Tuesday, May 14, 2013

မဟာဆန် လေမုန်တိုင်း ရက်ပိုင်းအတွင်း ၀င်ရောက်တော့မည်

Posted by drmyochit Tuesday, May 14, 2013, under | No comments


မဟာဆန်မုန်တိုင်းဟာ လာမယ့် မေလ ၁၆ နဲ့ ၁၇ ရက်နေ့လောက်မှာ ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော် တိုက် ခတ်နိုင် တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန ခန့်မှန်း ချက် ထုတ်ပြန်ပါတယ်။

မုန်တိုင်း နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးကျော်မိုးဦး RFA ကို အခုလိုပြောပါတယ်။

"ကျနော်တို့ ဒီနေ့နေ့လည် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်ကို အခြေခံပြီးတော့ထုတ်ပါတယ်၊ ဒီဘင်္ဂ လား ပင်လယ်အော် အနောက် အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မဟာဆန် ကပေါ့လေ မြန်မာနိုင်ငံ ကိုကိုးကျွန်းရဲ့အနောက်ဘက် မိုင် ၆၄ဝ ခန့်အကွာ ပုသိမ်မြို့ အနောက်တောင်ဘက် မိုင် ၅၅ဝ ခန့်အကွာ ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက် ၅၆ဝ မိုင်ခန့်အကွာ အိန္ဒိယနိုင်ငံ ဘီဇာကာ၊ ပတနာမ်မြို့ ရဲ့ အရှေ့တောင် ဘက် မိုင် ၂၅ဝ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်၊ သူ့ရဲ့ သွားတဲ့ လမ်းကြောင်း ကတော့ မျှော်လင့်ထားတာကတော့ ဒီဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကို ဝင်မယ် ဆိုပြီးတော့ ကျနော်တို့ဒီရလာတဲ့ တွက်ချက်ထားတဲ့ ဒီ Model Output တွေရော နောက်ဒေသအတွင်း နိုင်ငံတွေမှာဆိုလို့ရှိရင် အိန္ဒိယကပေါ့လေ ဥက္ကဌအနေနဲ့ တာဝန် ယူနေရ တဲ့ RFMG ကလဲ ဒီလိုမျိုးပဲခန့်မှန်းချက်တွေတယ်"

အလားတူ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်ရဲ့ အင်တာနက် ဖေ့စ်ဘုတ်မှာလည်း မေလ ၁၇ ရက်နေ့ နေ့ပိုင်းမှာ မြန်မာနိုင်ငံနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ ကမ်းရိုး တန်းဖက်ကို ဖြတ်ကျော်နိုင် တယ်လို့ ခန့်မှန်း ထားကြောင်း ဖော်ပြထားပါတယ်။

ဒီအတောအတွင်း ရခိုင်ကမ်းရိုးတန်းကို တိုက်ခတ်လာနိုင်ဖွယ်ရှိတဲ့ မဟာဆန် မုန်တိုင်းအန္တရာယ် ကြိုတင် ကာကွယ်ရေး အတွက် ဒီနေ့ မေလ ၁၄ ရက်နေ့ကစပြီး ဒုတိယသမ္မတ ဦးဥာဏ်ထွန်းကိုယ်တိုင် ရခိုင်ပြည် နယ်မှာ ဦးစီးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မြန်မာ့တပ်မတော်ကလည်း ပင်လယ်ကမ်းရိုးတန်းဒေသရှိ တိုင်းစစ် ဌာနချုပ်တွေမှာ လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘောနဲ့ မော်တော်ယာဉ်တွေကို အကူအ ညီပေးဖို့ ပြင်ဆင် ထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဗဟိုကလည်း မုန်တိုင်းတိုက်ခတ်ရင် ပင်လယ်ရေ တွေ မြစ်၊ ချောင်းတွေ ထဲ ကို အလုံးအရင်းနဲ့ ဝင်ရောက်နိုင် တာကြောင့် ဒေသ ခံတွေ သောက် သုံးရေ ဒုက္ခ မရောက်ရအာင် အခုကတည်းက ရေအလုံအလောက် ကြိုတင်စုဆောင်းနေပြီလို့ တာဝန် ရှိသူတွေ က ပြောပါတယ်။

RFA Burmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်