Tuesday, May 14, 2013

ရေရရှိရေး အတွက် ပိုက်ဆက် ဆရာမှ ၀န်ဆောင်ခ အကြောင်းပြ တောင်းခံသည့်ငွေကိစ္စ စည်ပင်မှ ရှင်းလင်းပေးရန် ဦးအောင်သိန်း လင်းတောင်းဆို

Posted by drmyochit Tuesday, May 14, 2013, under | No comments


ရန်ကုန်မြို့၏နေရာ အချို့၌ ရေရှားပါး မှုဖြစ် လာသည့် အတွက် ကိုယ်ထူ ကိုယ်ထရေ သွယ်ယူရေး  လုပ်ဆောင် သည့် အခါ တွင် ပြည်သူ   လူထုအား လိုင်စင် ရ ပိုက်ဆံ ဆရာ (L.M.P) ဆိုသူများမှ ရေသွယ်ယူ ခွင့်ရရှိရေး အ တွက် ခွင့်ပြုမိန့်ဝန် ဆောင်ခအကြောင်းပြကာ ငွေသောင်း ချီ၍ကောက် ခံမှုအချို့  ရှိနေပြီး ယင်းသို့ လိုင်စင် ရ ပိုက် ဆက် ဆရာဆိုသူများအားမှ ၀န်ဆောင်  ခအကြောင်းပြ၍ ပြည်သူများ ထံ မှ ငွေကောက် ခံနေခြင်း အား မြို့တော် စည်ပင် တာဝန် ရှိသူ များမှ  ရှင်းလင်းပေးရန်နှင့် ယင်းကိစ္စများ အား တရားဝင် ခွင့်ပြု ထားခြင်းရှိ မရှိသိ လိုကြောင်း ယခင်ရန်ကုန်  မြို့တော်ဝန်ဖြစ်ခဲ့သူဦးအောင်သိန်း လင်းက ဆိုသည်။

“အလုံမြို့နယ်သိပ္ပံလမ်းမှာ လမ်းသူလမ်းသားတွေက သောက်သုံးရေအခက်အခဲရှိလို့  အိမ်ပေါင်း ၂၇၅ အိမ် စုပြီး ကိုယ် ထူ ကိုယ်ထရေ သွယ် ဖို့လုပ်  တယ်။ အဲဒီမှာဒီလိုရေသွယ်ခွင့်နဲ့  ပတ်သက်ပြီး အထက် ရဲ့ခွင့်ပြု မိန့် ရရှိဖို့အတွက်က ငွေသောင်းချီပြီး တောင်းတယ်။ ကျွန်တော့်မြို့တော် ၀န်လုပ်ခဲ့တဲ့ လက်ထက် မှာ ဒီလို မျိုး လိုင်စင်ရ ပိုက်ဆံဆရာဆိုပြီး လည်းမကြားမိသလို ခွင့်ပြုမိန့် အတွက်ဆောင်ရွက်ဖို့ဆိုပြီးပြည်သူ ဆီ ကနေ ဒီပိုက် ဆံ ဆရာဆိုတဲ့ လူတွေက ငွေညှစ်နေတယ်။

ဒီလို မျိုး လုပ် တာလုံး ၀မဖြစ်သင့်သလို ရေသွယ်ယူခွင့်ပါမစ်ရဖို့ ဒီပိုက်ဆံ  ဆရာတွေ ကို လုပ်ပိုင်ခွင့် လွှဲတာ မျိုး လည်း လုံး ၀မဖြစ်သင့်ဘူး။ ပိုက်ဆံ   သမားက ပိုက်ဆံသမားဘဲ။ ဒါကို  လာပြီး လိုင်စင် ရပိုက် ဆံ ဆရာ လေး ဘာလေး ဆိုပြီး ပြည်သူဆီက ငွေတောင်းလို့မရဘူး။ ဒါကြောင့် ယခင်တုန်းကမရှိခဲ့တဲ့ လိုင်စင် ရ ပိုက်ဆက် ဆရာတွေ ကို ခုလိုလိုင်စင် ထုတ်ပေးတာရယ်။ ပြီးတော့အဲဒီ ပိုက်ဆက် ဆရာဆို တဲ့ လူတွေ ကပါမစ် အ တွက် ၀န်ဆောင်ခဆိုပြီး တစ် အိမ်ကို ငွေတစ်သောင်းခွဲဆီတောင်း  ပါတာရယ်တွေကို ရန် ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တရားဝင်ခွင့်ပြုပေးထားမထား  ရှင်းရှင်း လင်းလင်း သိချင် တယ်။ ပြည်သူတွေအဆင်ပြေဖို့နိုင်ငံတော်  ကတောင်ဖြေလျော့မှုတွေနဲ့ လုပ်ကိုင်ဆောင် ရွက်ပေးနေ တဲ့ အချိန်မှာခုလို လိုင်စင်ရပိုက်ဆက်  ဆရာအတွက်ဝန်ဆောင်ခဆိုပြီး ငွေသောင်း ချီတောင်း တာတော့ လုံးဝမဖြစ်သင့်ဘူး”ဟု ဦးအောင် သိန်းလင်းမှပြောကြားသွားသည်။

မကြာသေးမီကာလအတွင်း အလုံမြို့သိပ္ပံလမ်း၊ လမ်းသူလမ်း သားများမှ သောက်သုံးရေအခက် အခဲ အတွက် မြို့တော်စည်ပင်သို့ ရေသွယ်ယူခွင့်လျှောက်ထားရာ တွင် လိုင်စင်ရပိုက်ဆက်ဆရာဆိုသူ အချို့မှ ရေ သွယ် ယူရရှိရေး အတွက် ၀န်ဆောင်ခဟုဆိုကာတစ်အိမ်လျှင်  ကျပ်တစ်သောင်းခွဲတောင်းခံခဲ့ရာ မှ စတင် ၍ ရပ်ခံပြည်သူ၏မကျေ နပ်မှုများဖြစ်ပေါ်လာခဲ့ပြီးနောက် လက်ရှိမြို့တော်စည်ပင်တာဝန်ရှိ  သူများ မှ ယင်းသို့ငွေတောင်းခံ သည့်ကိစ္စအားပွင့်လင်းမြင်သာစွာ  ရှင်းလင်းပေးရန် ဦးအောင်သိန်းလင်း  မှ တောင်း ဆို လိုက်ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ (L.M.P) ဆိုသူ ပိုက်ဆက် ဆရာ တစ်ဦး အား ဆက်သွယ်မေးမြန်းခဲ့ရာတွင်  လည်း (L.M.P) မှာ စည်ပင်မှ ချထားပေးသောလိုင်စင်ဖြစ်ပြီး ရေသွယ်ယူခွင့်အတွက်ဝန်ဆောင် ခမှာလည်း ဈေးပြိုင် စနစ်ဖြင့်သာ တင်ပြရပြီး ရေသွယ်ယူမည့်လူထု က ရွေးချလုပ်ကိုင်ခွင့်ရကြောင်း ပြောကြားခဲ့ပြီး ကျပ်ငွေ ၁၅၀၀၀ တောင်းခံသည့်ကိစ္စကိုမူမည်သို့ မျှ ရှင်းလင်းပြောကြားခဲ့ခြင်းမရှိပေ။

ခန့်ခန့်(ဒဿနိက)
From: The Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်