Monday, April 01, 2013

လူကိုမကူးစက်ဖူးတဲ့ H7N9 ကြက်ဌက်တုတ်ကွေးကြောင့် လူ ၂ဦးသေ

Posted by drmyochit Monday, April 01, 2013, under | No comments


တရုတ်နိုင်ငံမှာ အရင်တုန်းက လူသားတွေကို ကူးစက်မှုမရှိတဲ့ ကြက်ဌက်တုတ်ကွေးရောဂါကြောင့် လူ နှစ်ဦး သေဆုံးသွားပြီလို့ သိရပါတယ်။

H7N9 ရောဂါပိုးအတွက် ကာကွယ်ဆေးမရှိသေးဘူးလို့ သိရ (Credit: Getty Images)

H7N9 အမျိုးအစား ကြက်ဌက်တုတ်ကွေးရောဂါဟာ အရင်တုန်းက လူသားတွေကို ကူးစက်မှု မရှိခဲ့ ဖူးပေ မယ့် ခုအခါမှာ အဲဒီ ရောဂါကြောင့် အသက် ၈၇ နှစ်နဲ့ အသက် ၂၇ နှစ်အရွယ် အ မျိုး သား နှစ် ဦး သေ ဆုံး ခဲ့တာ ဖြစ်ပါတယ်။

သေ ဆုံး သူ နှစ် ဦး စလုံး ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ နာမ ကျန်းဖြစ်ပြီး မတ်လမှာ ကွယ်လွန် ခဲ့ကြ တာလို့ တရုတ် အစိုးရပိုင် သတင်းမှာ ဖော်ပြထားပါတယ်။

တခြားပြည်နယ်က အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာလည်း အဲဒီရောဂါ ကူးစက်ခံနေရပြီး အခြေ အနေ ဆိုးဝါးနေတယ်လို့ ဆိုပါတယ်။

ကွယ်လွန်သူ အမျိုးသား နှစ်ဦးနဲ့ နာမကျန်းဖြစ်သူ အမျိုးသမီးတို့ အားလုံး အဖျားကြီးပြီး အဆုတ် အအေး မိဒဏ် ဆိုးဆိုးဝါးဝါးခံစားကြရသလို အသက်ရှုခက်ခဲတဲ့ လက္ခာဏာတွေ ပြသကြတယ်လို့ ဆိုပါ တယ်။

လူနာ တွေကို အနီးကပ် ပြုစုခဲ့တဲ့ မိသား စုဝင် တွေ ဆွေးမျိုး တွေကို စမ်းသပ် ပေမယ့် အဲဒီ ရောဂါ လက္ခာ ဏာ မတွေ့ ရတဲ့ အတွက် ကူးစက် လွယ်တဲ့ ရောဂါ မ ဟုတ်ကြောင်း ကျန်းမာရေး အာဏာပိုင် တွေက မှတ် ချက် ချထား ပါတယ်။

ခု လောလောဆယ် အချိန် အထိ H7N9 ရောဂါ ပိုးကို ဘယ်လို ကူးစက် ရရှိကြ သလဲဆိုတာ မသိကြ သလို အဲဒီရော ဂါပိုး အတွက် ကာကွယ် ဆေးလည်း မရှိသေး ဘူးလို့ သိ ရ ပါတယ်။

radioaustralia

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်