Friday, May 17, 2013

KIA မှ ဥပဒေမဲ့ စစ်ဆေးမှုကြောင့် လူသေဆုံးသော တုံမဏီရွှေမှော်လူသတ်မှုဖုံးဖိရန် ကြိုးစားနေ…

Posted by drmyochit Friday, May 17, 2013, under | No comments


KIA အဖွဲ့မှ ဥပဒေမဲ့ရိုက်နှက်စစ်ဆေးရာတွင် လက်လွန်ပြီး သေဆုံးသွားသည့် ဆလန်မင်းလွင် ကိစ္စအား ဖုံး ဖိနိုင် ရန် ကြိုးစားနေကြောင်း KIA အဖွဲ့ တပ်မဟာ(၂)နှင့် အဆက်အသွယ်ရှိသူ တစ်ဦးက ပြောပြလာပါ တယ်။

“ ကျွန်တော်ကြားတာကတော့ (၁၁)ရက်နေ့က သေဆုံးသွားတဲ့ ဆလန်မင်းလွင်ကိစ္စ ကို မပေါက်ကြားဖို့နဲ့ သူ တို့ KIO/KIA အဖွဲ့ရဲ့သိက္ခာ မထိခိုက်အောင် ငွေသိန်း ၃၀ သုံးခွင့် ပေးထားတယ် လို့ကြားတယ်၊သေ ဆုံး သူ ရဲ့ မိသား စုကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော်တော် ၀မ်းနည်းနေကြ တယ်၊ အဖြစ်မှန်မပေါ်ခင်မှာ ကျူး လွန် မှန်း၊ မကျူးလွန်မှန်းလည်း သေချာ မသိဘဲ ဖြစ်သွားတာဆို တော့.. သူတို့ဘက်က တော်တော် စိတ် မကောင်းဖြစ်နေ တယ်။ KIA ဗဟိုဌာနချုပ်ကိုလည်း တိုင်မယ်၊ လူ့ အခွင့်အရေးအဖွဲ့ကို လည်းတိုင်မယ် ကြား တယ် ” ဟု ရွှေမှော်လုပ်သား တစ်ဦးမှလည်း ပြောပြလာပါတယ်။

၂၀၁၃ ခုနှစ်၊မေလ(၇)ရက်နေ့မှာ တုံမဏီရွှေမှော်ဈေးတန်းတစ်နေရာမှာ ဆိုင်ကယ် ခိုးမှု တစ် ခုဖြစ်ပွား ခဲ့ပါ တယ်။ ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်တယ်ဆိုပြီး သံသယရှိခြင်း ခံရတဲ့ သေဆုံးသူ ဆလန် မင်းလွင် ကို KIA အဖွဲ့မှ တန်ဘောင်ဂယုန်းဇဲဆိုသူကရိုက်နှက်စစ်ဆေးရာမှာလက်လွန်သေဆုံးခဲ့ရခြင်ြး ဖစ်ပါတယ်။

Credit to ►
Kachin Land

News From: OPPOSITE

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်