Wednesday, June 27, 2012

အီဂျစ်စစ်ဘက်သည် သမ္မတအသစ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုဆို

Posted by Anonymous Wednesday, June 27, 2012, under | No comments


 ဇွန်လ၂၇ရက်။၂၀၁၂ခုနှစ်။

အီဂျစ်စစ်ဘက်အဆင့်မြင့်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်ကြီး ဟူစိန်တန်တာဝီက နိုင်ငံတည်ငြိမ်အေးချမ်းမှု ရရှိစေရန် သမ္မတအသစ်မိုဟာမက်မော်စီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၂၅ ရက်နေ့က ပထမဆုံးအကြိမ်ပြုလုပ်သည့် သမ္မတအသစ်နှင့်ဆွေးနွေးပွဲတွင် ကတိပြုပြောကြားခဲ့သည်ဟု Xinhua  သတင်းတစ်ရပ်အရသိရှိရ ပါသည်။

၎င်းအချိန်တွင် ယာယီဝန်ကြီးချုပ် ကမေးလ်အယ်လ် ဂန်ဇူရီသည် ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်းအရ နုတ်ထွက်ခွင့် တင်ခဲ့ပါသည်။ သို့သော် ၎င်း၏နုတ်ထွက်ခွင့်နှင့်ပတ်သက်၍ ဗိုလ်ချုပ်ကြီးတန်တာဝီက သမ္မတသစ်ကျမ်းကျိန်ပြီးသည့်တိုင်အောင် နှင့်အစိုးရအသစ်ဖွဲ့စည်းပြီးသည့်တိုင်အောင် ဆက်လက်တာဝန် ထမ်းဆောင်ရန်တိုက်တွန်းပြောကြားခဲ့ပါသည်။ 
ထို့အပြင် ဂန်ဇူရီ သည် မူဘာရက်နုတ်ထွက်သွားပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် နိုင်ငံ၏လုံခြုံရေးနှင့်စီးပွားရေးဆိုင်ရာ နောက်ဆုံးအခြေအနေများအားတင်ပြရန် သမ္မတအသစ်မော်စီနှင့် ဇွန်လ ၂၅ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။ မော်စီသည် ကျမ်းသစ္စာကျိန်ဆိုမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရှေ့မှောက်တွင် ပြုလုပ်သွားမည် ဖြစ်ပြီး စစ်ဘက်အဆင့်မြင့်ကောင်စီသည် ဇွန်လ ၃၀ ရက်နေ့တွင် မော်စီအား အာဏာလွှဲပြောင်းပေးသွားမည် ဖြစ်ပါသည်။ 

သို့သော်စစ်ဘက်အဆင့်မြင့်ကောင်စီ၏ ဇွန်လ ၁၇ ရက်နေ့ကထုတ်ပြန်ကြေညာခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာနောက်ဆက်တွဲကြေညာချက်အရ စစ်ဘက်အဆင့်မြင့်ကောင်စီသည် အောက်လွှတ်တော်အား ဖျက်သိမ်းပြီးနောက်တွင် ဥပဒေပြုရေးအာဏာအား ပြန်လည်ရယူသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ 

Chinaview    

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်