Monday, April 01, 2013

"ဦးသောဘိတရေ… အမျှ…အမျှ...." အပိုင်း (၂)

Posted by drmyochit Monday, April 01, 2013, under | No comments



 ဦးတင်မောင်ဝင်း (ခ) ကုလားသည် အသက် (၄၀)နှစ် ရှိပြီး ဇနီးမှာ ဒေါ်သန်းသန်းမိုး ဖြစ်သည်။ လေးနှစ် သမီးလေး အမည်မှာ မနဒီဝင်း ဖြစ်ပြီး ပျံလွန်သူ ဦးသောဘိတ ထံမှာ (၃၈)ဖြာ မင်္ဂလာတရား သင်ယူ နေသည့် ကလေးငယ် ဖြစ်သည်။ ဦးတင်မောင်ဝင်းတို့ မိသားစု သည် ယက္ကန်း အလုပ်ရော တောင်သူ အလုပ်ပါ လုပ်ကိုင် အသက် မွေးကြသည်။

ဦး တင်မောင်ဝင်း လွတ်မြောက် သွားချိန်တွင် ဦးမျိုးဝင်း (ဖိနပ် ရောင်းဝယ်ရေး - ဇနီး မယု) ဦးအဏ္ဏဝါ တို့က ဓားဖြင့် ခုတ်ကြပြီး ဦးညီညီက ဓာတ်ဆီပုံး ယူလာကာ အပေါ်ရုံ သင်္ကန်း ဆွဲချွတ် ကြသည်။ ပက်လက် လန်နေသော ဦးသော ဘိတကို မျက်နှာပေါ်မှ စ၍ ဗိုက်ပေါ်နှင့် တစ်ကိုယ်လုံးပေါ် ဓာတ်ဆီ လောင်း ကြသည်။ ပုံးလိုက် သွန်းလောင်းခြင်း မဟုတ်ဘဲ ရေခွက် လေးများ ကိုယ်စီ ကိုင်၍ လောင်းကြ ခြင်း ဖြစ်သည်။ ၎င်းနောက် မီးရှို့ပစ်လိုက် ကြသည်။ ထိုသို့ ဓားခုတ်၊ မီးရှို့နေကြ သည်ကို သုခမြိုင် တည်းခို ခန်းနှင့် သုခမြိုင် လဘက်ရည် ဆိုင်ပိုင်ရှင် မြန်မာ မိသားစု များကလည်း မြင်ကြသည်။ ၎င်း လဘက်ရည် ဆိုင်ထဲသို့ ရောက်ရှိ နေသော ဦးစိုးသိန်း ဗန္ဓုလ ကားစပယာ၊ ဇနီး ဒေါ်ဝေမာလွင် တို့လည်း မြင်ကြသည်။ သုခမြိုင် လဘက်ရည် ဆိုင်မှ လဘက်ရည် ဖျော်ဆရာ ဦးကိုလင်း ကလည်း မြင်ရသည်။ ၎င်းတို့ကို မွတ်ဆလင် လူအုပ်ကြီးက ခဲဖြင့် ပစ်ပေါက်ကြ၍ ရပ်ကြည့် နေသူများ ထွက်ပြေး ကြရသည်။

မြန်မာ လူအုပ်ကြီး ချီတက် လာသည့်အခါ မွတ် ဆလင်များက ခဲဖြင့် ပစ်ပေါက်ကြသည်။ လေးခွနဲ့ ပစ်ခတ် ကြသည်။ မြန်မာ လူအုပ်ကြီး နီးလာ သည့်အခါ မွတ်ဆလင်များ ထွက်ပြေး ကြသည်။ မွတ်ဆလင်များ ထွက်ပြေးသည့် အခါ ခဲထု ခံရ၍ ပုန်းရှောင် နေသော မြန်မာ မိသားစုများ ပြန်ပြေး လာကြစဉ် ဓာတ်ဆီလောင်း မီးရှို့ရာတွင် ပါဝင်သော ဦးဖိုးချိုး (မွတ်ဆလင်) က ဦးသောဘိတ ကိုယ်ပေါ်မှ မီးများကို ပုဆိုးဖြင့် အုပ်၍ ငြှိမ်းသတ် နေသည်ကို တွေ့ရ ပြန်သည်။ ထို့နောက် သူလည်း ထွက်ပြေး လွတ်မြောက် သွားသည်။
မြန်မာ လူအုပ် ကြီးက ဗလီထဲ ဝင်ပြီး မီးရှို့ကြသည်။ ရပ်ကွက်ထဲမှ ဆိုင်ကယ် တစ်စီးပေါ် လူ (၄)ယောက်က ဦးသောဘိတ ကို ပွေ့တင် ပေးကြသည်။ ဆိုင်ကယ် မောင်းသူမှာ ဦးဝင်းဇော်ဦး ဖြစ်ပြီး ဦးသော ဘိတကို ပွေ့ချီ၍ ဆိုင်ကယ် နောက်မှ ထိုင်လိုက် သွားသူမှာ ကိုအောင်မင်းသူ ဖြစ်သည်။ ဦးသော ဘိတသည် စကား မပြောနိုင် အသံ မပြုနိုင် တော့ သော်လည်း အသက် ငွေ့ငွေ့ ရှိသေး သည်ဟု ဆိုသည်။ အပေါ်ရုံ သင်္ကန်းနှင့် သွေးကွက်သည် တစ်ခြား၊ မီးလောင်ကျွမ်း နေသည့် ဦးသောဘိတက တစ်ခြား ဖြစ်နေသည်။ ဦးသော ဘိတ၏ ကိုယ်မှာ ပတ်ထားသော သင်းပိုင် သင်္ကန်း လိပ်မှ သင်္ကန်းစ တစ်စ နှစ်စသာ ကျန်ခဲ့ သည်ကို တွေရသည်။

(ဓားနဲ့ အခုတ် ခံထားရသော ဆိုင်ကယ်ရှေ့ ဘီးကို မိတ္ထီလာတွင် စွန့်ပစ် ခဲ့ပြီး ဘီးသစ် လဲလာ ခဲ့သည်။ ဒုလ္လဘ ခံထား သည်မှာ နှစ်ရက်သာ ရှိသေးသော ဦးတင်မောင် ဝင်းနှင့် ၎င်း၏ အိမ်သည် သာစည် မြို့နယ် ဟံဇားရွာတွင် တည်ရှိသည်။)

From : ..ဦးဝီရသူ
Credit: Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်