Wednesday, April 10, 2013

တောင်နှင့်မြောက်ကိုရီးယား စစ်ဖြစ်ရန် တာစူနေသော်လည်း မြန်မာလုပ် သားများ ပြန်ခေါ်၊ မခေါ် အဖြေမပေါ်သေး

Posted by drmyochit Wednesday, April 10, 2013, under | No comments

တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ တင်းမာမှုများဖြစ်နေသော် လည်း မြန်မာလုပ်သားများအား ပြန်ခေါ် ရန် အကြောင်းကြားမှု မရှိ သေးေ ကြာင်း အစိုးရ ပြည်ပအလုပ် အကိုင်အေဂျင်စီမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့် က ပြောသည်။

”သက်ဆိုင်ရာနိုင်ငံက ကျွန်တော် တို့လုံခြုံရေး တာဝန်မယူတော့ပါဘူး ဆိုရင် ပြန်ခေါ်မှာပေါ့။ အခုတော့ ဘာမှ မကြားသေး ပါဘူး”ဟု ဦးဝင်းမြင့် က ဧပြီလ ၈ ရက်တွင် ပြောသည်။လက်ရှိတွင် အလုပ်သမားများ ကို ကိုရီးယားသို့ဆက်လက်ပို့ဆောင် နေပြီး၊ ဧပြီလ ၈ ရက်နှင့် ၉ ရက်နေ့ များတွင် အလုပ်သမား ၅ဝ ဦးခန့် စီ ဆက်လက်ထွက်ခွာသွားပြီ ဖြစ် ကြောင်း သိရသည်။

 မြောက်ကိုရီးယားနိုင်ငံသည် မတ်လနောက်ဆုံးပတ်မှစ၍ အမေရိ ကန်နှင့် တောင်ကိုရီးယားနိုင်ငံသို့ ခြိမ်းခြောက်ပြော ဆိုမှုများ ပြုလုပ်ခဲ့ ပြီး ကိုရီးယားကျွန်းဆွယ်တွင် တင်း မာမှုများတိုးလာခဲ့သည်။ တောင် ကိုရီး ယားနိုင်ငံ တွင်EPS စနစ်ဖြင့် လုပ်ကိုင်သော မြန်မာအလုပ်သမား ၇ဝဝဝ ခန့်ရှိသောကြောင့် အလုပ် သမား များ၏ မိသားစုများက စိတ်ပူ ကာ မေြး မန်းစုံစမ်းမှုများရှိကြောင်း လည်း ဦးဝင်းမြင့်က ပြောသည်။ ”ကိုရီးယား လူ့စွမ်းအား အရင်း အမြစ်ဖွံ့ဖြိုးရေးဌာနက အရာရှိက တော့ ဒီလိုမျိုးတင်း မာမှုက ဖြစ်နေ ကျပဲမို့ စိုး ရိမ်စရာ မရှိပါဘူး ဆိုပြီး ပြောတယ်။ ဒီကလူတွေကတော့ စိုးရိမ် တာပေါ့” ဟုဦးဝင်းမြင့် ကပြောသည်။

 တောင်ကိုရီးယား တွင် အလုပ် သွားရောက်လုပ်ကိုင်နေသောမြန်မာ အလုပ်သမားတစ်ဦး၏ မိသားစုဝင် တစ်ဦး ကလည်း လက်ရှိတွင် အခြေ အနေတည်ငြိမ် လျက် ရှိပြီး ထူးခြား ချက်မရှိသေးဘဲ ပုံမှန်အလုပ်ဆင်း လျက်ပင် ရှိကြောင်း ပြောသည်။ကိုရီးယားသို့ အလုပ်သမားပို့ ဆောင်မှုကို သင်္ကြန်တွင်းရပ် နားထား မည်ဖြစ်ပြီး သင်္ကြန်အပြီးတွင်မူ အလုပ် သမားများကို ဆက်လက်ပို့ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားတွင် မြန်မာ အလုပ်သမား တစ်သောင်းကျော်နှင့် ကျောင်းသား နှစ်ရာကျော်ရှိကြောင်း၊ နိုင်ငံခြား သားနှင့် လက်ထပ်ထား သော အမျိုးသမီးပါ ပေါင်းလျှင် တစ် သောင်းကျော်ရှိသောကြောင့် တောင် ကိုရီးယားအစိုးရတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံသံအမတ်တို့ ဆွေးနွေး ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သားများ၏ အကျိုးကို ကာကွယ်ပေးသွားမည်ဟု သံရုံးဒုတိယအတွင်းဝန်ဒေါ်သင်းသင်း မြတ်ပြောကြား ချက်ကို ပြည်ပ အခြေ စိုက် မြန်မာသတင်းအေဂျင်စီတစ်ခု တွင်ဖော်ပြထားသည်။

မေဇင်ဝင်း
From: Popular Myanmar News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်