Tuesday, May 14, 2013

ကုန်ရထားအချို့ တန်ဆာခ တိုးမြှင့်သတ်မှတ်၍ ကုန်သည်အချို့ စပေါ်ငွေ ပြန်ယူလို

Posted by drmyochit Tuesday, May 14, 2013, under | No comments

ကုန်စည်စီးဆင်းမှု အားကောင်းသည့် မန္တလေးမြို့ မြို့ဟောင်းဘူတာမှ- ရန်ကုန်လမ်းပိုင်း
နှင့် မြို့ဟောင်း-မြစ်ကြီးနား လမ်းမှ ကုန်ရထားအချို့ကို ကုန်တန်ဆာခနှုန်းများ မေလ ၁၁ ရက်နေ့မှ ပြင်ဆင်
သတ် မှတ်ပြီးနောက် မြစ်ကြီးနား လမ်းပိုင်းမှ ကုန်သည် အချို့က ကုန်ရထား တွဲများ ပြန်လည်အပ်နှံလိုကြောင်း ကုန်တင်အထောက်အကူပြု ကော်မတီမှတဆင့် စုံစမ်းသိရှိရသည်။

မြန်မာ့မီးရထားက ကုန်တန်ဆာခ နှုန်းထား ပြင်ဆင်သတ်မှတ်ရာတွင် မြို့ဟောင်း-ရန်ကုန် လမ်းပိုင်းအား
လျော့ ၍ ပြင်ဆင်သတ်မှတ်ခဲ့ပြီး မြို့ဟောင်း- မြစ်ကြီးနာလမ်းပိုင်းအား တိုးမြှင့် သတ်မှတ်ခဲ့သည်။ ထို့ကြောင့်
မြန်မာ့ မီးရထားသို့ စပေါ်ငွေတင်ပြီး ကုန်ရထားတွဲ အသုံးပြုခွင့် ရထားသည့် ကုန်သည်အချို့က ၎င်းတို့ အပ် ထားသည့် စပေါ်ငွေ ပြန်လည် နုတ်ယူလိုကြခြင်း ဖြစ်သည်။

“အကြောင်း ကတော့ အချို့ကုန်သည်တွေက လေးတွဲ၊ ငါးတွဲ ယူထားကြတယ်။ သက်တမ်း မကုန် ခင် ဈေးတက်တော့ တဝက်လောက် ပြန် အပ်ပြီး စပေါ်ငွေ နုတ်ယူလိုတာပါ” ဟု မြစ်ကြီးနား လမ်းပိုင်းမှ ကုန် သည် ဦးအောင်စည် က ပြောသည်။

မြို့ဟောင်း-ရန်ကုန်လမ်းပိုင်းတွင် အမှတ် (၉၁၄)အစုန်ကုန်အမြန်ရထား၏ တန်ဆာခ ယင်ခင်က တတန် လျှင် တမိုင်နှုန်ထား ၄၂ ကျပ်မှ ၂၁ ကျပ်သို့ လျှော့ချ သတ်မှတ်ခဲ့သည်။ အလားတူ မြို့ဟောင်း-ရန်ကုန် လမ်းပိုင်း အမှတ် (၉၀၂) အစုန် ရိုးရိုးကုန်ရထား၏ တန်ဆာခကိုလည်း တတန်လျှင် တမိုင်နှုန်းထား ယခင် ၃၀ ကျပ်မှ ယခု ၁၆ ကျပ်သို့ လျှော့ချ ပြင်ဆင်ခဲ့သည်။

သို့သော် မြို့ဟောင်း-မြစ်ကြီးနားလမ်းပိုင်းမှ အမှတ်(၉၃၇) (ဒီဇယ်အုပ်စု) ကုန်အမြန်ရထားကမူ တန်ဆာခ တတန်လျှင် တမိုင်နှုန်းထား ယခင် ၄၂ ကျပ်မှ ယခု ၆၃ ကျပ်သို့ တိုးမြှင့်သတ်မှတ်ခဲ့ပြီး အမှတ် (၉၃၇) (ကုန်စုံအုပ်စု) ကုန်အမြန်ရထားကိုလည်း တတန်လျှင် တမိုင်းနှုန်း ယခင် ၆၃ ကျပ်မှ ယခု ၉၀ ကျပ်ထိ တိုးမြှင့်သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ထို့ပြင် မြို့ဟောင်း-ကောလင်း လမ်းပိုင်းမှ အမှတ် (၂၃၅) အဆန်ကုန်ရထာသည် တန်ဆာခ တတန်လျှင် တမိုင်နှုန်း ထား ယခင် ၃၀ ကျပ်မှ ယခု ၄၅ ကျပ်သို့ တိုးမြှင့် သတ်မှတ်လိုက်သည်။

ယင်းသို့ ပြင်ဆင်သတ်မှတ်ရခြင်းမှာ မီးရထား ကုန်ကျစားရိတ် များသည့် ပြင်စင်စားရိတ်၊ ရင်းနှီးမြှပ်နှံမှု စား ရိတ်၊ ဝန်ထမ်း စားရိတ်၊ စက်သုံးစားရိတ်များ ကာမိစေရန်အတွက် ပြင်ဆင် ကောက်ခံခြင်းဖြစ်ကြောင်း
မြန်မာ့ မီးရထား (မန်နေဂျာ၊ သွား/လာ)မှ တာဝန်ရှိသူက ပြောသည်။

တန်ဆာခများ ပြင်ဆင်သတ်မှတ်ပြီးနောက် ကုန်သည်များမှာ ကုန်စည်များအား ရေလမ်း၊ ကားလမ်းဖြင့် ပို့ဆောင်ရမည်လား၊ ရထားနှင့်ပင် ဆက်လက်ပို့ဆောင်ရမည်လားဟု ဒွိဟဖြစ်နေကြကြောင်း သိရှိရသည်။

မန္တလေး (မဇ္ဈိမ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်