Monday, April 01, 2013

မာလီတပ် ပြောက်ကျား တွေကို ထိုးစစ်ဆင်

Posted by drmyochit Monday, April 01, 2013, under | No comments


 ပြင်သစ် ကြည်းတပ်တွေ သူပုန်တွေကို နှိမ်နင်း

ပြင်သစ် ထောက်ပံ့မှု ရတဲ့ မာလီ အစိုးရ တပ်တွေက မြောက်ပိုင်းက တင်ဘက်တူ မြို့မှာ အစ်စလာမ်မစ် ပြောက်ကျား တွေကို တန်ပြန် ထိုးစစ် ဆင်ခဲ့ကြ ပါတယ်။

အစ်စလာမ်မစ် ပြောက်ကျားတွေ မြို့ထဲကို ည အချိန် စီးနင်း ဝင်လာ ခဲ့ပြီးနောက် အစိုးရ တပ်တွေနဲ့ အကြာကြီး အပြန် အလှန် ပစ်ခတ် ခဲ့ကြပါတယ်။
ပြင်သစ် ကြည်းတပ် တွေနဲ့ ဂျက်လေယာဉ်တွေက ဝင်ပြီး သူပုန် တွေကို ပစ်ခတ် နှိမ်နင်းမှ တိုက်ပွဲ အဆုံး သတ်ခဲ့ ပါတယ်။

စနေနေ့ ညနေက စစ်တပ် ကင်းစခန်း တခုကို အသေခံ ဗုံးဖေါက်ခွဲသူ တဦးက တိုက်ခိုက်ဖို့ ကြိုး စားခဲ့ပြီး နောက်ပိုင်း အစ်စလာမ်မစ် တွေကို တိုက်ခိုက် နေတာပါ။ အဲဒီ ပုဂ္ဂိုလ် ကတော့ စနက် တံကို မဖြုတ် နိုင်ခင် မှာဘဲ အသတ်ခံ လိုက်ရ ပါတယ်။
အစ်စလာမ်မစ် စစ်သွေး ကြွအဖွဲ့ တဖွဲ့ တင်ဘတ်တူမြို့ကို ထိုးဖောက် ဝင်ရောက် ခဲ့ပြီး နောက်ပိုင်း အသေခံ ဗုံးဖောက် တိုက်ခိုက်ဖို့ လုပ်လာတာ ဖြစ်ပါတယ်။

မာလီ စစ်တပ်ဟာ ပြင်သစ်ရဲ့ လေကြောင်း တိုက်ခိုက်မှု အကူ အညီနဲ့ အစ်စလာမ်မစ် တွေ ရှိရာ ရှေ့ကိုတိုး ချီတက် နေတာ ဖြစ် ပါတယ်။

အခုနှစ် စောစောက ပြင်သစ် တပ်ဖွဲ့ဝင် တွေဟာ အစ်စလာမ်မစ် စစ်သွေးကြွ တွေကို မာလီနိုင်ငံ မြောက်ပိုင်း နေရာ အတော် များများက မောင်းထုတ် နိုင်ခဲ့ ပေမယ့် ကြိုကြား ကြိုကြား တိုက်ပွဲတွေ ကတော့ ဆက်ပြီး ဖြစ်နေ ခဲ့တာပါ။

တိုက်ပွဲ တွေဟာ ပြင်းထန်ပြီး ဆက်ဖြစ် နေတယ်လို့ မာလီ စစ်တပ် အရာရှိ တဦးက ပြောပါတယ်။ သူတို့ဟာ စစ်သွေးကြွ တွေကို ဝိုင်းရံ ပိတ်ဆို့ဖို့ လုပ်နေတယ်လို့ အဲဒီ အရာရှိက ပြောပါတယ်။

