည်သူ သန်း ၃၀ ကို ကာကွယ်ပေးဖို့ အမေရိကန်လုပ် ပက်ထရီယော့ ဒုံးခွင်း ဒုံးပစ် တပ်ဖွဲ့ တွေကို တိုကျိုက ကာကွယ်ရေး ၀န်ကြီးဌာနနဲ့ တခြားစစ်စခန်း ၂ ခုတို့မှာ တပ်ဖြန့်ချထားလိုက်ပြီလို့ သိရပါတယ်။

မြောက် ကိုရီယားဟာ သူ့ရဲ့ တာလတ်ပစ် ဒုံးကျည်ကို အရှေ့ဘက် ကမ်းခြေကနေ ပစ်လွှတ်ဖို့ ပြင်ဆင် နေတာတွေ ပြီးစီး သွားပြီလို့လည်း တောင် ကိုရီးယားက ယွန်ဟက်ပ် သတင်းဌာနက မနေ့က သတင်း ထုတ်ပြန် သွားပါတယ်။

ပြုံယမ်း အစိုးရဟာ ဒေသတွင်းမှာ ရှိတဲ့ တောင် ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန် စစ် စခန်း တွေကို ရန်လိုတဲ့ ခြိမ်းခြောက်မှုတွေ ခုထိ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 


From: DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်