Tuesday, May 14, 2013

ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ချုပ်အဆိုအရ ဗိုင်းရပ်စ်သစ်သည် လူချင်းကူးစက်နိုင်

Posted by drmyochit Tuesday, May 14, 2013, under | No comments

1000news_3m_2013-05-13_3(360)


ကမ္ဘာ့ ကျမ်းမာရေး အဖွဲ့ အဆို အရ ဗိုင်းရပ်သစ် အန်စီ အိုဗီသည် အနေနီး စပ်သည့် လူများကြား ကူးစက်နိုင် ဖွယ် ရှိကြောင်း ပြောကြားသည်။

ယခု ထုတ်ပြန် ချက်သည် ပြင်သစ် ကျမ်းမာရေးဝန်ကြီးဌာန မှ ၎င်းဗိုင်းရပ်စ် ဒုတိယမြောက်ကူးစက်သူသည် လူ လူချင်း ကူးစက် ရာမှ ဖြစ်နိုင်ဖွယ် ရှိကြောင်း အတည်ပြုပြောကြားပြီးချိန်တွင် ထွက်ရှိလာခြင်းဖြစ်သည်။
ကျမ်းမာရေး အရာ ရှိများအဆိုအရ ဆော်ဒီအာရေဗျတွင်လည်း ဗိုင်းရပ်စ်ကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အန်စီအိုဗီ ဗိုင်းရပ်စ်သည် နမိုးနီးယား ဖြစ်စေပြီး တစ်ခါတစ်ရံတွင် ကျောက်ကပ် ပျက်စီးမှုများလည်း ဖြစ်စေသည့် ဗိုင်းရပ်စ်ဖြစ်ကြောင်း သိရ သည်။

ကမ္ဘာ့ ကျမ်းမာရေး အဖွဲ့ အရာ ရှိများက ဗိုင်းရပ်စ်သစ်ကြောင့် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များအတွက် ဝမ်း နည်းကြောင်း ဖော်ပြခဲ့ပြီး ပြန့်ပွားလာနိုင် သည့် ဖြစ်နိုင်ခြေကို ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ်မှ စ၍ ဥရောပနှင့် အရှေ့အလယ်ပိုင်းတွင် ကူးစက်သူ ၃၃ ဦးရှိခဲ့ပြီး ၁၈ ဦးသေဆုံးခဲ့ကြောင်း မကြာမီ က ထုတ်ပြန်သည့် ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ကြီး၏ အသစ်ထုတ်ပြန်ချက်များအရ သိရသည်။
လူနာ များကို ဆော်ဒီအာရေဗျနှင့် ဂျော်ဒန်တို့တွင် တွေ့ရှိခဲ့ရပြီး ဂျာမဏီ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ကူး စက်ပျံ့နှံ့ သွားခဲ့သည်။

“ရောဂါဖြစ် သူတွေကို နိုင်ငံအများအပြားမှာ အစုလိုက်တွေ့ရတယ် အဲဒါကြောင့် လူ လူချင်း ကူးစက်နိုင် တယ် ဆိုတာနဲ့ နီးစပ်နိုင်ကြောင်း သိလာရတာ” ဟု ကမ္ဘာ့ကျမ်းမာရေးအဖွဲ့က တနင်္ဂနွေနေ့က ထုတ်ပြန် ခဲ့သည်။
“လူ လူချင်း ကူးစက်မှုပုံစံဟာ အနည်းအကျဉ်းအုပ်စုငယ်အဖြစ်သာ အကန့်အသတ်ရှိနေဆဲပါ၊ ခုထိတော့ ဗိုင်း ရပ်စ်ဟာ ကျယ်ကျယ်ပြန့်ပြန့် ကူး စက်နိုင်တယ်ဆိုတဲ့ သက်သေတော့ မတွေ့သေးပါဘူး” ဟု ထုတ်ပြန် ချက်တွင် ပါရှိသည်။

