မြန်မာ အစိုးရနဲ့ မကြာခင်
ဆွေးနွေး မှုတွေ စတင် တော့မည့် နိုင်ငံရေး
ဆွေးနွေး မှုတွေမှာ တိုင်းရင်း သားတွေ ဖက်က မူဘောင်
အတိုင်း တညီ တညွတ်တည်း ဖြစ်စေဖို့ဆိုပြီး
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ
တိုင်းရင်းသား လက်နက်ကိုင်
ခေါင်းဆောင်တွေ ၃ ရက်ကြာတွေ့ဆုံ
ဆွေးနွေး ခဲ့ကြပါတယ်။
UNFC အဖွဲ့ဝင်တွေရဲ့ ဆွေးနွေးပွဲတစ်ခု
(Credit: ABC)
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့
၁၁ ဖွဲ့
ပူးပေါင်း ဖွဲ့စည်း ထားတဲ့ ညီညွတ်သော
တိုင်းရင်းသား လူမျိုး များ ဖယ်ဒရယ်
ကောင်စီ UNFC အဖွဲ့ဝင်
ခေါင်းဆောင် တွေရဲ့ သုံးရက်ကြာ
ဆွေးနွေးမှု အတွင်း
ဆွေးနွေး ခဲ့ တာ တွေကို
UNFC အတွင်းရေးမှူး ၂
ဖြစ်တဲ့ ဦးခွန်ဥက္ကာ
က အခုလို
ပြောပါတယ်။
လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း
ထိပ်သီးခေါင်းဆောင် အစည်းအဝေးပေါ့၊
WGEC က
မဆုံးဖြတ် နိုင်တဲ့ ဟာတွေကို ခေါင်းဆောင်တွေ
ခေါ်ပြီးတော့ ဆုံးဖြတ်တာ၊
ဖရိန်းဝက်ဖော် ပေါ်လတီ ကယ်
ဒိုင် ယာလော့ အဲ့ဒါ
လေးပဲ လောလော ဆယ်ဆယ် လုပ်ရမည်
ဆိုပြီးတော့ လက်ခံလိုက်တာ။
ဆုံဖြတ် ချက် အဲ့တစ်ခု၊
နိုင်ငံရေး ဆွေးနွေးပွဲ
အတွက် လိုအပ်သည့်
မူဘောင်များပေါ့။
ဒီအစည်း အဝေးကို UNFC
အဖွဲ့ဝင် ၁၁
ဖွဲ့အပြင် DKBA
တိုးတက်သော ဗုဒ္ဓဘာသာ
ကရင် အမျိုးသား
တပ် မတော်၊ ကရင်ငြိမ်းချမ်းရေး
ကောင်စီ၊ RCSS/SSA
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ
အဖွဲ့ က ခေါင်းဆောင်
တွေလည်း တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အစိုးရနဲ့ နိုင်ငံရေးအရ
အဓိက ဆက်လက်
ဆွေးနွေး ဆုံးဖြတ် ချက်တွေ ချမှတ် နိုင်ဖို့ တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့အစည်းက ထိပ်သီးခေါင်းဆောင်တွေ
ဆွေးနွေးဆုံးဖြတ်ခဲ့တဲ့ ဒီအစည်းအဝေးကို
တိုင်းရင်း သား ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ WGEC (Working
Group for
Ethnic Co-ordinating)
အဖွဲ့က ဦးဆောင်
စီစဉ်ခဲ့ တာဖြစ် တယ်လို့ ရေဒီယို သြစတေးလျ
သတင်းထောက် သန်းကျော်စိုး
က သတင်းပေးပို့ထားပါတယ်။
Time in Rangoon

0 comments:
Post a Comment