Monday, April 01, 2013

ဘာသာရေးအစွန်းရောက်သူတွေကြောင့် ​ပြဿနာဖြစ်လို့ ​ကျွမ်းကျင်သူတွေပြော၊ ​ပြဿနာကြောင့် ​မြန်မာ့ဂုဏ်ညိုးနွမ်းလို့ ​သမ္မတဆို

Posted by drmyochit Monday, April 01, 2013, under | No comments

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာဟာ မူစလင်တွေကို မုန်းတီးတဲ့ ဘာသာရေး အစွန်းရောက် သူတွေ ကြောင့်ဖြစ်ပြီး အဲဒီထဲမှာ အစွန်းရောက်တဲ့ ဗုဒ္ဓသံဃာတော်တွေလည်း ပါဝင်တယ်လို့ ကျွမ်းကျင် သူတွေ က သုံးသပ်ကြ ပါတယ်။


မြန်မာနိုင်ငံမှာ မူစလင်လူမျိုးတွေကို မုန်းတီးတဲ့အဖွဲ့တွေ လှုပ်ရှားနေတယ်ဆိုတာ သိသာနေ တဲ့ အ ကြောင်း အဲဒီ ထဲက ဗုဒ္ဓသံဃာတချို့ဟာ အစ္စလာမ် ဘာသာအပေါ် သီးမခံဖို့ မုန်းတီးဖို့ အကြောင်း တွေ တရားဟောနေတဲ့အကြောင်း နိုင်ငံတကာ ပဋိပက္ခလေ့လာရေး ICG အဖွဲ့က Jim Della-Giacoma က ပြောလိုက်ပါတယ်။

မူစလင်လူမျိုးတွေ အစီအစဉ်ကျကျ နှိမ်နှင်းခံနေရတယ်ဆိုတာကို ကြည့်ခြင်းအားဖြင့် ဒီဖြစ်ရပ်တွေကို အနစ်တကျ စီစဉ်သူတွေ ရှိတယ်ဆိုတာကို ပြသတယ်လို့ ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးမှာ ရှေ့ပြေးအဖြစ် ရှုမြင်ခဲ့ကြတဲ့ သံဃာတော်တချို့ဟာလည်း ပဋိပက္ခအတွင်း ပါဝင်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

သံဃာတော် ဦးဝီရသူဦးဆောင်တဲ့အဖွဲ့ကတော့ မူစလင်လူမျိုးတွေပိုင်တဲ့ ဆိုင်တွေမှာ ဈေးမဝယ်ကြဖို့၊ အမြတ်အစွန်းတွေ တခြားလူမျိုးလက်ထဲ ရောက်သွားရင် ဘာသာနဲ့ စကားတွေ ထိခိုက်နစ်နာရပြီး မူစလင်တွေက အဲဒီအကျိုးအမြတ်ငွေတွေနဲ့ မြန်မာအမျိုးသမီးတွေကို ဝယ်ယူပြီး အစ္စလာမ်ဘာသာထဲ အတင်းဝင်ခိုင်းမယ့်အတွက် အားမပေးကြဖို့ တိုက်တွန်းခဲ့တာတွေလည်း ရှိတဲ့အကြောင်း အေဖက်ပီ သတင်းမှာ ဖော်ပြထားပါတယ်။

အေဖက်ပီနဲ့ တွေ့ဆုံရမှာ ဦးဝီရသူက ၉၆၉ အဖွဲ့အနေနဲ့ ပဋိပက္ခအတွင်း မပါဝင်တဲ့အကြောင်း သူတို့ အနေ နဲ့ မူ စလင် လူမျိုးအားလုံးကို ဆန့်ကျင်တာမဟုတ်ပဲ ရခိုင်လူမျိုးတွေအပေါ် အကြမ်းဖက်နေတဲ့ ဘင်ဂါ လီ လူမျိုးတွေ ကိုသာ ပစ်မှတ်ထားမှုတွေ လုပ်နေတာလို့ တုန့်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံတကာမှာ မြန်မာ့ ဂုဏ်သိက္ခာ ညိုးနွမ်းနေရတယ်လို့ သမ္မတ ဦးသိန်းစိန် ကပြောလိုက်ပြီး ဒီအကြမ်းဖက်မှာ ပါဝင်သူတွေကို အရေးယူမယ်လို့ ပြောလိုက် ပါတယ်။
ကုလ သမဂ္ဂ ကလည်း ပဋိပက္ခတွေအတွင်း မြန်မာစစ်တပ်တွေ၊ ရဲတွေပါဝင်ခဲ့တယ်လို့ ပြောခဲ့တာကို မြန် မာ အစိုး ရ က ငြင်းဆို လိုက်ပါတယ်။

မြန်မာဗုဒ္ဓဘာသာဝင်တွေက အကြမ်းဖက်မှုတွေလုပ်နေတာကို အာဏာပိုင်တွေက အရေး ယူမှုတွေ မလုပ် ခဲ့ ဘူးလို့ ပြောဆိုတဲ့ အပေါ် မြန်မာအစိုးရက အခြေအမြစ် မရှိတဲ့ ပြောဆိုချက်လို့ တုန့်ပြန် လိုက် ပါ တယ်။

ကုလသမဂ္ဂကိုယ်စားလှယ်အနေနဲ့ တဆင့်ကြားရတဲ့စကားကို မယုံကြည်သင့်ဘူးလို့ ပြောလိုက်ပါတယ်။

From:  radioaustralia

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်