Monday, April 01, 2013

ဦးသောဘိတ….. ရေ …… အမျှ….အမျှ….(၁)

Posted by drmyochit Monday, April 01, 2013, under | 1 comment

 (ဦးသောဘိတ သတင်းသုံးတော်မူတဲ့ သိမ်ကျောင်းဆောင်မှာ ချိတ်ဆွဲထားသော ဦးသော ဘိတ၏ ပုံ)
(ဦးသောဘိတ သတင်းသုံးတော်မူတဲ့ သိမ်ကျောင်းဆောင်မှာ ချိတ်ဆွဲထားသော ဦးသော ဘိတ၏ ပုံ)

၂၀-၃-၂၀၁၃-ညနေ ငါး နာရီ ခန့်မှာ ကျဆုံး ခဲ့ရ ရှာသော ဦးပဉ္စင်းကြီး ဦးသော ဘိတသည် သာစည် မြို့နယ်၊ ဟံဇားအုပ်စု၊ ဟံဇားကျေးရွာ၊ မိုးကောင်း ကျောင်းတိုက်မှာ သတင်းသုံး နေထိုင်သူ ဖြစ်ပါသည်။

သက်တော် (၄၅)နှစ် အရွယ်၊ သိက္ခာ(၂)ဝါ၊ တောထွက် ဦးပဉ္စင်းကြီး ဖြစ်ပါသည်။ ၄င်းသည် သဲတောမြို့ အရှေ့ဘက် ဒုန်းကုန်းရွာ ဇာတိ ဖြစ်ပြီး၊ ဦးမြရင်+ဒေါ်အိ တို့၏သား ဖြစ်ပါသည်။ ငယ်စဉ်က သဲတောမြို့ မြနှင်းဆီ စာသင် တိုက်မှာ ပထမ ငယ်တန်း အောင်မြင် သည်အထိ ရှင်သာမဏေ ဘဝဖြင့် ပညာ ဆည်းပူးကာ လူဝတ်လဲသွားခဲ့ခြင်း ဖြစ်ပါသည်။

လူ အမည်မှာ မောင်တင်ထွန်း ဖြစ်ပါသည်။ ဟံဇားရွာ မိုးကောင်းကျောင်း ဆရာတော် ဦးပဏ္ဍိစ္စသည် ကွယ်လွန်သူ ဦးသော ဘိတနှင့် သဲတော်မြို့ မြနှင်းဆီ စာသင်တိုက်မှာ စာသင်ဘက် သူငယ်ချင်း ဖြစ်ပါသည်။ ဦးသောဘိတသည် ဇနီး ဒေါ်..နှင့် သားတစ်ယောက်  သမီး တစ်ယောက် ထွန်းကား ခဲ့ပါသည်။ ၄င်းသည် သူငယ်ချင်း ဖြစ်သူ ဦးပဏ္ဍိစ္စထံ လာရောက် ရဟန်းခံ သည်မှာ (၂)နှစ်ကျော်ခဲ့ပြီ ဖြစ်ပြီး၊ ၂၀-၃-၂၀၁၃-ရက်နေ့ ညနေ (၄း၃၀) ခန့်တွင် ကလေး သူငယ် လေးများ ယဉ်ကျေး လိမ္မာ သင်တန်း အတွက် စာအုပ် လိုအပ်နေ၍ မိတ္ထီ လာသို့ စာအုပ်လာဝယ်ခြင်း ဖြစ်ပါသည်။ ယဉ်ကျေးလိမ္မာသင်တန်းတွင် ကလေးငယ် (၂၀၀) ကျော်ရှိပြီး (၃၈)ဖြာမင်္ဂလာ စာအုပ်က (၁၃၀)သာရှိသောကြောင့် သင်တန်းဆင်း သည်နှင့် ချက်ချင်း အရေးပေါ် ဈေးတက် ဝယ်ခြင်း ဖြစ်ပါသည်။

ဆိုင်ကယ် မောင်းသူမှာ ဦးတင်မောင်ဝင်း(ခ)ကုလား ဖြစ်ပြီး၊ ၄င်း၏(၄)နှစ်အရွယ် သမီးလေး ကလည်း ယဉ်ကျေး လိမ္မာ သင်တန်း တက်နေသည့် အပြင် ဦးသောဘိတ သွားလေရာ ဦးတင်မောင်ဝင်း(ခ)ကုလား အသက်(၄၀)ကို ခေါ်သွားလေ့ ရှိကြောင်း သိရပါသည်။

