၂၀၁၃ခုနှစ်၊ မေလ(၁၄)ရက်နေ့မြန်မာစံတော်ချိန်(၁၃း၀၀)နာရီ အချိန်ထုတ်ပြန်ချက်
ယနေ့ မြန်မာ စံတော်ချိန်(၁၂း၃၀)နာရီ အချိန် တိုင်းထွာ ချက်များ အရ ဘင်္ဂလား ပင်လယ်အော် အနောက်
အလယ် ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင် (MAHASEN) သည်မြန်မာ နိုင်ငံ (ကိုကိုး ကျွန်း)၏ အနောက်ဘက်
မိုင်(၆၄၀)ခန့်၊ ပုသိမ်မြို့၏ အနောက်တောင် ဘက်မိုင် (၅၅၀)ခန့်၊ ကျောက်ဖြူ မြို့၏ အနောက်တောင် ဘက်မိုင်(၅၆၀)
ခန့်၊ အိန္ဒိယ နိုင်ငံ (ဗီဇာကာ ပတ္တနမ်မြို့) ၏ အရှေ့တောင် ဘက်မိုင် (၂၅၀) ခန့် အကွာ ပင်လယ်ပြင်ကှိုဗဟိုပြုနေပါသည်။
အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည်မြောက် ဘက်သို့ ဆက်လက်ရွေ့လျား နိုင်ပြီး၊ မုန်တိုင်း ဗဟိုချက်
အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင်(၆၀) အထိ ရှိနိုင်ပါသည်။ ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့်မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်
နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် ရံဖန် ရံခါ မိုး သက် လေပြင်း များ ကျရောက်ပြီးလှိုင်းကြီးမည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင် အထိ တိုက်ခတ် နိုင်ပါ သည်။
ဆိုင်ကလုန်းမုန်တိုင်း၏လက်ရှိအခြေအနေမှာအ၀ါရောင်အဆင့်သာရှိသော်လည်းနောက်ဆုံး
တိုင်းထွာ ရရှိသော
ခန်မှန်းချက် အရ မေလ (၁၆)ရက် နေ့ ညပိုင်း ခန့် တွင်မြန်မာ နိုင်ငံ (ရခိုင် ကမ်းရိုး တန်းမြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသ များဆီ သို့ဖြတ်ကျော် ၀င်ရောက် နိုင်ကြောင်း ခန့်မှန်း ရပါသည်။
မြန်မာ့ ကမ်းရီုး တန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ
အနေဖြင့် မုန်တိုင်း အန္တရာယ် ရှောင်ရှားရန် လိုအပ်ကြောင်း အကြံပြု အပ်ပါသည်။
မိုးဇလ
From: The Hot News
Tuesday, May 14, 2013
မုန်တိုင်း သတင်း
Posted by drmyochit
Tuesday, May 14, 2013, under မိုးလေ၀သသတင်း | No comments
Time in Rangoon

0 comments:
Post a Comment