တိုက်ခိုက်မှု တွေအတွင်း အစ်စလာမ်မစ် စစ်သွေးကြွ ၈ ဦးထက် မနည်း သေဆုံးကာ မာလီ စစ်သား တဦးထက် မနည်း သေဆုံး တယ်လို့ မာလီ ဗိုလ်ချုပ်ကြီး တဦးက ပြောပါတယ်။ အရပ်သား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တင်ဘတ်တူ မြို့မှာ အခြေ အနေ တွေက တင်းမာ နေတယ်လို့ Bamako မြို့ကို ရောက် နေတဲ့ အနောက် အာဖရိက ဆိုင်ရာ ဘီဘီစီ သတင်းထောက် Thomas Fessy က ပြောပါတယ်။

တင်ဘတ်တူမြို့ အနောက်ဘက် ဆင်ခြေဖုံး ဒေသကို အစ်စလာမ်မစ် အုပ်စု တစုက ညဘက်မှာ ဝင်ရောက် ခဲ့ပြီးတဲ့နောက် မြို့ခံ လူတွေဟာ သူတို့ရဲ့ အိမ်တွေ ထဲမှာပဲ အရံ အတားတွေ ချပြီး နေနေ ကြပါတယ်။

ပြင်သစ် တပ်တွေဟာ မာလီ စစ်တပ်ကို နာရီပေါင်း အတော် ကြာကြာ ရှေ့တန်း မှာထား တိုက်ခိုက် ခိုင်းပြီး နောက်ဆုံးမှ သူတို့ ကြားဝင် တိုက်ခိုက် ခဲ့တာလို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ပြင်သစ် ဂျက် တိုက်လေယာဉ် တွေဟာ သူပုန် စခန်း တွေကို တနင်္ဂနွေနေ့ မနက်ပိုင်းက တိုက်ခိုက် ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မာလီ နိုင်ငံမှာ နိုင်ငံရဲ့ မြို့တော် Bamako မှာ စစ်တပ်က အာဏာ သိမ်းခဲ့ပြီး နောက်ပိုင်း အစ်စလာမ်မစ် သူပုန် တွေဟာ မာလီမြောက်ပိုင်းက နေရာ အတော်တော် များများကို ထိန်းချုပ် ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ စစ်သွေး ကြွတွေ ဘမာကို မြို့ကို အထိ ရှေ့တိုး ချီတက် လာနိုင် တယ်လို့ စိုးရိမ် မှုတွေ ရှိနေတာ ကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီက ပြင်သစ်က တပ်ဖွဲ့တွေ ပို့ပြီး ကြားဝင် ခဲ့ပါတယ်။ လောလောဆယ် မာလီမှာ ပြင်သစ် တပ်ဖွဲ့ဝင် လေးထောင်လောက် ရှိနေ ပါတယ်။

ပြင်သစ်တို့ ကြားဝင် ခဲ့ပြီးနောက် တင်ဘတ်တူမြို့ အပါအ၀င် အဓိက မြို့ကြီးတွကို ပြန်သိမ်း နိုင်ခဲ့ ပေမယ့် တောင်တန်း ဒေသမှာ တိုက်ခိုက်မှုတွေ ဆက်ပြီး ရှိနေခဲ့တာ ဖြစ်ပါတယ်။

မာလီ စစ်တပ်နဲ့ ချတ် နိုင်ငံက တပ်ဖွဲ့ဝင် ၂ဝဝဝ အပါအဝင် အာဖရိက နိုင်ငံ တွေက တပ်ဖွဲ့ တွေဟာ တိုက်ခိုက် မှုတွေမှာ ပါဝင် တိုက်ခိုက် နေခဲ့ ကြပါတယ်။

ပြင်သစ် ကတော့ လာမယ့် လမှာ သူတို့ တပ်ဖွဲ့ တွေကို မာလီက ရုတ်သိမ်းဖို့ စီစဉ် ထားပြီး အနောက် အာဖရိက နိုင်ငံတွေ ကတော့ သူတို့ တပ်ဖွဲ့ တွေကို ရွေးကောက်ပွဲ လုပ်မယ့် ဇူလိုင်လ အထိ ဆက်ထား လိမ့်မယ်လို့ ယူဆ ရပါတယ်။

From: BBC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်