Friday, May 17, 2013

ဆိုင်ကလုန်းမဟာစင် ဘင်္ဂလားဒေ့ရှ်သို့ ၀င်ရောက်ရာ လူပေါင်းတစ်သန်း နေအိမ်များ စွန့်ခွာထွက်ပြေး

Posted by drmyochit Friday, May 17, 2013, under | No comments

စစ်တကောင်းဘက်သို့ ဦးတည်သွားသော မုန်တိုင်းကို ဘင်္ဂလားဒေ့ရှ် ပင်လယ်ကမ်းခြေ တစ်နေရာ၌ လူများ စုဝေးစောင့်ကြည့်နေစဉ် (Photo-AFP)

မဟာစင် ဆိုင်ကလုန်း မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင် ငံတောင်ပိုင်း ကမ်းရိုးတန်းသို့ မေ ၁၆ ရက်တွင် ၀င်ရောက် ခဲ့ရာ ဝေးလံသီခေါင်သော ဒေသရှိ တံငါရွာများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ် ခဲ့သောကြောင့် နေအိမ်များ ပျက်စီးသွားပြီး လူပေါင်းတစ်သန်းကျော်ကို အတင်း အဓမ္မ ရွှေ့ပြောင်းစေခဲ့ရသည်။

မုန်တိုင်း ၏ အဓိက အပိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မေ ၁၆ ရက်တွင် ၀င်ရောက်လာပြီး ချက်ချင်းပင် အားပျော့ သွားကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေ၀သနှင့် ဇလဗေဒဌာနမှ ညွှန်ကြားရေးမှူး မိုဟာ မက်ရှား အလမ်က ပြောကြားခဲ့သည်။ သို့သော် မုန်တိုင်းသည် ပို၍နှေးသွားသည့်နှုန်းဖြင့် ဆက် လက်ရွေ့လျားမည် ဖြစ်သောကြောင့် မုန်တိုင်းလမ်းကြောင်း ကျရောက်ရာမြို့များ အနေဖြင့် မုန်တိုင်းဒဏ်ကို ခံရမည် ဟု ဆိုသည်။

မေ ၁၆ ရက်တွင် မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း တံငါရွာ တစ်ရွာဖြစ်သော ခေပါပါရာရွာသို့ စတင် ၀င်ရောက် ခဲ့ပြီး ဘင်္ဂလားပင်လယ်အော် တစ်လျောက် တစ်နာရီ ကီလိုမီတာ ၁၀၀ (၆၂ မိုင်) နှုန်းဖြင့် တိုက်ခတ် ခဲ့သည်။ ယင်းနောက် အရှေ့ဘက်သို့ ဦးတည်သွားပြီး စစ်တကောင်းမြို့နှင့် ပင်လယ်ကမ်းခြေ အပန်းဖြေ ဆိပ်ကမ်းမြို့ဖြစ်သော ကော့စ်ဘာဇာမြို့ များဆီသို့ ဆက်လက်ရွေ့လျားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် ဘင်္ဂလားပင်လယ်အော် တစ်လျှောက်၌ ကူးတို့သင်္ဘောများနှင့် အခြားသင်္ဘောများ ထွက်ခွာခြင်း ကို ရပ်ဆိုင်းထားပြီး စက်ရုံအလုပ်ရုံများကိုလည်း ပိတ်ထားလိုက်သည်။ ကယ်ဆယ်ရေး လုပ်ငန်း များ လုပ်ဆောင် ရန် စစ်တပ်က ရေတပ်သင်္ဘော ၂၂ စင်းနှင့် ရဟတ်ယာဉ် ၁၉ စင်းကို အသင့်ပြင် ထားသည် ဟု ဆိုသည်။ ဘင်္ဂလားဒေ့ရှ် ရုပ်သံဌာနများက လူနှစ်ဦး သေဆုံးခဲ့ကြောင်း ကြေညာခဲ့သည်။

From:eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်