Friday, May 17, 2013

ပေါက်တော ငှက်ချောင်း ဒုက္ခသည်စခန်းမှ ဘင်္ဂလီ စက်လှေနစ် လူသေမူ အစိုးရပိုင် သတင်းစာတွင် ဖေါ်ပြ

Posted by drmyochit Friday, May 17, 2013, under | No comments


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်း ဒုက္ခသည် စခန်းမှ မုန်တိုင်း အန္တရာယ်ကို ရှောင်ကွင်းတဲ့ စက်လှေ တစ်စင်း မေလ ၁၃ ရက်နေ့က နစ်သွားရာမှာ လူအနည်းဆုံး ၅၀ မှ  ၁၀၀ အကြား တွင် ပျောက်ဆုံးနေပါတယ်။

ဒီစက်လှေ နစ်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မေလ ၁၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ ခုလို ဖေါ်ပြ ပါတယ်။

ဘင်္ဂလီ ဒုက္ခသည် များအား ကန်ဆိပ်တောင်ပေါ်သို့ မုန်တိုင်း ခိုလှုံရန် ရွှေ့ပြောင်းပေးမှုကို ငြင်းဆို ၄င်းတို့ ဆန္ဒအလျောက် ညအချိန်တွင် တိတ် တဆိတ် ထွက်ခွာရာမှ လှေတစ်စင်း နစ်မြုပ် ခဲ့ခြင်းဖြစ်

စက်လှေပိုင်ရှင်က ဒုက္ခသည်တစ်ဦးလျင် ကျပ် ၁၀၀၀၀ ဖြင့် ပို့ဆောင်ပေးခြင်းဖြစ်သည်ဟုဆို

၂၀၁၃ ခုနှစ် မေ ၁၃ ရက် ညက ပေါက်တောမြို့နယ် တောင်ဦးမော်ကျေးရွာအနီး ကုလားတန်မြစ်နှင့် ကျွဲကူးမြစ်ဆုံတွင် နစ်မြုပ်ပြီး ဘဂါင်္လီလူမျိုး ၅၀ ကျော် ပျောက်ဆုံး၍ ၄၀ ကျော်ကိုကယ်တင်နိုင်သည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် သတင်း ထုတ်ပြန်ရေး အဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ပြောကြား ရာတွင်  မေ ၁၃ ရက် နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ရခိုင်ပြည်နယ် သဘာဝ ဘေးအန္တရယ် စီမံခန့်ခွဲရေး အဖွဲ့ဝင် ပြည်နယ် လျှပ်စစ် ၀န်ကြီး ဦးသာလူချေနှင့် အဖွဲ့သည် ပေါက်တောမြို့နယ် ငှက်ချောက် ကယ်ဆယ်ရေး စခန်းရှိ ဘဂါင်္လီဒုက္ခသည်များအား ၄င်းစခန်းအနီးရှိ ကန်ဆိပ် တောင်ပေါ်သို့  မုန်တိုင်း ခိုလှုံရန် အတွက် ရွှေ့ပြောင်းပေးမည်ဟုပြောရာ ငြင်းဆိုကြောင်း၊

လက်ရှိ နေရာတွင် မပြောင်းရွှေ့ဘဲနေလိုကြောင်း ပြောဆိုကြောင်း၊ ၄င်းဘဂါင်္လီဒုက္ခသည်များမှာ ယင်းနေ့ည ၁၂ နာရီခန့်တွင် ပေါက်တောမြို့နယ် ဒုံရွာသား ဘဂါင်္လီ ဒုက္ခသည် များသည် မိမိတို့ ဆန္ဒ အလျောက် စက်လှေ ခုနှစ်စင်းဖြင့် ဆင်တက်မော်ဘဂါင်္လီကျေးရွာသို့ တိတ်တဆိတ် ထွက်ခွာ သွား ခဲ့ကြောင်း၊ စက်လှေ ၆ စင်း ဆင်တက်မော်ဒုက္ခသည်စခန်းသို့ရောက်ရှိပြီး စက်လှေ တစ်စင်း နစ်မြုပ်ခဲ့ သည်ဟု သိရကြောင်း၊ သတင်းရသည်နှင့် ချက်ချင်း ရှာဖွေရေး လုပ်ငန်းများကို ဆောင်ရွက်ရာ လူု ၄၂ ဦး အသက် ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး လူ ၅၀ ကျော် ပျောက်ဆုံးနေသည်ကို တွေ့ရကြောင်း၊ စက်လှေပေါ် တွင် လူ၉၀ မှ ၁၀၀ ကြား စီးနင်းလာခဲ့သည်ဟု စုံစမ်းသိရကြောင်း၊ ဘဂါင်္လီဒုက္ခသည်များသည် ပြည်နယ် အစိုး ရ အဖွဲ့၏ မုန်တိုင်းအန္တရယ်ကာကွယ်ရန် ကန်ဆိပ်တောင် ပေါ်သို့ ပြောင်းရွှေ့မှုကို ငြင်းဆိုပြီး မိမိတို့ သဘော ဆန္ဒ အရ ညအချိန် တိတ်တဆိတ် ထွက်ခွာသွားသဖြင့် ယခုကဲသို့ အန္တရယ်နှင့် ကြုံတွေ့ ခဲ့ရခြင်း ဖြစ်ကြောင်း၊ စက်လှေပိုင်ရှင်မှာ ပေါက်တောမြို့နယ် အနောက်ရွဲ ကယ်ဆယ်ရေးစခန်းမှ အီမန် ဟူဆောင်း(ခ) မော်ဒူလာ အသက် (၃၂ နှစ်) (ဘ) ဆွေဟော့ဒူဆောင်းဖြစ်ကြောင်း၊ ၄င်းသည် ကယ်ဆယ်ရေး စခန်းမှ ဒုက္ခ သည် များအား တစ်ဦးလျင် ကျပ် ၁၀၀၀၀ဖြင့် ပို့ဆောင် ပေးခြင်း ဖြစ်ကြောင်း၊ စက်မောင်း သူမှာ မျှော်ယူဆောင်း (၅၂ နှစ်) (ဘ) အူရာ မျာဖြစ်ပြီ ထွက်ပြေး တိမ်းရှောင်နေကြောင်း၊

ကယ်ဆယ်ပြီးသူများမှာ ကျား ၂၄ ဦး၊ မ ၁၉ ဦး၊ ပေါင်း ၄၃ ဦးဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို တပ် မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူများမှ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ စက်လှေ တိမ်းမှောက် မှုအား ပေါက်တောရဲစခန်းတွင် မေ ၁၄ ရက် ည ၉ နာရီက အမှုဖွင့် အရေးယူ ထားကြောင်းဖြင့် ပြည်နယ် အစိုးရ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းမှ မေ ၁၅ ရက် နေ့လယ် ပိုင်းတွင် ပြောပြသည်။

From: နိရဉ္စရာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်