Monday, April 01, 2013

မြောက်ဦးမြို့နယ် ဆူပူမှု အတွင်း ဖမ်းဆီးခံရသူ ၄ ဦး လွတ်မြောက်

Posted by drmyochit Monday, April 01, 2013, under | No comments


၂၀၁၂ ခုနှစ် အောက် တို ဘာ လ အတွင်းက ပေါ်ပေါက် ခဲ့သည့် မြောက်ဦးမြို့နယ် ဆူပူ အကြမ်း ဖက် အတွင်း ဖမ်း ဆီးခံ ခဲ့ရသည့် ရခိုင်အမျိုးသား ၁၇ ဦးထဲမှ ၄ ဦးကို မတ်လ ၂၉ ရက်နေ့က ပြန်လည် လွတ်ပေး လိုက် သည်ဟု သတင်း ရရှိသည်။

လွတ်မြောက် လာသူ များမှာ မြောက်ဦးမြို့ ကြက်ဈေး မှ ဦးလှစောအောင်နှင့် ဦးထွန်းကျော်၊ ပရိန် ကုန်းမှ မောင်တင် ၀င်း၊ ဦးစံသိန်းကျော်တို့ ဖြစ်ကြ သည်။

ဦးစံသိန်း ကျော်မှာ ကျန်းမာရေး မကောင်း သဖြင့် စစ်တွေ ဆေးရုံ တွင် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။

ကျန် လွတ်မြောက်လာသူ ၃ ဦးကို မြောက်ဦးမြို့ခံများက ကြိုဆိုခဲ့ကြသည်ဟု  မြို့ခံ တစ်ဦးက ပြော သည်။

သူတို့ ညနေ ၄ နာရီခန့်မှာ မြောက်ဦးသင်္ဘောဆိပ်ကိုရောက်ပါတယ်။ မြို့ခံလူထုတွေက သူတို့ကို ရခိုင်စည် တော်တွေနဲ့ ရခိုင် သူရဲကောင်းဆိုပြီး ကြိုဆိုကြပါတယ်။ ကြိုဆိုတဲ့သူတွေက သိပ်များပါ တယ်။ မြို့လုံး ကျွတ်လိုလို ကြိုဆိုကြတာပါ ဟု မြောက်ဦးမြို့ခံတစ်ဦးမှ ပြောသည်။

ယခု လွတ်မြောက် လာ သူများမှာ မိမိတို့နေအိမ်များသို့ ရောက်ရှိသွားပြီး သူတို့အားလုံးမှာ မြောက် ဦးမြို့နယ် အတွင်းဖြစ် ပွားခဲ့သည့် ဆူပူမှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး စစ်တွေ အကျဉ်းထောင်တွင် အကျဉ်း ကျ ခံခဲ့ရသူများ ဖြစ် သည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၂ နေ့က ဖြစ်ပွားခဲ့သည့် မြောက်ဦးမြို့နယ် ပုရိန်ကုန်းရွာ ဆူပူမှုတွင် ဘီလူး ရွာ မှ ကိုမိုးကျော်အပါအ၀င် ရခိုင်အမျိုးသား ၅ ဦးသေဆုံးကာ လူနေအိမ်ပေါင်း ၁၀၀ ကျော် ပျက်စီး ခဲ့ရပြီး လူပေါင်း ၁၀ ကျော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မောင်အေး

နိရဉ္စရာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်