ဦး ကုလားရော ဦးသောဘိ တပါ မိတ္ထီလာမှာ ဖြစ်ပျက် နေသည်ကို လုံးဝမသိရဘဲ ဝယ်နေကျ ဖြစ်သော မိတ္ထီလာ ဈေး အနောက်ဘက် “ကျော်ဇောလင်းဆိုင်မှာ (၃ဂ)ဖြာ မင်္ဂလာ စာအုပ် ဝယ်ဖို့သာ စိတ် ထက်သန်နေ သည်ဟု သိရပါသည်။

ဦးသော ဘိတသည် အနီး အနား သွားလျှင် ဆိုင်ကယ် နောက်ခုံမှာ ဘေးတိုက် ထိုင် စီးလေ့ ရှိပြီး၊ မိတ္ထီလာ သွားရာတွင် ခရီး ဝေးသောကြောင့် နောက်မှ ခွ ထိုင်စီး၍ သွားခဲ့ခြင်း ဖြစ်ပါသည်။

ညနေ ငါးနာရီခန့် တော်ဝန်နန်းစားသောက်ဆိုင် မီးပွိုင့်အတက်တွင် လမ်းမကြီးဘေး ဝဲဘက် ယာဘက် ပလက်ဖောင်းပေါ်၌ ဓားများ၊ စတီးလ်လုံးများ၊ သံလုံးများ ကိုယ်စီ ကိုင်ဆောင် ထားသော မူဆလင်လူတန်းရှည် ကြီးကို တွေ့ရှိလိုက်ရာ ဦးတင်မောင်ဝင်း(ခ)ကုလားက “အခြေ အနေ မကောင်းဘူး၊ ပြန်လှည့်ရအောင်ဟု ဦးသောဘိတကို ပြောပါသည်။



(ရင်ခွဲရုံမှ ဦးသောဘိတ၏ ပုံ)

(ရင်ခွဲရုံမှ ဦးသောဘိတ၏ ပုံ)
ဦးသော ဘိတက “သူတို့ အချင်းချင်း ရန်ဖြစ် တာနေမှာပါ။ ကျုပ်ပါပါတယ်။ ဆက်သာမောင်း ပါဟု ပြောဆို၍ ဆက်မောင်းရာ မေတ္တာကားဂိတ်လမ်းမပေါ်တွင် ဖျက်ဆီးခံထားရသော ဆိုင် ကယ် တစ်စီး ကျိုးပဲ့ ပျက်စီး နေသည်ကို တွေ့ကြရပါသည်။

ထုံးအိုးကြီး ကွမ်းယာဆိုင် ဒေါင့် အရောက်တွင် ကောက်ဆွ(ခရင်း)ကြီး ကိုင်ထားသော မူဆလင် တစ်ယောက် ဘယ်ဘက် ပလက်ဖောင်းမှ ဖြတ်ကူး လာသည်ကို ဆိုင်ကယ် မောင်းသူ ဦးတင်မောင်ဝင်း(ခ) ကုလားက ဘက်မှန် ထဲမှ တွေ့မြင်လိုက် ရပါသည်။

ထို ကောက်ဆွကြီးဖြင့် အားကုန်လွှဲ၍ ရိုက်ချ လိုက်ရာ အုံးခနဲ အသံကြီးနှင့် အတူ ဦးသောဘိတ ခန္ဓာကိုယ်က ဦးတင်မောင်ဝင်း ပေါ်ကို ပိကျ သွားပါသည်။ ဦးတင်မောင်ဝင်းရော ဦးသော ဘိတ ကပါ “သာစည်ကပါ၊ ဟံဇာကပါ၊ စာအုပ် လာဝယ် တာပါ။ ဘာမျှ မသိရ ပါဘူး။ဟု တောင်း တောင်း ပန်ပန် မေတ္တာ ရပ်ခံ ခဲ့ကြ ပါသည်။ ထိုအချိန်တွင် ဆိုင်ကယ် ဘီးလှိမ့် ရုံသာ ဖြေဖြေလေး မောင်း ထား ပါသည်။ ရှေ့တည့်တည့် လမ်းမကြီး ပေါ်တွင်လည်း ကုလား အုပ်ကြီး က ပိတ်ဆို့ ထားပါသည်။

