Tuesday, May 14, 2013

၂၀၁၃ ခုနှစ်၊ မေလ (၁၄) ရက်နေ့ မြန်မာစံတော်ချိန် (၂၂း၀၀) နာရီအချိန် ထုတ်ပြည်သည့် မုန်တိုင်း သတိပေးချက်

Posted by drmyochit Tuesday, May 14, 2013, under | No comments


ယနေ့ မြန်မာ စံတော်ချိန် (၂၁း၃၀)နာရီ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင် (MAHASEN) သည် မြန်မာ နိုင်ငံ၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်(၄၉၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၅၀၀)ခန့်၊ အိန္ဒိယနိုင်ငံ (ဗီဇာကာပတ္တနမ်မြို့)၏ အရှေ့တောင်ဘက် မိုင် (၂၅၀) ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်း ရပါသည်။ မုန်တိုင်း ဗဟိုချက် အနီးတွင် အမြင့် ဆုံး လေတိုက်နှုန်းမှာ မိုင် (၆၀) အထိ တိုက်ခတ် နိုင်ပါသည်။

ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုံး ရွာပြီး၊ နေရာကွက်၍ မိုးကြီးမည်။ မြန်မာ့ ကမ်းရိုးတန်း တစ်လျှေက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျ စဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် မိုင် (၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်မည် ဖြစ်ပါသည်။

ဆိုင်ကလုန်း မုန်တိုင်း၏ လက်ရှိ အခြေအနေမှာ လိမ္မော်ရောင် အဆင့်သို့ ရောက်ရှိပြီး၊ မြန်မာနိုင်ငံ (ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း)နှင့် လင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများဆီသို့ ဦးတည် ရွေ့လျားနေ သည့် အခြေ အနေဖြစ်ပါသည်။ နောက်ဆုံး တိုင်းထွာရရှိသော ခန့်မှန်း ချက်များအရ လေလ (၁၆)ရက်နေ့ ညပိုင်းခန့်တွင် မြန်မာနိုင်ငံ (ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေ ဒေသများ ဆီသို့ ဖြတ်ကျော် ၀င်ရောက်နိုင်ကြောင်း ခန့်မှန်းရပါသည်။

မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်း အန္တရာယ် ရှောင်ရှားရန် လိုအပ်ကြောင်း အကြံပြုအပ် ပါ သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်