Friday, May 17, 2013

တောင်ကျချောင်းရေ ပြိုကျပြီးနောက်ပိုင်း အလုပ်သမား ၁၂၀ကျော် အလုပ်မှ နုတ်ထွက်

Posted by drmyochit Friday, May 17, 2013, under | No comments


ရန်ကုန်၊ မေ ၁၇။

လွန်ခဲ့သည့် မေလ ၂ ရက် နံနက် ၁ နာရီအချိန်ခန့်က ရှမ်းပြည်နယ် ကလောမြို့နယ်ရှိ ရွှေမင်း ဘိုဒေသ တွင် ဖြစ်ပွားခဲ့သော လေဆင်နှာမောင်း တိုက်ခတ်ပြီး တောင်ကျချောင်းရေ ပြိုကျပြီးနောက်ပိုင်း အာရှ ကမ္ဘာမြေ စက်မှုနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိသော အလုပ်သမား ၁၂၀ ခန့် အလုပ် မှ နုတ်ထွက် သွားကြောင်း ရန်ကုန်မြို့ ဆာကူရာတာဝါတွင် ယနေ့ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

“အဓိကကတော့ တောင်ကျချောင်းရေ ပြိုကျပြီးတဲ့နောက်ပိုင်းမှာ လူတွေရဲ့ စိုးရိမ် ထိတ်လန့် မှုကြောင့် လို့ ပြောလို့ ရတယ်။ ဒီနေရာတွေမှာ ဆက်ပြီး အလုပ် မလုပ်ရဲတော့တာလည်း ပါလိမ့်မယ်” ဟု အာရှ ကမ္ဘာမြေ စက်မှုနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းမှ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောကြားသည်။

မေလ ၂ ရက်က ဖြစ်ပွားခဲ့သည့် တောင်ကျချောင်းရေ ပြိုကျမှုကြောင့် ကုမ္ပဏီဝန်ထမ်း ၄ ဦး၊ ရွှေတွင်း လုပ် သား ၉ ဦးနှင့် အရပ်သား ၄ ဦး စုစု ပေါင်း ၁၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၈ ဦးရှိခဲ့ကြောင်း၊ ဒဏ်ရာ ရရှိသူ များ အနက် ၃ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ယခုအချိန်ထိ ဆေးရုံ တွင် ဆေးကုသမှု ခံယူလျက် ရှိပြီး ပျောက်ဆုံးသူမရှိကြောင်း သိရသည်။

“နှစ်ပေါင်း လေး ငါးဆယ်အတွင်း ဒီလိုမျိုး တောင်ကျချောင်းရေ ပြိုကျတာ ဒီတစ်ခါ ပထမဦးဆုံးပဲ။ တစ်ခါမှ ဒီလို မဖြစ်ဘူး တဲ့အတွက် သတိ ပေးခဲ့တာမျိုးလဲ မလုပ်ခဲ့မိဘူး” ဟု ယင်းက ဆက်လက်ပြောကြားသည်။
မုန်တိုင်း မကျခင်အထိ ကုမ္ပဏီဝန်ထမ်းမှာ ၇၀၀ ခန့်ရှိပြီး မုန်တိုင်းကျပြီးနောက်ပိုင်းမှ ယင်းကဲ့သို့ အလုပ်မှ နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း ကုမ္ပဏီတွင် ရွှေတူးဖော်သည့် အင်းပေါင်း ၂၈ အင်းရှိပြီး အင်းတစ်အင်းသည် အနက်ပေ ပေ ၅၀၀ မှ ပေ ၆၀၀ အထိ ရှိကြောင်း သိရသည်။

ရည်မွန်
@ မြန်မာ့ခေတ် 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်