Tuesday, May 14, 2013

ဧရာဝတီမြစ်အတွင်းကျောက်မှပေါ်တော်မှုဘုရားတွေ့ရှိ မြစ်ကြီးနားမြို့တွင်ဘုရားဖူးများနဲ့စည်ကား

Posted by drmyochit Tuesday, May 14, 2013, under | No comments

 မြစ်ကြီး နားမြို့ ခတ် ချို ကူးတို့ဆိပ် အနီးနေ ဦးမောင်မြင့်+ဒေါ်နှင်းဝေ တို့ ဇနီးမောင်နှံက ဧရာ ၀တီမြစ် အတွင်း မှ သဲကျောက် ကို ကားပေါ်တင်စဉ်ကျောက်တုံးလေးမှာ လှ၍ ဆီမီး ပူဇော်ရန် အိမ်သို့ ယူဆောင် လာပြီး ဆီ မီး ပူဇော် ထားရာ ထူးဆန်း သလိုဖြစ်နေ ၍ ကျောက်တုံး ကို ကော်ပတ် စားကြည့် ရာမှ ကျောက် တုံး ထဲတွင်ဘုရားပုံပေါ်နေ သဖြင့် စကား များပြန့်နှံ့ သွားရာ လာရောက်ကြည့်ရှု ဖူးမျော်သူ များလာ၍ယ ခု အခါ မြစ်ကြီး နားမြို့လယ် ကုန်း ရပ်ကွက်၊ သောင်ဦး ဘုန်းတော်ကြီးကျောင်းတွင် အပူဇော် ခံ ထားကြောင်း သိရှိရသည်။

ဘုရား ပုံတော်မှာကျောက်တုံး ထဲတွင်ထင်ရှား စွာဖူးတွေ့ ရသဖြင့် လာရောက် ဖူးမျှော်သူ များပြားလျှက် ရှိကြောင်းတွေ့ ရှိရပါသည်။ကျောက် တုံးတွင်းမှ ထူးဆန်းစွာ ဖြစ်ပေါ်နေသော ဘုရားကို ယုံကြည် သူများ ရှိသလို စူးစမ်းလေ့ လာနေ သူများ လည်း ရှိကြောင်း ဒေသခံ တစ်ချို့ မှပြောကြား ပါသည်။ကျောက် အမျိုး အစားမှာ စလင်းကျောက်ဖြစ်ကြောင်းသိရှိရသည်။

အဆို ပါပေါ်တော်မှု ဘုရားကို ဧပြီလ(၂၉)ရက်နေ့ ကတွေ့ရှိ ခဲ့ကြောင်း ဦးမောင်မြင့် ကပြော ပါတယ်။ ယခု အ ခါဦးမောင်မြင့်မှာ ရဟန်း ခံလျှက် ရှိကြောင်းတွေ့မြင်ခဲ့ ရပါသည်။


ငြိမ်းချမ်း(MPA)

From: The Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်