Tuesday, May 14, 2013

မုန်တိုင်းအတွက် ပြင်ဆင်မှု လုပ်ထားပြီလို့ အစိုးရပြော

Posted by drmyochit Tuesday, May 14, 2013, under | No comments


မြန်မာနိုင် ငံထဲကို ​မေလ ​၁၆ရက် ​ကြာသာပတေးနေ့မှာ ​၀င်ရောက် တိုက်ခတ် သွားမဲ့ ​မဟာစင် ​ဆိုင်ကလုံး မုန်တိုင်း ​အန္တရာယ် အတွက် ​အစိုးရအနေနဲ့ ​ကယ်ဆယ်ရေးလုပ်ငန်းတွေ ​အသင့် ​ပြင်ဆင်ထားပြီးလို့ ​ဆိုပါ တယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ယာယီတဲတွေနဲ့နေထိုင်နေရတဲ့ ဒုက္ခသည်တွေ (Credit: AFP) 


မုန်တိုင်း အန္တရာယ် အတွက် ​ပင်လယ်ကမ်းရိုးတမ်း ​ဒေသတွေမှာရှိတဲ့ ​စစ်တပ်တွေက ​လိုအပ်ရင် ​အသုံးပြုဖို့ အတွက် ​လေယာဉ်၊ ​ရဟတ်ယာဉ်၊ ​သင်္ဘော၊ ​မော်တော်ယာဉ်တွေအပြင် ​ဆေးကုသရေးအဖွဲ့တွေနဲ့ ​အကူ အညီပေးတဲ့ အဖွဲ့တွေကို ​ပြင်ဆင်ထားပြီလို့ ​မနေ့ကထုတ်ပြန်တဲ့ ​အစိုးရရဲ့ ​ကြေညာချက်ထဲမှာ ​ဖော်ပြ ထားပါတယ်။

အဲဒါအပြင် ​မုန်တိုင်းကျရောက်မဲ့ ​ရခိုင်ကမ်းရိုးတန်း ​မြောက်ပိုင်းနှင့် ​​ဘင်္ဂလားဒေ့ရှ်နိုင်ငံ ​​နယ်စပ်ကမ်းခြေ ​​ဒေသ တွေမှာ ရှိတဲ့ ​ယာယီတဲမှာ ​နေထိုင်ကြတဲ့ ​ဒုက္ခသည်တွေကို ​မေလ ​၁၄ရက်နဲ့ ​၁၅ရက် ​နောက်ဆုံး ထားပြီး ​နေရာရွေ့ပြောင်းဖို့ ​လုပ်ဆောင်နေပြီလို့လည်း ​ဖော်ပြထားပါတယ်။

အခုဆိုရင် ​ဒုက္ခသည်အယောက်ပေါင်း ​ငါးထောင်ကိုလည်း ​လုံခြုံ ​စိတ်ချရတဲ့နေရာမှာ ​ပို့ဆောင် ထားပြီလို့လည်း ​အစိုးရရုပ်မြင်သံကြားက ​ကြေညာခဲ့ပါတယ်။

တဆက်ထဲမှာပဲ ​ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ​မုန်တိုင်းဝင်ရောက် ​ဖြတ်ကျော် ​လာမယ့် ​ကမ်းရိုးတမ်း ​တလျှောက် ရှိ ​သန်းနဲ့ချီ ​နေထိုင်ကြတဲ့သူတွေကို ​မုန်တိုင်းအန္တရာယ် ​သတိပေးချက်တွေ ​ထုတ်ပြန် ​လိုက်ပြီး လို့ ​သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် ​မိုးလေ၀သနဲ့ ​ဇလဗေဒဌာနက ​၀င်ရောက်တိုက်ခတ်သွားမဲ့ ​မုန်တိုင်းဟာ ​သတိပေး ချက် အဆင့် ​၄ဖြစ်တဲ့ ​မုန်တိုင်အန္တရာယ် ​ပိုမို ​စိုးရိမ်နေရတဲ့အဆင့်ကို ​တိုးမြင့် ​လိုက်ပြီးလို့ ​ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရ ကလည်း ​မဟာစင် ​ဆိုင်ကလုံးမုန်တိုင်းအန္တရာယ်တွေကြိုတင်ပြင်ဆင်မှုတွေပြု ​ထား တဲ့ အကြောင်း ​ဒါပေမဲ့ ​အခြေအနေကိုကြည့်ပြီး ​ထိခိုက်ပျက်စီးမှု ​ဘယ်နေရာတွေမှာရှိမလဲဆိုတဲ့ ​အပေါ်မူ  ​တည်ပြီး ​ကယ်ဆယ်ရေးတွေလိုက်ပြီးလုပ်ဆောင်ရမှာဖြစ်တယ်လို့ ​ချစ်တကောင်းမြို့နယ် ​အာဏာပိုင် ကပြော ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ​လူဦးရေ ​သန်း ​သုံးဆယ်ရှိတဲ့အနက် ​၁၅၃သန်းဟာ ​ပင်လယ်ကမ်းရိုးတမ်း ​ဒေသတွေ မှာ ​နေထိုင်ကြတဲ့သူတွေဖြစ်ပါတယ်။

၂၀၀၉ခုနှစ် ​မေလတုန်းက ​တိုက်ခတ်ခဲ့တဲ့ ​ဆိုင်ကလုံး ​Aila ​ကြောင့် ​ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ​လူပေါင်း ​သုံးရာ လောက်သေ ဆုံးခဲ့ပြီး ​လူရာပေါင်းများစွာ ​အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ​၂၀၀၇ခုနှစ် ​နိုဝင်ဘာလက ​ကျရောက် ခဲ့တဲ့ ​ဆိုင်ကလုံး ​Sidr ​မှာတော့ ​အနည်းဆုံးလူ ​လေးထောင်လောက် ​သေဆုံးခဲ့ရတယ်လို့ ​သိရပါတယ်။

From: ABC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်