Monday, April 01, 2013

မြောက်ကိုရီးယားမှ အမေရိကန်ပြည်ထောင်စုအား ပစ်မှတ်ထား တိုက်ခိုက်သွားရန် ပြင်ဆင်နေ

Posted by drmyochit Monday, April 01, 2013, under | No comments


မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံနမ်ဟာ အမေရိကန် ပြည်ထောင် စုကို ပစ်မှတ်ထား တိုက်ခိုက် သွားဖို့ မြောက်ကို ရီးယားစစ်တပ်ကို အမိန့် ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။ ကင်ဂျုံ နမ်ဟာ စစ်ဖက် ဆိုင်ရာ ထိပ်သီး ခေါင်းဆောင် တွေနဲ့ ပြီးခဲ့တဲ့ သောကြာနေ့က အရေးပေါ် အစည်း အဝေး တစ်ခု ပြုလုပ် ခဲ့ကြောင်း၊ မြောက် ကိုရီးယား သတင်းအေဂျင်စီ တစ်ခုမှ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

မြောက် ကိုရီးယား နိုင်ငံတွင်းရှိ ကြည်းတပ်နဲ့ အမြောက်တပ်အဖွဲ့ အပါအ၀င် စစ်ဘက် ဆိုင်ရာအရာရှိ ခေါင်းဆောင် ၄ဦးနဲ့ ကင်ဂျုံနမ်တို့ဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ဆွေးနွေးပွဲအတွင်း ချမှတ် ခဲ့ကြောင်း သိရပါတယ်။ ကင်ဂျုံနမ်ဟာ အမေရိကန်ပြည်ထောင်စု  Hawaii ပြည်နယ်ရှိ စစ်အခြေ စိုက် စခန်း နဲ့ တောင် ကိုရီးယား နိုင်ငံကို အချိန်မရွေး ပစ်ခတ်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် ဒုံးလက်နက်တွေကို အဆင့် သင့် ထားရှိ သွားဖို့ အမိန့်ထုတ် ပြန်ခဲ့ပါတယ်။

နျူကလီးယား ဒုံးလက် နည်းပညာဆိုင်ရာ ကြိုတင်ပြင်ဆင်သွားမယ့် စီမံချက်နဲ့ ပတ်သက်ပြီးလည်း ခေါင်း ဆောင် ကင်ဂျုံနမ်က လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ အမေရိကန် ပြည်ထောင်စု က လည်း တောင် ကိုရီးယား နိုင်ငံနဲ့ ပူးပေါင်းလေ့ကျင့်တဲ့ စစ်ရေး လေ့ကျင့်မှုအတွင်း ရေဒါစနစ်ကို ရှောင်တိမ်းနိုင်တဲ့ B-2  ဗုံးကြဲ လေယာဉ်တွေကို ထည့်သွင်း အသုံးပြု လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။

From: MRTV4

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်