Wednesday, April 10, 2013

ကြားဖြတ်တွင် ခြိမ်းခြောက် မဲဆွယ်မှု ဖြင့် ပြည်ခိုင်ဖြိုး မြို့ နယ် အတွင်းရေးမှူး အား ဒဏ်ငွေ ကျပ် ၅ဝဝဝ ပြစ်ဒဏ်ချ

Posted by drmyochit Wednesday, April 10, 2013, under | No comments


၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲ မဲဆွယ်ကာလတွင် ပြည် ခိုင်ဖြိုးပါတီအားမဲပေးရန် ခြိမ်းခြောက် ပြောဆို ခဲ့ သည့်မြို့နယ်အဆင့်ရှိပါတီ အ တွင်းရေးမှူးကိုမင်္ဂလာတောင်ညွန့် တရားရုံးက အပြစ်ရှိကြောင်း ဧပြီလ ၅ ရက်နေ့တွင် အမိန့်ချမှတ်လိုက်သည်။

မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံး၌ တရားခွင် ၂ တွဲဖက် တရားသူကြီး ဒေါ်ဝင်းဝင်းနွယ်က ပုဒ်မ ၅ဝ၆ (က)ဖြင့် တရားခံကို အဆိုပါအမှုနှင့်စပ် လျဉ်း၍ ဒဏ်ငွေ ကျပ်ငါးထောင် ပြစ်ဒဏ်ချ မှတ်လိုက် ခြင်းဖြစ် သည်။၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲမတိုင်မီ မင်္ဂလာတောင် ညွန့်မြို့နယ် တွင်း၌ အကြိုမဲဆွယ် စည်းရုံး မှုများလုပ်နေစဉ် ယခုအပြစ် ဒဏ်ချမှတ်ခံလိုက်ရသူ ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်အတွင်းရေးမှူးက မင်္ဂလာတော င်ညွန့်ရထားဝင်းတွင် နေသူဒေါ် သန်းသန်းဌေးအား၎င်းတို့ ပါတီကို မဲထည့်ပါက ငွေထုတ်ချေး ပေးနေ သည်ကို ထပ်တိုးပေးမည် ဆိုသည့်အေ ကြာင်းနှင့် ဒေါ်သန်း သန်းဌေး၏သားက NLD ပါတီဝင် ဒေါ်ဖြူဖြူသင်း မဲဆွယ်မှုနောက် လိုက်ခဲ့သည့်အတွက်လည်း လက်ရှိ နေထိုင်နေသော လိုင်းခန်းပျောက် သွားမည်၊ ရခိုင်ကို ပြောင်းပစ်မည်ဟု ခြိမ်းခြောက်မှုမျိုးစုံ ပြုလုပ်ခဲ့ခြင်း ကြောင့်ဥပဒေနှင့်အညီ ဒေါ်သန်း သန်းဌေး က တရားစွဲ ဆိုလိုက်ခြင်း ဖြစ်သည်။

တရားလိုပြ သက်သေ ဒေါ်စန်း စန်းထူးက ”သူနဲ့ ထိုက်တန်တဲ့ ပြစ်မှုကို ရုံးတော်က ချမှတ်လိုက်တာ ပဲ။ မျှမျှတတ ဆုံးဖြတ်လိုက်တာကို လည်း ကြိုဆို တယ်။ ဒါက တရားမျှ တမှုပဲ”ဟု ပြောသည်။တရားလိုက မင်္ဂလာတောင်ညွန့် မြို့နယ်တရားရုံးသို့ ၂ဝ၁၂ ဧပြီလထဲ တွင်ပင် ဦးတိုက်လျှောက်ထား ခဲ့ပြီး ရုံးတော်က အမှုကို ၂ဝ၁၃ ဧပြီလ ၅ ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။တရားလိုပြသက်သေ ဒေါ်စန်း စန်းထူးက ၄င်းတို့အနြေ ဖင့် နိုင်ငံ သား များရသင့်ရထိုက်သော အခွင့် အရေးအရ မတရားမှုအပေါ် မခံချင် ၍ တရားလို ဒေါ်သန်းသန်းဌေးက ရုံးတော်တွင် တရားစွဲဆို လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

PN-051၊ ရန်နိုင်
Popular

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်