Friday, May 17, 2013

မူဆယ် ရဲစခန်း မြောက်ဘက် ၆ ဖာလုံခန့် အကွာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

Posted by drmyochit Friday, May 17, 2013, under | No comments

နေပြည်တော် မေ ၁၇

၂၀၁၃ခုနှစ်၊ မေ ၁၆ရက် ည ၉နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မူဆယ် ရဲစခန်းမြောက်ဘက် ၆ ဖာလုံ ခန့် အကွာ ဟိုမွန် ရပ်ကွက်၊ သစ်တောရုံးလမ်းရှိ မြို့နယ်သစ်တောဝန် ထမ်းအိမ် ယာ ခြံဝင်း၏ အနောက်တောင် ဘက် ခြံစည်း ရိုးနှင့် ကပ်လျက် အမှိုက်ပုံတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ အခင်းဖြစ်ပွားရာသို့ နယ်မြေခံ တပ်မတော်သားများနှင့် တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ရာ ဆံပင် ရှည် အမျိုးသား အလောင်း(၁)လောင်း (အမည်/ နေရပ်လိပ် စာ စိစစ်ဆဲ) ၀မ်းဗိုက် ပွင့်ထွက်ကာ ၀ဲခြေထောက်နှင့် ၀ဲဘက်လက် ကြေမွ ပြတ်တောက် ဒဏ်ရာများဖြင့် သေဆုံးလျက် ရှိကြောင်း တွေ့ရှိခဲ့ရသည်။
 စစ်ဆေး တွေ့ရှိချက်များ အရ သေဆုံးသူမှာ အဆိုပါ ဗုံးထောင်သူဟု ယူဆရကြောင်းနှင့် ၎င်းဖြစ်စဉ်အား တာဝန်ရှိသူ များမှ ဆက်လက် စုံစမ်း ဖော်ထုတ် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သတင်းရရှိသည်။

From: မြ၀တီ




0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်