Monday, April 01, 2013

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ မလိုဟု ဒေါ်စု ပြောသော်လည်း စည်းကမ်းမရှိသည့် လူငယ်တစ်စုရဲ့ လုပ်ရပ်

Posted by drmyochit Monday, April 01, 2013, under | No comments


မန္တလေး မဟာ အောင်မြေ မြို့နယ်မှာ မတ်လ ၃၁ ရက်နေ့ ညက လူနေ အိမ်များရှေ့ ရပ်နား ထားတဲ့ ကားတစီး မှန်တွေကို မူးယစ် နေတဲ့ လူငယ်တစ်စုက ဖျက်ဆီး မှုများ ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိ ပါတယ်။

ဒါဟာ တခြားအကြောင်းကြောင့်မဟုတ်ပဲ လူငယ်သဘာဝမူးယစ်ပြီး အုပ်စုဖွဲ ရမ်းကားတာမျိုးဖြစ်ကြောင်း၊ အခင်းဖြစ်ပွား ချိန်မှာ ၁၂ ဦးရှိခဲ့ပေမယ့် ဖမ်းဆီးရမိချိန်မှာ ၁၁ဦးသာမိခဲ့ပြီး ခေါင်းဆောင်ဖြစ်သူ ဗေဒါကြီး ကို ဧပြီ(၁) ရက် နံနက်ပိုင်းမှာ သူအိမ်ရှေက ဖမ်းဆီးရမိခဲ့တယ်လို့ မဟာအောင်မြေမြို့နယ် အမှတ်(၉)ရဲစခန်းက တာဝန် ကျ ရဲအုပ် စိုးမိုးနိုင်မှပြောပြ ခဲ့ပါတယ်။

အခင်း ဖြစ်ပွား ချိန်မှာ ပြတ်ရှဒဏ်ရာကြောင့် မင်းပိုင်(၁၇) နှစ်ကိုလည်း ပြည်သူ့ဆေးရုံကြီးမှာ တင်ပို့ ထားရ တယ်လို့ သူကပဲ ပြောပြ ပါတယ်။ အခုလက်ရှိ သူတို့ကို ဥပဒေပုဒ်မ ၂၉၄(ဆဲဆိုရမ်းကားမှု) ၄၄၀၊ ၅၀၄၊ ၄၂၇၊ ၁၄၄တွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ 

From : ..dvb 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်