Monday, April 01, 2013

မိုဘိုင်းဆင်းကတ် ၁ လ ၃ သိန်းခွဲ ရောင်းပေးမည်

Posted by drmyochit Monday, April 01, 2013, under | No comments


အခု ဧပြီလက စပြီး မိုဘိုင်းဖုန်း ဆင်းကတ်တွေကို တနိုင်ငံလုံး အတိုင်း အတာနဲ့ ၁ လကို ၃ သိန်းခွဲ ရောင်းချ ပေးမယ်လို့ ဆက်သွယ်ရေး ၀န်ကြီး ဌာန ပြည်ထောင်စုဒု-၀န်ကြီး ဦးသောင်း တင်က ပြောကြောင်း သမ္မ တရုံး ထုတ်ပြန် ချက် အရ သိရပါတယ်။

မိုဘိုင်းဖုန်း ဆင်းကတ်တွေ ရောင်းချရာမှာ ဂျီအက်စ်အမ် စနစ်အပြင် နဂိုက တပ်ဆင်မှု ရပ်ဆိုင်း ထားပြီလို့ ကြေ ညာထားတဲ့ CDMA 800 မဂ္ဂါဟပ်ဇ် ဖုန်းတွေ ကိုပါ ရောင်းချပေးမယ်လို့ ဒုဝန်ကြီးက ပြောပါ တယ်။ ပြည်သူတွေ ၀ယ်နိုင် တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးမယ် ဆိုပေမယ့် ဈေးနှုန်း သတ်မှတ် .ကြေ ညာ တာတော့ မရှိသေးပါဘူး။

ဖုန်းရောင်းချမှုတွေကို ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ အစိုးရပိုင်းကပဲ လုပ်ကိုင် သွားမှာဖြစ်ပြီး ပုဂ္ဂလိ ကတွေ ကို ရောင်းခိုင်းဖို့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။

လာမယ့် ၂၀၁၄ နှစ်လယ်အထိ မြန်မာ့ဆက်သွယ်ရေးကပဲ ဆင်းကဒ်တွေကို အရည်အတွက် အကန့် အ သတ် နဲ့ ရောင်း ချပေးသွားမှာဖြစ်ပြီး အဲဒီ အချိန်.ရောက်ရင် အခြား ပုဂ္ဂလိကပိုင်းက ၀င်ရောက် လုပ်ကိုင်နိုင်ပြီဖြစ် တဲ့အတွက် ဆင်းကဒ်တွေကို လိုသလောက်ရောင်းချပေးနိုင်မယ် လို့ ပြည်ထောင်စု ဒုဝန်ကြီး ဦးသောင်းတင်က ရှင်းပြပါတယ်။

DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်