Tuesday, May 14, 2013

မောင်တောမှာ ရိုဟင်ဂျာတွေ နေရာပြောင်းရွှေ့ဖို့ ငြင်းဆန်၊ မြေပုံမှာ ရခိုင်တွေ ဆန္ဒပြ

Posted by drmyochit Tuesday, May 14, 2013, under | No comments


မဟာဆန် ဆိုင်က လုန်းမုန်တိုင်း အန္တရာယ် ကနေ ဘေးလွတ် ရာရှောင်ရှား ဖို့ ဒေသဆိုင် ရာအာဏာ ပိုင်တွေက လိုက် လံရွှေ့ပြောင်းပေးနေတာကို မောင်တောဒေသခံ ရိုဟင် ဂျာအ များစု က ငြင်း ဆန် တာတွေ  ရှိတယ် လို့ မောင်တော ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက RFA ကို ထုတ်ဖော်ပြော ဆိုပါ တယ်။

“အဓိကကတော့ UN Agency တွေနဲ့ NGO အဖွဲ့တွေကနေပြီးတာ့ အင်တာနက် သတင်းပေါ်မူတည်ပြီးတော့ မုန်တိုင်း က ဝေးသေးတယ်ဆိုပြီးတော့ သူတို့ကမပြောင်းတာပါခင်ဗျ၊ မုန်တိုင်းအန္တရာယ် ကာကွယ်မယ့် အိမ်ကြီး အိမ်ကောင်းတွေ ဗလီတွေ စာသင်ကျောင်းတွေ ဓမ္မာရုံတွေ ဘုန်းကြီးကျောင်းတွေ အဲဒီနေရာတွေ ကို မေ ယုတောင်ကြောရဲ့ တောင်ခြေနဲ့ကပ်တဲ့ ကျေးရွာတွေကို ရွေ့ခိုင်းထားပါတယ်၊ မရွေ့ဘူးလည်း မဟုတ် ဘူး၊ ထုပ်ပိုးပြင်ဆင်ပြီးတော့ အနီးကပ်မှရွေ့မယ်ဆိုတဲ့ သဘောပေါ့”

မုန်တိုင်းဒဏ်ကို အဓိကခံရနိုင်တဲ့ မောင်တောဒေသတောင်ပိုင်းမှာရှိတဲ့ ရခိုင်တိုင်းရင်းသား ဒုက္ခသည်စခန်း ၄ ခုက အိမ်ထောင် စု ၁၆၃ စုကိုတော့ မေယုတောင်ခြေနားက ကန်သာယာစခန်းနဲ့ ဘုန်းကြီးကျောင်းတွေ ကို ပို့ဆောင်ပြီးဖြစ် တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှာ လူဦးရေ ၈ သိန်းကျော်ရှိပြီး၊ အဲဒီထဲကရပ်ကွက်/ကျေးရွာအုပ်စု ၄၃ စုမှာ နေ ထိုင်တဲ့ လူဦးရေ တစ်သိန်းခွဲကို မုန်တိုင်းဒဏ်ခံနိုင်မယ့်နေရာတွေကို ပြောင်းရွှေ့ဖို့ အမြန် စီစဉ်နေ တယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ် မြေပုံမြို့ပေါ်မှာရှိတဲ့ မူဆလင်ဒုက္ခသည်တွေကို မုန်တိုင်းရှောင် ဖို့အ တွက် မြေပုံမြို့ပေါ်မှာရှိတဲ့ စည်ပင်သာယာရေးရုံးကို ပြောင်းရွှေ့မယ့်ကိစ္စနဲ့ ပတ်သက်ပြီး မြို့ခံရ ခိုင်တိုင်း ရင်း သား ၃၀၀ ကျော်လောက်က ဒီကနေ့ နေ့လည်ပိုင်းက မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို သွားရောက် ကန့်ကွက် ခဲ့ကြတယ်လို့ သိရပါတယ်။

မြို့ပေါ်မှာရှိတဲ့ စည်ပင်ရုံးကို မူဆလင်တွေအတွက် မုန်တိုင်း ခိုလှုံမယ့် နေရာ အဖြစ် နေရာချ ထားပေးမယ် ဆိုရင် မြို့ခံရ ခိုင်လူထုနဲ့ ထပ်မံပြီး ပဋိပ က္ခတွေ ဖြစ်လာနိုင် တဲ့အ တွက် အခုလို သွားရောက် ကန့်ကွက် ရတာဖြစ် တယ် လို့လည်း ဆိုပါတယ်။

မူဆလင်တွေကို အခုလို မုန်တိုင်းခိုလှုံမယ့်နေရာအဖြစ် နေရာချထားပေးရေးကိစ္စမှာ မုန်တိုင်း ကာလ အတွင်းမှာ မသန်စွမ်းတဲ့ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေးနေရာချထားပေးမှာဖြစ်သလို မြို့ပြင်မှာ ရှိတဲ့ သမဝါယမရုံးနဲ့ ဆောက်လုပ်ရေးရုံးမှာ လုံခြုံရေး အစောင့်အရှောက်တွေနဲ့ ထားရှိ သွားဖို့ ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့လည်း သိရပါတယ်။

From: RFA Burmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်