Friday, May 17, 2013

မြန်မာပြည်သူပေါင်းများစွာ သတ်ဖြတ်ခဲ့သည့် အမြောက် ပြည်သူ့ရင်ပြင်၌တွေ့

Posted by drmyochit Friday, May 17, 2013, under | No comments


အများပြည်သူများ အပန်းဖြေရာ နေရာတစ်ခုဖြစ်သည့် ပြည်သူ့ရင်ပြင်ဝင်း အတွင်းရှိ ဦးဝိစာရ ရှော့ ပင်းမောလ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲသုံး ထန်းလုံး အမြောက် တစ်ခုကို မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်က တွေ့ရှိခဲ့ကြောင်း သွားရောက် စစ်ဆေး သည့် ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်း ဝင်းက ပြောကြားသည်။

ဦးဝိစာရ ဝင်ပေါက်အနီး မြေတူးစက်ဖြင့် မြေတူးရာမှ အလေးချိန် ခြောက်တန်ရှိသည့် အရှည် ၁၄ ပေနှင့် ၅ လက်မ၊ ထိပ်ဝ အချင်း ၁၃ လက်မ၊ နောက်ပိုင်းအချင်း ၂၃ လက်မရှိ ထန်းလုံး အမြောက်ကို တွေ့ရှိခဲ့ကြောင်း ရန်ကုန် တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

"နှစ်ပေခွဲ အကွာမှာ တွေ့တာ။ အမြောက်နောက် ပိုင်းက အပိတ်တော့ မပါတော့ဘူး။ မြေကြီးထဲမှာ ကျန်ခဲ့ တယ် ထင်တယ်" ဟု သွားရောက်စစ်ဆေး သည့် ရှေးဟောင်းသုတေသန အမျိုးသားပြတိုက် နှင့် စာကြည်တိုက် ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းဝင်းက ပြောကြား သည်။

အဆိုပါအမြောက်နှင့် ပတ်သက်၍ အချက်အလက်များကို ယဉ်ကျေးမှုဝန်ကြီး ဌာနတွင် တင်ပြထားကြောင်း၊ လက်ရှိ တွင် ယင်းနေရာ၌ပင် ထားရှိကြောင်း ၄င်းထံမှ သိရသည်။

ယခုအမြောက် တွေ့ရှိရာ နေရာသည် ရွှေတိဂုံဘုရားနှင့် နီးသောကြောင့် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်တပ် များက ရွှေတိဂုံ ရင်ပြင်၌ တပ်စွဲခဲ့ပြီး အင်္ဂလိပ်စစ်တပ်သုံး အမြောက်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန အမျိုး သားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနထံမှ သိရသည်။

အင်္ဂလိပ်-မြန်မာ စစ်ပွဲသုံးအမြောက် နှစ်ခုကို ပြည်သူ့ ရင်ပြင် ယခုတွေ့ရှိသော နေရာနှင့် ပေ ၈၀ အကွာတွင် ၂၀၁၂ ခုနှစ် အတွင်းကလည်း တွေ့ရှိခဲ့ကြောင်း ယင်း ဌာနထံမှ သိရှိရသည်။

From : ..the voice

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်