Friday, May 17, 2013

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများကို ဇနီး နှင့် ကလေး ကန့်သတ်ပြီ

Posted by drmyochit Friday, May 17, 2013, under | No comments


ရခိုင်ပြည်နယ် မောင်းတော ခရိုင်အတွင်းရှိ ဘင်္ဂါလီလူမျိုးများ ၏ အိမ်ထောင်ပြုခြင်း ကိစ္စနှင့် ကလေးမွေး ဖွားနှုန်း ကို ကန့်သတ် သည့် ညွှန်ကြားချက်ကို ဒေသန္တ ရအမိန့်အဖြစ် ထုတ်ပြန်လိုက် ကြောင်း သတင်း ရရှိသည်။

မောင်းတော ခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစောနိုင် မှ ပြောကြား ရာတွင် မောင်းတော ခရိုင်အတွင်း နေထိုင်သည့် ဘင်္ဂါ လီလူမျိုးများ အိမ်ထောင်ပြုခြင်း နှင့် ကလေးမွေးဖွားနှုန်းကို ကန့် သတ်ထိန်းချုပ်သည့် ညွှန်ကြား ချက်ကို ဒေသန္တရအမိန့်အဖြစ် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်ဟုဆို သည်။ ယခုအခါ ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီကျေးရွာများ တွင် လူဦးရေ အဆမ တန်တိုး ပွား နေသည်ဟုလည်း ကြားသိရသည်။ ဘင်္ဂါလီအိမ်ထောင်စုများတွင် အိမ်ထောင်စုတစ်စုလျှင် လူဦးရေ ၃၀ ကျော်ရှိနေသည်။

အချို့အိမ် ထောင်စုများတွင် လူဦးရေ ၇၀ ကျော်ပင်ရှိနေကြောင်းလည်း တွေ့ရှိခဲ့ရသည်ဟုဆိုပါသည်။ ခရိုင်ဦး စီးမှူးမှ ဆက်လက်ပြော ကြားရာတွင် ““ဒါကြောင့်လည်း ဘင်္ဂါလီအမျိုးသားတစ်ဦးကို ဇနီး မယား တစ်ယောက်နှင့် ကလေး နှစ်ယောက်သာ ယူရမယ် ဆိုတာ ကို ဒေသန်္တရ အမိန့်အဖြစ် ထုတ် ပြန် စာဖြစ်ကြောင်းနှင့် ထုတ်ပြန် ထားသော အမိန့်ကို လိုက်နာမှု ရှိစေရန် အမြဲတမ်းရှောင်တခင် စစ်ဆေး မှုတွေပြု လုပ်နေကြောင်း”” ဆွဲ/တင်/စစ် ပြုလုပ်မည်ဖြစ် ကြောင်း၊ ဆွဲတင်စစ်ဆိုတာက လူဦးရေ စစ်မယ့်ရွာကို မြေကြီး၊ မြေပုံဆွဲမယ်။

ရွာမှာရှိတဲ့ အိမ် ထောင်စုတွေကို ဓာတ်ပုံရိုက်ပြီး လူဦးရေကို မှတ်တမ်းတင်မယ်။ ဒီဓာတ်ပုံနဲ့ အိမ်ထောင်စုတစ်ခု ချင်းစီကို နောင်မှာ ပြန်စစ်ဆေး တဲ့အခါ ဘင်္ဂါလီအမျိုးသားတစ် ဦးက နောက်မိန်းမထပ်ယူထား တာတွေ့ရင် တရားမ၀င်ပေါင်း သင်းမှုနဲ့ အရေးယူပါမယ်။ ကလေးတွေတိုးလာရင် နောက် ထပ်တိုးလာတဲ့ကလေးတွေကို Black List  သွင်းမယ်ဟု ခရိုင် လ၀ကမှူးက ပြောပြခဲ့သည်။



သာလိကာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်