Tuesday, May 14, 2013

၁၄နှစ်သမီး၊ ကိုးတန်းကျောင်းသူကို နှုတ်ခမ်းချင်း နမ်းတဲ့အခန်း၊ မတရားကျင့်တဲ့အခန်းတွေ ပါတဲ့ ဇာတ်ကားနဲ့ပဲ မြန်မာကားတွေ တိုးတက်နေပါ့လားလို့ ပြုံးပြုံးကြီး မှတ်ချက်ချရမလား။

Posted by drmyochit Tuesday, May 14, 2013, under | No comments



ဆင်ဆာကြောင့် မြန်မာ ကားတွေ မတိုး တက်ဘူး ဆိုပဲ။ လွှတ်ပေးတော့ လည်း သောက် တလွဲလို့ပဲ ပြောရ မယ်။ မရိုက်ရဘူး မတားပါဘူး။

ကော်မာ ရှယ် ထုတ်ကုန်တစ်ရပ်ဟာ ကလေးတစ်ယောက်ရဲ့ စိတ်ဓာတ်၊ ကျင့်ဝတ်နဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက် မှု Mental, Moral and Physical Harm မဖြစ်အောင် အတတ်နိုင်ဆုံးကာကွယ်ရပါမယ်။

သူ သဘောတူ လို့ရိုက် တာလို့ ပြောမရတဲ့အကြောင်းက အကောင်းအဆိုး၊ အကြောင်းအကျိုး မခွဲခြားနိုင်သေး တဲ့ အရွယ်ဖြစ်နေလို့ပါ။ (လူကြီးနဲ့ အတူတူ စဉ်းစားလို့ မဖြစ်ပါဘူး) ခုပဲကြည့်ပါ၊ အမြင် မတော်လို့ ပြောတဲ့သူတွေက ယုတ်မာတာတဲ့။ အဲသည်ကလေးမက ပြောနေပါပြီ။ (အောင်မလေး၊ ကလေး ကိုသွား ဗျူး တဲ့သူက ဗျူးသဗျို့)

ဟို တုန်းက တွင်းသင်း မင်းကြီင်္းတို့များ မုဒုလက္ခဏ ဇာတ်ကို ဒေါသမပါအောင်ဖွဲ့သွားတာပါ။ အင် မတန်ကြမ်း တမ်း တဲ့ အကြောင်းအရာကို အနုပညာမြောက်အောင် ဖွဲ့လို့ရပါတယ်။ တဏှာရာဂ ထကြွအောင် ရိုက် တာနဲ့ ဇာတ်လမ်းသဘောကို အနုပညာမြောက်အောင် ရိုက်တာနဲ့မတူပါဘူး။

တဏှာ ၀မ်းစာနဲ့ရိုက်ရင် တဏှာကားပဲ ထွက်မှာပေါ့။ ဘယ်သူ ဘာလဲဆိုတာ သိနေကြတာပဲ...... နှော

(အောက်ကလင့်မှာ ကလေး အခွင့်အရေးနဲ့ လုပ်ငန်းခွင် စည်းမျဉ်းစာအုပ်၊ ဒေါင်းရအောင်ချိတ်ပေးထားပါတယ်)

http://www.unglobalcompact.org/docs/issues_doc/human_rights/CRBP/Childrens_Rights_and_Business_Principles.pdf

သက္က မိုးညို

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်