Tuesday, May 14, 2013

ခိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် လူ ၂ ဦး ထပ်မံသေဆုံး

Posted by drmyochit Tuesday, May 14, 2013, under | No comments


ဆော်ဒီ အရေး ဗီးယားနိုင်ငံမှာ ​ခိုရိုနာ ဗိုင်းရပ်စ်လို့ ​ခေါ်တဲ့ ​ရော အသစ် အဆန်း တမျိုးကြောင့် ​လူနှစ်ဦး ထပ်မံ ​သေဆုံး ခဲ့ရတယ်လို့ သိရပါတယ်။


ဆေးရုံ မှာမြင်တွေ့ရ တဲ့ဓါတ် ခွဲခန်း တခု (Credit: ABC) 


ခိုရိုနာဗိုင်းရပ်စ် ​ရောဂါသစ်ဟာ ​ဥရောပတိုက်တခွင်ကိုလည်း ​ပြန့်နှံ့နေပြီလို့ ​ဆိုပါတယ်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ရဲ့ ​သတိပေးချက်အရ ​အခုဖြစ်ပေါ်လာတဲ့ ​ခိုရိုနာဗိုင်းရပ်စ် ​ရောဂါသစ်ဟာ ​နီးနီး ကပ်ကပ် ​ဆက်ဆံတဲ့လူတွေကို ​ကူးစက်ပြန့်ပွားနိုင်တဲ့ ​လူလူချင်း ​ကူးစက်တဲ့ ​ရောဂါတမျိုး ​ဖြစ်တယ်လို့ ​ဥရောပ ဆိုင်ရာ ​အေဘီစီ ​သတင်းထောက် ​Mary ​Gearin ​က ​သတင်းပေးပို့ ​ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ​စက်တင်ဘာလကစပြီး ​ခိုရိုနာဗိုင်းရပ်စ် ​ရောဂါနဲ့ ​လူ၃၃ယောက်ကို ​ဓါတ်ခွဲစမ်းသပ်မှုပြုခဲ့ပြီး ​အဲဒီ ထဲက ​၁၈ယောက်ဟာ ​သေဆုံးခဲ့ပါတယ်။

ဒီရောဂါ သစ်ကို ​ပင်လယ်ကွေ့ဒေသမှာ ​စတင်တွေ့ရှိခဲ့ပြီး ​အဲဒီကနေစပြီး ​ပြင်သစ်၊ ​ဗြိတိန်နဲ့ ​ဂျာမဏီနိုင်ငံ တို့ကို ​ပြန့်ပွားခဲ့ ပါတယ်။

ဒီရောဂါ သစ်ဟာ ​ဘယ်လိုပုံစံမျိုးနဲ့ ​လူတွေကို ကူးစက် သလဲဆိုတာ ​အခုချိန် ထိ ​အာဏာပိုင်တွေက ​မသိ ရသေး ဘူး လို့လည်း ​ဆိုပါတယ်။

From: ABC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်