Tuesday, May 14, 2013

NRCမှ မြန်မာအရာရှိအကြောင်းပြချက်မရှိအလုပ်ထုတ်ခံရဟုရှင်းလင်း

Posted by drmyochit Tuesday, May 14, 2013, under | No comments

13.5.13-tma1
ရန်ကုန်၊ မေ ၁၃။

နိုင်ငံတကာ NGOတစ်ခု၏ အခြေအမြစ်မရှိဟု အပြစ်စွပ်စွဲချက်ဖြင့် အလုပ်ထုတ်ခံရသည်ဟူသော အဆင့်မြင့် မြန်မာ ဝန်ထမ်း တစ်ဦးသည် ၎င်းအလုပ်ထုတ်ခံရမှုနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို ယနေ့ နေ့ လည် တစ်နာရီ ခွဲခန့်၌ စင်ထရယ်ဟိုတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မင်းလူသတ်တယ်လို့ ငါထင်တယ် အဲ့ဒါကြောင့် ငါအလုပ်ထုတ်တယ်ဆိုတဲ့ ပုံစံဖြစ်နေတယ်။

သက်သေ ခိုင်လုံ မှုလည်း မရှိဘဲ ထွက်စာတင်ခိုင်းတော့ ကျွန်တော်ကမင်းတို့ ထုတ်သင့်တယ်ထင်ရင် ထုတ် လိုက် ငါကတော့ အပြစ်မလုပ်ထားလို့ မတင်နိုင်ဘူး”ဟု NRC မှ ကိုယ်စားလှယ်ဖြစ်သူကို ပြော ခဲ့ကြောင်း အလုပ်ထုတ်ခံရသူ ဦးအောင်ရှိန်က ပြောကြားသည်။

၎င်းသည် နော်ဝေးဒုက္ခသည် ကောင်စီ(NRC)တွင် ၂၀၁၀ ဇန်နဝါရီးလ တစ်ရက်နေ့တွင် စတင် လုပ်ကိုင် ခဲ့ သူဖြစ် ပြီး အစိုးရနှင့် ဆက်ဆံရေး အကြံပေး လုပ်ခဲ့သူလည်းဖြစ်ကြာင်း သိရသည်။

မြန်မာနိုင်ငံ တွင် NGO အဖွဲ့အစည်းများသည် မင်သားခေါင်းဆောင်းထားသော သူများသာဖြစ်ကြောင်းနှင့် ကောင်းသော NGOများ ရှိသော်လည်း အလှူရှင်များ၏ ပိုက်ဆံများကို ကိုယ်ကျိုးအတွက် အသုံးပြု သူများ လည်း ရှိကြောင်း၊ မြန်မာနိုင်ငံတွင် မိမိကဲ့သို့ အကြောင်းအရင်းကို ကွဲကွဲပြားပြား မသိလိုက်ဘဲ အလုပ်ထုတ် ခံလိုက် ရသူ အများအပြားရှိကြောင်း ထို့အပြင် ၎င်းတို့အနေဖြင့် လူတစ်ယောက်၏ သိက္ခာကို လေးစားရ မည်ဟု ပြောနေသော်လည်း ၎င်းတို့လုပ်ချင်လာလျင် မည်သူ့အတွက်မျှ မကြည့်ကြောင်း ၎င်းက ဆက်လက် ပြောကြား သည်။

ယင်း အပြင် မြန်မာနိုင်ငံတွင်နေ၍ မြန်မာလူမျိုးများကို ၎င်းတို့လုပ်ချင်သလို လုပ်နေခြင်းကို လက်မ ခံနိုင်ကြောင်းနှင့် ၎င်း ဒီကိစ္စနှင့် ပတ်သက်၍ မြန်မာနှင့် နော်ဝေအစိုးရ သိရှိအောင်လုပ်ဆောင်မှုများအပြင် သင့်တော်သော လုပ်ဆောင်ချက်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြား သည်။

ပိုင်လေး
From: @ မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်