Wednesday, June 27, 2012

တောင်တရုတ်ပင်လယ်ရှိ လက်ရှိအခြေအနေကို ပိုမိုဆိုးရွားအောင်မပြုလုပ်ရန် တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံကို တိုက်တွန်းပြောကြားခဲ့ခြင်း

Posted by Anonymous Wednesday, June 27, 2012, under | No comments

ဇွန်လ၂၇ရက်။၂၀၁၂ခုနှစ်။ 
 တောင်တရုတ်ပင်လယ်ရှိ လက်ရှိအခြေအနေကို ပိုမိုဆိုးရွားအောင်မပြုလုပ်ရန် တရုတ်နိုင်ငံက ဇွန်လ ၂၅ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံကို တိုက်တွန်းပြောကြားခဲ့သည်ဟု Xinhua  သတင်းတစ်ရပ်အရ သိရှိရပါသည်။ တောင်တရုတ်ပင်လယ်ရှိ Zhongye ကျွန်းပေါ်တွင် ဖိလစ်ပိုင်နိုင်ငံက သူငယ်တန်းကျောင်းတစ်ခု တည်ဆောက်    နေသည်ဆိုသော ထင်မြင်ချက်ထွက်ပေါ်နေစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဟောင်လီက ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထိုကဲ့သို့မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ် ပါသည်။
 Nansha ကျွန်းများနှင့် ၎င်း၏အနီးပတ်ဝန်းကျင်ရှိ ရေပိုင်နက်များသည် တရုတ်နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဖြစ်ကြောင်း၊တရုတ်နိုင်ငံအနေဖြင့်   နိုင်ငံ၏အချုပ်အခြာအဏာပိုင်ဆိုင်မှုအပေါ် ထိပါးလာမည့် မည်သည့်လုပ်ဆောင်မှုကိုမဆို ဆန့်ကျင်ကန့်ကွက်ကြောင်း ဟောင်လီကပြောကြားခဲ့ပါသည်။ သက်ဆိုင်ရာ      နိုင်ငံများအနေဖြင့် တောင်တရုတ် ပင်လယ်ပြင်ဆိုင်ရာ  ကုလသမဂ္ဂ၏ လုပ်ထုံးလုပ် နည်းများကို လိုက်နာလိမ့်မည်ဟုမျှော်လင့်ပါကြောင်း ဟောင်လီက ထပ်လောင်းပြောကြားခဲ့ပါသည်။ Zhongye ကျွန်းအနီး တင်းမာမှုများသည် လျော့ပါးသွားပြီးဖြစ်ကြောင်း၊ တရုတ်အစိုးရသင်္ဘောများသည် Huangyan ကျွန်းအနီးတစ်ဝိုက်တွင် တရားစီရင်ပိုင်ခွင့်ကိုထိန်းသိမ်းထားပြီး  သတိထားစောင့်ကြည့် လျက်ရှိကြောင်းဖြင့် တရုတ်သင်္ဘောများအား Huangyan ကျွန်းမှရုပ်သိမ်းမှု ရှိ၊ မရှိ မေးမြန်း လာမှုအပေါ် ဟောင်လီကထိုကဲ့သို့ပြန်လည်ပြောကြားခဲ့သည်ဟုသိရှိရပါသည်။
 
 From Chinaview        

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်