
၁၁-၄-၂၀၁၃။ ထိုနေ့စွဲသည် သင်္ကြန်မတိုင်ခင် ဖြစ်ပွားခဲ့သည့် သွေးစွန်းသော ရက်စွဲ တစ်ခုဖြစ်ခဲ့သည်။ သို့ သော် ထိုကာလအတွင်းနှင့် သင်္ကြန်ကာလအတွင်း ကျွန်တော်တို့ ဖတ်ခဲ့ရသော သတင်းများ သည်ကား ချောင်း သာ သို့သွားသည့် ကား မှောက်သည့် သတင်း၊ AGB ဘဏ် မဏ္ဍပ်ရှေ့တွင် တပ်မတော်သားများ ခိုက်ရန် ဖြစ် ပွားဟု ဆိုသည့် အမှန်တစ်ဝက် သတင်း များသာ ဖြစ်ခဲ့လေသည်။ .jpg)
ဖြစ်စဉ်ကတော့ မိုင်းကိုင်မြို့တွင် ဆောက်လုပ်ရေး လုပ်ငန်း အောက်မှ လမ်းအလုပ်သမားများ သင်္ကြန် ပိတ် ရက် အတွက် ဖောကားအပြာဖြင့် ပြန်လာရာ အရက်မူးနေသော ကားမောင်းသမားကြောင့် မိုင်းပွန်နဲ့ ဟိုပုံး ကြား မိုင် တိုင် ၁၄၉ နားအရောက်၌ အရှိန် မထိန်းနိုင်ဘဲ ကား ချောက်ထဲကျခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ် ဖြစ် ပွား ချင်း၌ ကား (၁)စီး ၂ စီး ဖြတ်သွားခဲ့သော်လည်း ကြည့်သွားယုံမှ အပ ဘာမှ မကူညီခဲ့ကြ။
သိပ်မကြာခင် စစ်ကား aerolous တစ်စီးနှင့် စစ်သား အယောက် ၂၀ ခန့် ရောက်လာသည့် အခါတွင်တော့ အလုပ် စကြတော့သည်။ ချောက်ထဲကျသွားသည့် လူများကို လက်ဆင့်ကမ်း ဆွဲတင်ကြသည်။ ကားချောက် ထဲ ကျသည် ဆိုတော့ အချို့ကားများက ရပ်ပြီး ကြည့်ကြသည်။ အချို့ကတော့ ကြည့်သွားယုံထက် မပိုခဲ့ကြ။ အများ စုကတော့ သနားပါတယ် ဆိုသော စကားဖြင့်သာ ကူညီခဲ့ကြသည်။ 
စစ်ကားပေါ်မှ အရာရှိနှင့် အတူ ကူညီ ဆောင်ရွက်ပေးနေသူ တစ်ဦးကတော့ မိုင်းကိုင် မှ တိမွေးကု ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာ နေလင်းပင်။ ထို့နောက် ဆောက်လုပ်ရေးနှင့် မိုင်းပွန် ရဲစခန်းသို့ အေ ကြာင်း ကြား ကြသည်။ သို့သော် အလှမ်းကွာဝေးနေသည့် နေရာဖြစ်သည့်အတွက် ချောက်ထဲကျသည့် လူ များ၊ ပစ္စည်းများ အားလုံး လမ်းပေါ်ရောက်သည် အထိ အကူအညီများ မရောက်လာခဲ့။
ချောက်ထဲကျသည့် သူအားလုံးကို အပေါ်သို့ ဆွဲတင်ပြီး ချိန်တွင်တော့ အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၁ ယောက် မှ ဖြစ်သည့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ ၃ နှစ်သား အရွယ် ကလေးငယ်လေး မှာေ တာ့ ချောက်ထဲမှ အပေါ်သို့ အရောက်တွင် ဆုံးသွားခဲ့သည်။ ဒဏ်ရာ ပြင်းထန်သူများ ဒဏ်ရာ ရသူများကို စစ်သား များက တောင်ကြီးသို့ သွားသည့် ကားများပေါ်သို့ တင်ရန် ကြိုးပမ်းကြသည်။ အချို့ကားများက အမှု ပတ်မည် စိုးသဖြင့် လက်မခံလိုကြ။ ခရီးဖင့်မည် စိုးသဖြင့် မကူညီလိုကြ။ တစ်ယောက် တင်၍ ရသည့် ကားေ ပါ် ဒဏ်ရာ ရသူ တစ်ယောက် တင်ပေးကာ ဒဏ်ရာ ရသူများကို ကူညီပေးခဲ့ကြသည်။
တောင်ကြီး ဆေးရုံသို့ ရောက်ပြီးနောက် ဆောက်လုပ်ရေးမှ သေဆုံးသူတွေရဲ့ မိဘတွေကို ကူငွေ ၅ သိန်း၊ တောင် ကြီး ကူညီမှု အသင်းများက ၄ သိန်း ပေးသည်ဟု သိရသည်။ ယခုတော့ အဆိုပါဖြစ်စဉ် နေရာတွင် နောင် မဖြစ်စေရန် တိုင်များ စိုက်ထူထားကြောင်း သိရသည်။ 
အဆိုပါ ဖြစ်စဉ်သည် မည်သည့် မီဒီယာတွင်မှ ရေးသားခဲ့သည်ကို မတွေ့ရပါ။ ကူညီခဲ့သော တပ်မတော် သားများ ကို ၄င်းတို့ ကူညီခဲ့သဖြင့် အသေအပျောက် နည်းခဲ့ကြောင်း ခယက ဥက္ကဌနှင့် ဆောက်လုပ်ရေး အင်ဂျင် နီ ယာချုပ် တို့ ၂ ဦးမှ ချီးကျူးခဲ့သည်ဟု သိရသည်။ ဒဏ်ရာရ ကူညီမှုများ အပြီး တွင်တော့ လေး စား ဖွယ် စစ်သားများ၏ လုပ်ရပ်ကို ထပ်မံ တွေ့လိုက်ရသည်။ ထိုအချက်မှာတော့ စေတနာကို ဝေဒနာ မဖြစ်စေ ချင်၍ စစ်သားများကို တန်းစီကာ မည်သည့် ပစ္စည်းမှ ယူမသွားကြောင်း သက် သေများ ရှေ့တွင် စစ်ဆေးပြ ခဲ့ခြင်းပင်။
( အဆိုပါ ဖြစ်စဉ်တွင် ကူညီပေးခဲ့ကြသော တပ်မတော်သားများကို လေးစားဂုဏ်ပြုပါသည်။ သတင်းနှင့် ဓာတ် ပုံ ပေးပို့သူအားလည်း အထူးကျေးဇူးတင်ပါသည်။)







From: Opposite Eyes Blog
Friday, May 17, 2013
တပ်မတော်သားများ ကူညီ၍ မီဒီယာ စာမျက်နှာထက် မရောက်ခဲ့တဲ့ မိုင်းပွန်နဲ့ ဟိုပုံးကြား ကားချောက်ထဲ ကျသည့် ဖြစ်စဉ်
Posted by drmyochit
Friday, May 17, 2013, under ဓါတ်ပုံသတင်း | No comments
Time in Rangoon

0 comments:
Post a Comment