Wednesday, June 27, 2012

တောင်ကိုရီးယားတွင် ကုန်တင်ကားမောင်းသူများ သပိတ်မှောက်

Posted by drmyochit Wednesday, June 27, 2012, under | No comments

 တောင်ကိုရီးယားနိုင်ငံရှိကုန်တင်ကားမောင်းသူများ၏ သပိတ်မှောက်မှုများ နိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေစဉ် အ တွင်း သယ်ယူပို့ဆောင်ရေးကို  အနှောင့်အယှက်ဖြစ်စေမှု  များနည်းနိုင်သမျှ နည်းစေရေးကူညီရန်အ တွက် ယာဉ်  များနှင့် ယာဉ်မောင်းများကို ဆိပ်ကမ်းများသို့ ထောက်ပံ့သွားမည်ဖြစ်ကြောင်း စစ်ဘက်မှ ဇွန် လ ၂၆ ရက်နေ့တွင်ပြောကြား ခဲ့ပါသည်။

နိုင်ငံတောင်ပိုင်းတွင်းရှိ  Busan နှင့် Gwangyang  တို့ရှိ ဆိပ်ကမ်းများ အပါ  အ၀င် အဓိက ဆိပ်ကမ်းများတွင် ကွန်တိန်နာယာဉ် ၁၀၀ စီးနှင့် ယာဉ်မောင်း ၂၀၀ ဦးကို ထားပေး မည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။ သပိတ်မှောက်နေစဉ်ကာလအတွင်း အထူး      ယာဉ်မောင်းများသည် ဒေသဆိုင်ရာဆိပ်ကမ်း အာဏာပိုင်များနှင့် နီးကပ်စွာ ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။  အဖွဲ့ဝင် ၃၅၀ç၀၀၀ ရှိသည့် ကုန်တင်ကား မောင်းသူများ သမဂ္ဂသည် ကုန် တင်ဆောင်   ခများတိုးမြှင့်ရရှိရေးနှင့် စက်သုံးဆီဈေးနှုန်းများလျှော့ချရေးကို တောင်းဆိုရန် ဇွန်လ ၂၅ ရက်နေ့တွင် စတင်သပိတ်မှောက်ခဲ့ပါသည်။

 ပြည်ထဲရေး၊   ကုန်းလမ်းပို့ဆောင်ရေးနှင့်   ရေကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန မှ ၎င်းတို့ သပိတ်မှောက်သောနေ့တွင်ပင်   ထောက်ပံ့ ပို့ဆောင်ရေး ဆိုင်ရာ  အကူအညီများတောင်းခံခဲ့ကြောင်း  ကာကွယ်ရေး  ၀န်ကြီးဌာနမှ အရာရှိတစ်ဦးက   ပြောကြား ခဲ့ပါသည်။ မှတ်ပုံတင် ထားသော ကုန်တင် ယာဉ်မောင်းများ၏ ၁၆ ရာခိုင်နှုန်း အရေအတွက်အားဖြင့် ယဉ်မောင်း ၁၇၆၇ ဦးသည် ဇွန်လ ၂၅ ရက်နေ့ ၁၀ နာရီတွင်ပြုလုပ်သည့် သပိတ်မှောက်မှုတွင် ပါဝင်ခဲ့ ကြပါသည်။
Yonhapnews.com;

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်