ပြင် သစ်နိုင်ငံမှ ဒုတိယမြောက်ကူးစက်ခံရသူသည် ပြင်သစ်နိုင်ငံမြောက်ပိုင်းဆေးရုံတွင် ဒူဘိုင်းမှ ဗိုင်းရပ်စ် ကူးစက် ခံရကာ ဖျားနာလာခဲ့သော လူနာတစ်ဦးနှင့် အခန်းတစ်ခုတည်း၌ ဆေးရုံတက်ခဲ့သောကြောင့် ဟု သိရသည်။

“လူနာနှစ် ဦးလုံးမှာ ဗိုင်းရပ်စ်ပိုးရှိကြောင်း တွေ့ရှိရပါတယ်” ဟု ပြင်သစ်ကျမ်းမာရေးဝန်ကြီးဌာနက ပြောကြား ပြီး ၎င်းတို့ကို သီးခြားအခန်း ခွဲကုသနေကြောင်း ဆိုသည်။

ဆော်ဒီ ကျမ်းမာရေးဝန်ကြီးဒုဝန်ကြီးကလည်း ၎င်းဗိုင်းရပ်စ်ကြောင့် လူနှစ်ဦးထပ်မံသေဆုံးကြောင်း သေဆုံး သူ အရေအတွက်သည် ဆော်ဒီ အာရေဗျ အရှေ့ပိုင်းတွင် မကြာမီက စတင်ဖြစ်ပွားသည့်အချိန်မှ စ၍ ၉ ဦးရှိ ပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနကို တနင်္ဂနွေနေ့တွင် ပြောကြားသည်။

ဆော် ဒီ ကျမ်းမာရေးဝန်ကြီးဌာနက လွန်ခဲ့သည် နွေရာသီမှစ၍ ရောဂါပိုးကူးစက်ခံလူ ၂၄ ဦးတွင် ၁၅ ဦးသေ ဆုံးကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သေဆုံးသူဦးရေကို အတိအကျ ထုတ်ပြန် ထားခြင်း မရှိသေးပေ။

အင်္ဂလန်နိုင်ငံ ဘာဂင်ဟန်ရှိဆေးရုံတစ်ခုတွင်လည်း ဖေဖော်ဝါရီလ က မိသားစုတစ်ခုတည်းမှ လူသုံးဦး ဗိုင်းရပ်စ် ကူးစက် ခံနေ ရဆဲတွင် တစ်ဦး သေဆုံးခဲ့သည်။ မိသားစုဝင်တစ်ဦးသည် အရှေ့အလယ်ပိုင်း၊ ပါကစ္စတန် တို့သို့ခရီးသွားရောက်ခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်လာဖွယ်ရှိကြောင်း ထင် မြင်ချက်များ ရှိသည်။

အန်စီအိုဗီသည် ၂၀၀၃ခုနှစ် အာရှတလွှားဖြစ်ပွားခဲ့သည့် ဆားစ် ရောဂါပိုးနှင့် တစ်အုပ်စု တည်းဖြစ်သည်။ သို့သော် ၎င်းဗိုင်းရပ်စ်နှစ်ခုသည် လုံးဝကွဲပြားကြကြောင်း ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ က တနင်္ဂနွေနေ့က ထုတ်ပြန် ခဲ့သည်။ ၎င်းဗိုင်းရပ်စ်နှစ်ခုလုံးသည် လူများနှင့်တိရိစ္ဆာန်များတွင် အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါများဖြစ် ပွားကြသည်။

သို့သော် ယခုဗိုင်းရပ်စ်သည် ရှိနေခဲ့သောဗိုင်းရပ်စ်တစ်မျိုးမှ ကူးပြောင်းဖြစ်ပေါ်သော ဗိုင်းရပ်စ်ဖြစ် သလား ဆိုသည်မှာ မသေချာ သကဲ့ တိရိစ္ဆာန်မှလူကို ကူးစက်ခြင်းလားဆိုသည်မှာလည်း မသေချာသေးပေ။

Ref:BBC
From: @ မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်