Friday, May 17, 2013

ပုဒ်မ(၄ဝ၁)အား လုံးဝမရှိသင့်ကြောင်း ကိုနေမျိုးဇင် ပြောကြား

Posted by drmyochit Friday, May 17, 2013, under | No comments

မအူပင်၊ မေ ၁၇။


မအူပင် အကျဉ်းထောင်မှ ယနေ့မွန်း လွဲ (၁)နာရီခွဲခန့် အချိန်ခန့်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက် လာသော ကိုနေမျိုးဇင် က ၎င်းအား ပြစ်ဒါဏ်ကျစေခဲ့သော ပုဒ်မ(၄ဝ၁)နှင့် ပတ် သက်၍ လုံးဝမရှိသင့်ကြောင်း မြန်မာ့ခေတ်သို့ ပြောကြားသည်။
ပုဒ်မ(၄ဝ၁)နှင့် ပတ်သက်၍ လုံးဝမရှိသင့်ကြောင်း၊ အဆိုပါ ပုဒ်မ(၄ဝ၁)ဖြင့် လွှတ်လာသူများ အားလုံးကိုလည်း အကြွင်းမဲ့ လွတ်ပေးသင့် ကြောင်း၊ အာဏာရှင်ခေတ်ကို ဝေဖန်ဆန့်ကျင်၍ ချမှတ်ခံခဲ့ရသော ပြစ်ဒါဏ်များကို ဒီမိုကရေစီ ကူးပြောင်းနေသည့် ကာလသို့ ယူဆောင်မလာ သင့်တော့ကြောင်း ၎င်းက ပြောကြားသည်။

၎င်းအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့် ပတ်သက်၍လည်း “အရမ်း ဝမ်းသာပါတယ်၊ တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာက လုပ် နိုင်တဲ့သူတွေကို အကျဉ်းထောင်ထဲမှာ ထားတာထက် အားလုံးနဲ့ ပူးပေါင်းလက်တွဲလုပ်တာက တိုင်းပြည်အတွက် ပိုကျိုးရှိတာပေါ့”ဟု ဆို သည်။

ကိုနေမျိုးဇင်အား ရဲဝန်ထမ်းများကို အသရေဖျက်မှု ပုဒ်မ (၅ဝဝ) ဖြင့် ဒဏ်ငွေနှစ်သောင်း ပေးဆောင်ရန် ပန်းတနော် တရားရုံးက မေ ၂ ရက် တွင် အမိန့် ချမှတ်ခဲ့ပြီး ပေးဆောင် ရန် ငြင်းဆန် ခဲ့သောကြောင့် ထောင် ဒဏ်သုံး လ ပြစ်ဒဏ်ကို ပြောင်းလဲချမှတ်ရာမှ မအူပင် အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပြီး ၎င်း ၏ ဆွေမျိုး များက မေ ၇ ရက်တွင် ပန်းတနော် တရားရုံးသို့ ဒဏ်ငွေကျပ်နှစ်သောင်း သွားရောက်ပေးဆောင် ခဲ့သော် လည်း ပုဒ်မ (၄ဝ၁)ဖြင့် ထောင်ဒါဏ်ခြောက်နှစ် ထပ်မံချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ကိုနေမျိုးဇင်အား ယင်းသို့ ပုဒ်မ(၄ဝ၁)ဖြင့် ထောင်ဒါဏ်ချမှတ်ခဲ့စဉ်က နိုင်ငံရေးအကျဉ်းသားဟောင်း အများစုက ၎င်းပုဒ်မ အပေါ် ဝေဖန် ပြောဆိုမှုများ ရှိခဲ့ကြသည်။

ယနေ့ မေလ (၁၇) ရက်နေ့တွင် မအူပင်ထောင်မှ လွတ်မြောက်လာသော ကိုနေမျိုးဇင် အပြင် အခြား အကျဉ်းထောင် များမှ လည်း နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ပေးနေကြောင်း သိရပြီး လက်ရှိအချိန်အထိ အင်းစိန်ထောင်မှ(၁ဝ)ဦး အပါအဝင်
စုစုပေါင်း (၂၃)ဦး လွတ်မြောက်လာပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ သိရသည်။


ထက်နောင်နောင်
@ မြန်မာ့ခေတ် 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်