Monday, April 01, 2013

အေပီနှင့် အန်အိပ်ခ်ျကေ သတင်း ဌာန၂ ခုကို ရန်ကုန်တွင် ရုံးခန်း ဖွင့်ခွင့်ပြု

Posted by drmyochit Monday, April 01, 2013, under | No comments

နိုင်ငံခြား သတင်း ဌာနေတွ ဖြစ်တဲ့ အေပီနဲ့ အန်အိပ်ခ်ျကေ သတင်းဌာန ၂ ခုကို ရန်ကုန်မြို့မှာ ရုံးခန်းဖွင့် သတင်း ယူခွင့်ပြု လိုက်ပါတယ်။

သက်ဆိုင် ရာ ပြန်ကြားရေး ၀န်ကြီး ဌာနက ဒီနေ့ပဲ ခွင့်ပြုလိုက်တာလို့ သတင်းနဲ့ စာနယ်ဇင်း လုပ်ငန်း ဦးဆောင် ညွှန်ကြား ရေးမှူး ဦးကျော်စိုးက ပြောပါတယ်။

ဟုတ်တယ်ဗျ။ ဒီမှာအခြေပြုပေါ့။ ဒီမှာ ရုံးခွဲ၊ ရုံးခန်း လေးတွေ ရှိမယ်။ ရိုက်တာပါ စိစစ်ပြီး ပေးပါတယ်။ သူတို့ဘက်က ပျက်ကွက် တာပါ။ ကျနော်တို့ ပေးတော့မယ်၊ သူတို့ဘက်က လာပြီး လိုအပ်တဲ့ အချက် အလက်တွေ တင်ပါ ဆိုတော့ မတင် နိုင်ဘူး။ ကျနော့်ဆီ ၃ ခုပဲ လျှောက်တာပါ။ ၃ ခု ပေးလိုက်တယ်။ ရိုက်တာက သူတို့ အားနည်း ချက်ကြောင့် အချိန်မီ တင်ဆိုတဲ့ အခါ သူတို့ မတင်နိုင်ဘူး။ ကျန်တဲ့ အေပီနဲ့ အန်အိပ်ခ်ျကေပဲ ဒီနေ့ပဲ လက်မှတ် ထိုးပေး လိုက်တယ်။

ဒါဟာ အစိုးရသစ် လက်ထက် နိုင်ငံခြား သတင်းဌာန ၂ ခုကို ပထမဆုံး အကြိမ် ရန်ကုန်အခြေပြု သတင်း ရုံးခန်း ဖွင့်ခွင့် ပြုတာ ဖြစ်တယ်။ မကြာခင် မှာလဲ ကျိုဒို သတင်း ဌာနကို ခွင့်ပြု ပေးဖို့ ရှိတယ် လို့လည်း သူက ပြောပါတယ်။

ရန်ကုန် အေပီ သတင်း ဌာနက ဒေါ်အေးအေးဝင်း ကတော့ မြန်မာ ပြည်မှာ အခုလို ဗျူရို ရုံးခန်း ဖွင့်ပြီး သတင်း ယူခွင့်မပြုတာ ကြာပြီမို့ ထူးခြား သလို ဖြစ်နေ တာလို့ ပြောပါတယ်။

မြန်မာပြည်မှာ နိုင်ငံခြား သတင်းဌာန ရုံးခွဲ ဖွင့်ခွင့် မပေးတာ နှစ်ပေါင်း တော်တော် ကြာပြီလေ။ အခု ဖွင့်ပြီး လုပ်ခွင့်ပြုတယ် ဆိုတော့ နိုင်ငံခြား သတင်းထောက်တွေ လာရင် သူတို့ အနေနဲ့ ၁ နှစ်လောက် သူတို့ ထုတ်ပေး နိုင်သွားပြီ။ ဥပမာ သတင်းထောက်ရဲ့ မိသားစု ၁ နှစ် လာနေမယ် ဆိုလည်း ဗီဇာ လျှောက်ရင် အဆင်ပြေ သွားတာပေါ့။ ”

နောက် အလုပ် လုပ်တာ ဒီလူတွေကပဲ ဒီသတင်းတွေလုပ်နေတာပဲ။ ဒါပေမယ့် မြန်မာပြည်မှာ အခြေ စိုက်ပြီး လုပ်နိုင်တဲ့ အခါ ကျတော့ လူတွေ အလုပ် တာဝန် နည်းနည်း ခွဲပြီး လုပ်နိုင်တော့ ကျယ်ကျယ် ပြန့် ပြန့် လုပ်နိုင် တာပေါ့။ အခု ဒါပထမဆုံး ခွင့်ပြု လိုက်တာ အေပီနဲ့ အန်အိတ်ခ်ျကေ ဆိုတော့ တခါမှ ပေးမဖွင့် ခဲ့ဘဲ အခုမှ ပေးဖွင့်တာ ထူးခြား တာပေါ့။

အရင် စစ် အစိုးရ လက်ထက်မှာ တရုတ် သတင်းဌာန ၂ ခုဖြစ်တဲ့ ဆင်ဟွာနဲ့ ကူမင်းဒေးလီး သတင်း ဌာနတွေ ကိုပဲ ဗျုရို ရုံးခန်း ဖွင့်ခွင့် ပြုထား ခဲ့တာ ဖြစ် ပါတယ်။

အခု ရန်ကုန်မှာ ရုံးခန်းဖွင့် အခြေ ပြုခွင့် ရလိုက်တဲ့ အေပီ သတင်း ဌာနဟာ သက်တမ်းရင့် အမေရိကန် သတင်း ဌာန တခု ဖြစ်ပြီး အန်အိပ်ခ်ျကေ သတင်း ဌာန ကတော့ ဂျပန်က နာမည်ကြီး သတင်း ဌာန တခု ဖြစ် ပါတယ်။

From: DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်