ထို တောင်းပန် နေချိန် မှာပင် ဦး သောဘိတ၏ ဘယ်ဘက် နားထင် လေးခွ မှန်သွား ပါသည်။ ကျော ကုန်းကို တဗုန်းဗုန်း ရိုက်သံကြားနေရပါသည်။ ဓားဖြင့်ခေါင်းကို လွှဲခုတ်လိုက်သည်ကို မြင် လိုက် ရပါသည်။ ဦးသောဘိတ ဘယ်ဘက်ကို ခွေခွေလေး ပြုတ်ကျသွားပါသည်။ ဆိုင်ကယ် ဒေါက်ထောက်ပြီး ဦးသောဘိ တကို ပွေ့တင်ပါသည်။ အသက်(၁၃/၁၄)နှစ်အရွယ် ကလေး တစ်ယောက် ပြေးလာပြီး ဦးသော ဘိတကို ပွေ့ထူပေးပါသည်။ နာရွက် အထက် နောက်စေ့မှ သွေးတွေ ဒလဟော စီးကျနေပြီး တစ်ကိုယ်လုံး ပျော့ခွေ နေရာ လုံးဝတင်လို့ မရတော့ပါ။

ဆိုင်ကယ် ပေါ်တွင် ပွေ့တင် နေစဉ် ဆိုင်ကယ်ကို ဓားနှင့်ခုတ်၊ ခြေနှင့် ဆောင့်ကန်ရာ ရှေ့ဘီး တာယာ ပျက်စီး သွားပြီး၊ လက်ကိုင်နှင့် ရှေ့ပိုင်းလည်း ဓားထိ သွားပါသည်။ ဆိုင်ကယ်လည်း လဲကျ သွား ပါသည်။ ဦးတင်မောင်ဝင်း လှည့်ကြည့်စဉ် ကောက်ဆွကြီးနှင့် ပထမ ဦးဆုံး ရိုက်သည့် ကုလားကြီးက ငါးဂါလံဆံ့ အဝါရောင် ပုံးတစ်ပုံး ထမ်းလာရင်း “မီးရှို့ မီးရှို့-ဟု အော် ပြေး လာ သည်ကို တွေ့လိုက် ရပါသည်။

ထိုစဉ် “ဒကာကြီး လွတ်အောင်ပြေးဟု ဦးသော ဘိတက အားကုန် အော်ပြော ပါသည်။ ဦးသော ဘိတကို ပွေ့ထူဖို့ လာသော ဘောင်းဘီတို ဝတ်ထားသော ကလေးလေးကလည်း “ဦးလေး ပြေးတော့ ပြေးတော့ဟု အော်ပြောပါသည်။

ဦးသော ဘိတအား သဲကြီး မဲကြီး ရိုက်နှက် နေကြ ချိန်တွင် ဦးတင်မောင်ဝင်းကို လုံးဝ ပစ်မှတ် မထား ပါ။ ဦးတင်မောင်ဝင်းကို အသားကညို၊ မုဆိတ် ပါးပြိုင်း မွှေးတို့ ကလည်း ရှိနေ၍ ကုလား ဟု တင်ပုံ ရပါသည်။ ဦးတင်မောင်ဝင်းလည်း ဆိုင်ကယ် မောင်းပြေးရာ ခဲတွေ၊ တုတ်တွေ၊ ဓားတွေနှင့် ပစ်ပေါက် ထုနှက် ကြပါ တော့သည်။

“အဲဒီကောင် ဗမာ လိုက်.”ဟု ပြောသံတွေ ကြားရပြီးမှ ခဲမိုးတွေ ရွာခြင်း၊ တုတ်ဆွမ်း ဓားဆွမ်း လောင်းကြခြင်း ဖြစ်ပါသည်။ ဆိုင်ကယ် သုံးချက် အခုတ်ခံ လိုက်ရပါသည်။

တံတားထိပ် ရောက်သည့်အခါ မြန်မာ လူအုပ်ကြီးနှင့် တွေ့ပါသည်။ “ကယ်ကြပါဦး၊ ဦးဇင်းတစ်ပါး အ သက် ခံရပြီ ယဉ်ကျေးမှု စာအုပ် လာဝယ် တာပါဟု ပြော၍ အကူ အညီတောင်း လိုက်ပါ သည်။ လက်နက် မပါသည့် မြန်မာ လူအုပ်ကြီး တုတ်ဓား လက်နက်ကိုင် ဆောင်ထားသော ကု လား လူအုပ်ကြီးဘက် ထွက်ခွါ သွားပါသည်။

From : ..ဦးဝီရသူ

1 comments:

ဒီအကြောင်းတွေကို English လိုဘာသာပြန်ပြီး You Tube လိုwebsite တွေမှာတင်သင်ပါတယ်...ဒါမှအဖြစ်မှန်ကိုတကဘာလုံးသိကြမှာပါ....
ဦးဇင်းအတွက်စိတ်မကောင်းဖြစ်မိပါတယ်..ဘုရား..နောက်ဘဝမှာဒီလိုအဖြစ်ဆိုးမျိုးနဲ.မကြုံတွေပါစေနဲ.ဘုရား....

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်