Friday, May 17, 2013

စံကောင်းပီနံအိပ်စက်ရုံမှ အလုပ်သမား ၅၀၀ ကျော် ၆ ရက်ဆက်တိုက် ဆန္ဒပြ

Posted by drmyochit Friday, May 17, 2013, under | No comments


ရန်ကုန် ၊မေ ၁၆။

လှိုင်သာယာမြို့နယ် ငွေပင်လယ်ရေလုပ်ငန်းစက်မှုဇုန်ရှိ စံကောင်းပီနံအိပ် စက်ရုံ အလုပ်သမား ၅၀၀ ကျော် သည် ယနေ့အပါအ၀င် ၆ ရက်ဆက်တိုက် ဆန္ဒပြနေကြောင်း အဆိုပါ စက်ရုံ၏ အခြေခံ အလုပ် သမား အဖွဲ့ အစည်းမှ ဥက္ကဋ္ဌဖြစ်သူ ကိုဝင်းထွန်းအောင်က ပြောကြားသည်။
“ကျွန်တော်တို့ လုပ်နေတာ တစ်ယောက်အတွက်မဟုတ်ပါဘူး။

အများအတွက်လုပ်နေတာပါ။ကျွန်တော်တို့နဲ့မတူ ဘဲအလုပ်သွားလုပ်နေတဲ့ သူတွေ ကိုလည်း တားပိုင်ခွင့် မရှိ ပါဘူး”ဟု ၎င်းက ပြောကြားသည်။
ပြီးခဲ့ သည့် ဧပြီလ ၂၉ ရက်နေ့က အဆိုပါ စက်ရုံ၏ ၀န်ထမ်း ၄၇ ယောက်အား အလုပ် ထုတ်ပယ်ပြီးနောက် ပိုင်း ဆွေးနွေးမှု များ အဆင်မပြေ သည့်အတွက် ယခုကဲ့သို့ ဆက်တိုက် ဆန္ဒပြမှု များ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း သိရသည်။


အလုပ်သမားများအနေဖြင့် တည်ဆဲဥပဒေနှင့် ဆန့်ကျင်သော ဆန္ဒထုတ်ဖော်၍ စုဝေးခြင်း၊ ဆွေးနွေးခြင်း၊ ညှိနှိုင်းတိုင်ပင်ခြင်း၊ စာရွက် စာတမ်း ဖြန့်ဝေခြင်း၊ ကြော်ငြာ ပိုစတာကပ်ခြင်း၊ အစည်အဝေးပြုလုပ်ခြင်းတို့ကြောင့် ကုမ္ပဏီ၏ အလုပ်ခန့်အပ်မှုစာချုပ်ပါအရ အလုပ်ထုတ်ခြင်းဖြစ်ကြောင်း စံကောင်းပီနံအိပ် စက်ရုံစီမံခန့်ခွဲမှု ဒါရိုက်တာ ဦးခင်မောင်မြင့် က ပြောကြားသည်။

အလုပ်သမားများအနေဖြင့် ဆန္ဒပြမှုများပြုလုပ်နေခြင်းမှာ နှစ်ဦးနှင့်ဖက်အတွက် အကျိုးမရှိကြောင်းနှင့် ညှိနှိုင်မှုများလုပ်ဆောင်ပေးခဲ့သော်လည်း အလုပ်သမားများအနေဖြင့် အချက်အလက်များကို ပိုမိုတောင်းခံလာကြသောကြောင့် အဆင်မပြေမှုများ ရှိလာကြောင်း ဦးခင်မောင်မြင့် က ပြောကြားသည်။
အလုပ်သမားများသည် ယခင်က တောင်းဆိုချက် ၃ ခုသာ ရှိခဲ့သော်လည်း ယခုအခါ တောင်းဆိုချက် ၄၄ ခုအထိရှိလာကြောင်း သိရသည်။

အလုပ်သမား အနေဖြင့်လည်း အလုပ်သမား(၄၇)ဦးအား အလုပ်ထုတ်ခြင်းနှင့်ပတ်သက်၍ ခုံသမာဓိရုံး၏ အဆုံးအဖြတ်ကိုခံယူသွားမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ဆန္ဒထုတ်ဖော်နေခြင်းမှာ ဆွေးနွေးမှုများကို လိုလားသောကြောင့်သာ ဆန္ဒပြခြင်းဖြစ်ကြောင်း အလုပ်သမားအဖွဲ့မှ ဦးဆောင်သူ တစ်ဦးက ပြောကြားသည်။

စံကောင်းပီနံအိပ် စက်ရုံတွင်အလုပ်သမားစုစုပေါင်း (၁၇၀၉)ဦး ရှိပြီး အလုပ်တက်သူများမှာ စုစုပေါင်း(၄၀၀)ခန့် ရှိကြောင်းနှင့် ဆန္ဒပြသူအလုပ်သမာများ ငါးရာ မှ တစ်ထောင်ဝန်းကျင်ခန့် နေ့စဉ် ဆန္ဒပြမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပိုင်လေး
@ မြန်မာ့ခေတ် 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်